Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဩစတြေးလျမှာ နှစ်ဦး သဘောတူပြီး လူတစ်ဦး ခြေထောက်ကို တခြားတစ်ယောက် ဖြတ်တောက်

ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ သေဆုံးသူနဲ့ တရားခံက အချင်းချင်း သိကျွမ်းကြကြောင်း ဖော်ပြ ပါရှိပါတယ်။ သူတို့နှစ်ယောက်ဟာ ပန်းခြံကို ကားမောင်းပြီး အတူလာခဲ့ကြကြောင်း၊ နောက်တော့ မိနစ် ၂၀ အကြာမှာ အမျိုးသားကြီးရဲ့ ဒူးခေါင်း အောက်ပိုင်းကို တရားခံက လွှစက်သုံးပြီး ဖြတ်တောက်ခဲ့ကြောင်း သိရပါတယ်။

ဩစတြေးလျ နိုင်ငံမှာ နှစ်ဦး သဘောတူ ညှိနှိုင်းမှုအရ လူတစ်ဦးရဲ့ ခြေထောက်ကို တခြားတစ်ယောက်က ဖြတ်ပစ်ခဲ့ကြောင်း သိရပါတယ်။

ကွင်းစလန်းပြည်နယ် ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၉ ရက် မနက်အစောပိုင်း ဖြစ်စဉ်နဲ့ ပတ်သက်လို့ အသက် ၃၆ နှစ်အရွယ် အမျိုးသား တစ်ဦးကို လူသတ်မှုနဲ့ ဖမ်းဆီးထားကြောင်း ကြေညာပါတယ်။ ခြေထောက် အဖြတ်ခံရတဲ့ အသက် ၆၆ နှစ်အရွယ် အမျိုးသားကြီးကတော့ ဒဏ်ရာကြောင့် သေဆုံးသွားပါတယ်။

ကွင်းစလန်းပြည်နယ် မြောက်ပိုင်းက အင်းနစ်ဖေးလ်မြို့က ပန်းခြံ တစ်ခုမှာ ခြေတစ်ဖက်ပြတ်ပြီး သွေးသံရဲရဲနဲ့ လူတစ်ယောက် သေနေတာကို လမ်းသွားလမ်းလာ တစ်ဦးက တွေ့ရှိပြီး ရဲတပ်ဖွဲ့ဆီ အကြောင်းကြားခဲ့တာပါ။ သိပ်မကြာခင်မှာပဲ ရဲတွေက တရားခံကို ဖမ်းမိခဲ့ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ သေဆုံးသူနဲ့ တရားခံက အချင်းချင်း သိကျွမ်းကြကြောင်း ဖော်ပြ ပါရှိပါတယ်။ သူတို့နှစ်ယောက်ဟာ ပန်းခြံကို ကားမောင်းပြီး အတူလာခဲ့ကြကြောင်း၊ နောက်တော့ မိနစ် ၂၀ အကြာမှာ အမျိုးသားကြီးရဲ့ ဒူးခေါင်း အောက်ပိုင်းကို တရားခံက လွှစက်သုံးပြီး ဖြတ်တောက်ခဲ့ကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

သူတို့နှစ်ဦးဟာ တစ်ခုခု သဘောတူညီမှု ယူထားခဲ့တယ်လို့ ရဲတွေက ပြောပေမယ့် အသေးစိတ် အကြောင်းအရာကိုတော့ စုံစမ်းနေဆဲပါ။ နောက်တော့ တရားခံက အမျိုးသားကြီးကို ကားဆီ ပြန်ရောက်လာအောင် ကူညီပြီး တွဲခေါ်လာပါတယ်။ ကားပေါ် ပို့ပြီးတဲ့နောက် တရားခံ အမျိုးသားက ခြေလျင် ထွက်ခွာသွားခဲ့ပါတယ်။

သူ့ရဲ့ ရဲလုပ်သက် ၃၄ နှစ်တာအတွင်း ဒီလို အခြေအနေမျိုး တစ်ခါမှ မကြုံဖူးဘူးလို့ စုံထောက်အရာရှိ ဂယ်ရီ ဟန်တာက သတင်းထောက်တွေကို ပြောပါတယ်။ အခုလိုမျိုး နှစ်ဦး သဘောတူညီမှုနဲ့ ခြေထောက် ဖြတ်ပစ်တဲ့ နောက်ကွယ်က အကြောင်းရင်းတွေကို သူလည်း အရမ်းသိချင်မိတယ်လို့ ဟန်တာက ဆိုပါတယ်။ တရားခံကို ရဲတွေက ထိန်းသိမ်းထားပြီး ဖေဖော်ဝါရီ ၂၁ ရက်မှာ တရားရုံး ထွက်ချက် စယူမယ်လို့လည်း သိရှိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဩစတြေးလျက လေဆိပ်တစ်ခုမှာ လေယာဉ်ငယ်တစ်စီး ပျက်ကျခဲ့တာကြောင့် အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသဆီကို ဒုံးကျည်တွေ ပေးပို့သွားမှာ ဖြစ်ပေမယ့် အီရန်ကို တိုက်ခိုက်ဖို့ ခြေလျင်တပ်တွေတော့ စေလွှတ်မှာ မဟုတ်ဘူးလို့ ဩစတြေးလျ အစိုးရက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရေကြီးမှုတွေအပြီး ဩစတြေးလျ မြောက်ပိုင်းနယ်မြေတွေမှာ မိကျောင်းအန္တရာယ် သတိထားကြဖို့ ဒေသခံတွေကို အာဏာပိုင်တွေက နှိုးဆော်ထားပါတယ်။

သတင်း

ဩစတြေးလျနိုင်ငံရောက် မြန်မာ့အရေးတက်ကြွသူတွေက ကန်ဘာရာမြို့ရှိ စစ်ကောင်စီသံရုံးရှေ့မှာ စစ်တပ်ရွေးကောက်ပွဲ ကန့်ကွက်ဆန္ဒပြကြောင်း ဒီနေ့(ဇန်နဝါရီ ၂၅ရက်)ပြုလုပ်ခဲ့ပါတယ်။