Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လူနာကိုလက်သီးနဲ့ ထိုးတဲ့ အိန္ဒိယဆရာဝန်ဆေးကုသခွင့်ဆိုင်းငံ့ခံရ

လူနာကို လက်သီးနဲ့ အငြှိုးတကြီး ထိုးခဲ့တဲ့ အိန္ဒိယ ဆရာဝန်ဟာ ဆေးကုသခွင့် ဆိုင်းငံ့ခံထားရကြောင်း သိရှိရပါတယ်။

Screenshot

ဒီဇင်ဘာ -၂၄ ၊၂၀၂၅

လူနာကို လက်သီးနဲ့ အငြှိုးတကြီး ထိုးခဲ့တဲ့ အိန္ဒိယ ဆရာဝန်ဟာ ဆေးကုသခွင့် ဆိုင်းငံ့ခံထားရကြောင်း သိရှိရပါတယ်။

အိန္ဒိယမြောက်ပိုင်း၊ရှင်မ်လာမြို့က အင်ဒီရာဂန်ဒီ ဆေးကောလိပ် (IGMC) ဆေးရုံက ဆရာဝန် တစ်ဦးဖြစ်သူ ဒေါက်တာ ရက်ဂ်ဟက်ဗ် နာရူလာက ကုတင်ပေါ်မှာ ရှိနေတဲ့ လူနာတစ်ဦးကို လက်သီးနဲ့ အဆက်မပြတ် လိုက်ထိုးနေခဲ့တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် လျင်လျင်မြန်မြန် ပျံ့နှံ့သွားခဲ့ပါတယ်။

ဒီဇင်ဘာ ၂၂ ရက်နေ့ ဖြစ်စဉ်မှာ သူဟာ အသက် ၃၆ နှစ်အရွယ် အာဂျွန် ပန်ဝါနဲ့ စကားများရာက ကိုယ်ထိလက်ရောက် ရန်ပြုခဲ့တာလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပန်ဝါဟာ အသက်ရှူရခက်တဲ့ အခြေအနေကြောင့် ဆေးရုံတက်ခဲ့တဲ့နောက် လိုအပ်တဲ့ စစ်ဆေးမှုတွေ ခံယူပြီး ကုတင်ပေါ်မှာ လှဲလျောင်း အနားယူနေခဲ့ပါတယ်။

အဲဒီနောက် ဒေါက်တာ နာရူလာက ပန်ဝါနဲ့ စကားပြောခဲ့ရာမှာ မင်းနဲ့ငါနဲ့ သဘောမျိုး သုံးနှုန်းခဲ့ပါတယ်။ ဆရာဝန်က အသုံးပြုတဲ့ နာမ်စားဟာ လူစိမ်းတွေနဲ့ ပြောဆိုရာမှာရိုင်းသလိုဖြစ်နေတာကြောင့်ပန်ဝါက လေးလေးစားစား စကားပြောဖို့ တောင်းဆိုရာက ပြဿနာ စခဲ့တာလို့ အိန္ဒိယ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

အဲဒီနောက် ဆရာဝန်က သူ့ကို စပြီး လက်သီးနဲ့ ထိုးခဲ့တယ်လို့ ပန်ဝါက ပြောပါတယ်။ သူအနားယူနေတဲ့အချိန် ဒေါက်တာ နာရူလာ ရောက်လာပြီး ဆေးမှတ်တမ်းကို တောင်းခဲ့ကြောင်း၊ ဆရာဝန်ရဲ့ စကားလုံး အသုံးအနှုန်းကရင့်သီးသလိုဖြစ်နေလို့ပြင်ဆင်ပေးဖို့စောဒကတက်ခဲ့ရာကနေ ဆရာဝန်က သူ့ကို စပြီး ထိုးကြိတ်ခဲ့ကြောင်း ပန်ဝါက ဆိုပါတယ်။

ဗီဒီယိုထဲမှာတော့ပန်ဝါဟာကုတင်ပေါ်မှာရှိနေရင်းဒေါက်တာနာရူလာရဲ့လက်သီးချက်တွေကိုရှောင်တိမ်းဖို့၊ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ အသည်း အသန် ကြိုးစားနေခဲ့ပြီး တခြားဆရာဝန် တစ်ဦးက အခြေအနေက ဝင်ထိန်းဖို့ ကြိုးစားနေတာ တွေ့ခဲ့ရပါတယ်။

ပန်ဝါဟာ ဒေါက်တာ နာရူလာ ထိုးလိုက်လို့ နှာခေါင်းသွေး ထွက်သွားခဲ့ပြီး အဲဒီနောက် ရဲဆီမှာ တိုင်ချက်ဖွင့်ခဲ့တယ်လို့ ဆိုပါတယ်။ လူနာရဲ့ ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေကလည်း ဆေးရုံရှေ့မှာ စုဝေးပြီး ဆရာဝန်ကို ဖမ်းပေးဖို့ ဆန္ဒပြ တောင်းဆိုခဲ့ပါတယ်။ ပြီးတော့ တိကျတဲ့ အရေးယူမှုမျိုး မရှိရင် ဆေးရုံကိုတောက်လျှောက်ဆက်ပြီးဆန္ဒပြနေမယ်လို့သူတို့က ခြိမ်းခြောက်ခဲ့ပါတယ်။

နောက်တော့IGMCကကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာမှာ ဒေါက်တာ နာရူလာကို တာဝန်တွေကနေ ဆိုင်းငံ့ထားလိုက်ပြီး နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုတွေ စတင် လုပ်ဆောင်နေကြောင်း ဖော်ပြထားပါတယ်။

ကနဦး စစ်ဆေးချက်တွေ အရတော့ ဒေါက်တာ နာရူလာဟာ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး အမှန်တကယ် အပြစ်ရှိတယ် ဆိုတာကို ဖော်ထုတ် တွေ့ရှိထားကြောင်း ဆေးရုံဖက်က ဆိုပါတယ်။

အခုဖြစ်စဉ်ကိုမြို့ခံရဲတပ်ဖွဲ့ကလည်းသီးခြားစုံစမ်းနေတယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒေါက်တာ နာရူလာကတော့ သူက ရန်စခဲ့တာ မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

လူနာကသူ့ကိုရိုင်းရိုင်းစိုင်းစိုင်းစတင် ဆက်ဆံခဲ့ကြောင်း၊ သူ့ဖက်ကလည်း ရဲတိုင်ပြီး အမှုဖွင့်ဖို့ စီစဉ်ထားကြောင်း ဒေါက်တာ နာရူလာက ပြောကြားခဲ့ပါတယ်။

ကိုးကား – The Sun

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံရဲ့ animation လေ့ကျင့်ရေး သင်တန်းကျောင်း အဆောက်အအုံတစ်ခုမှာ အကြီးအကျယ် မီးလောင်လို့ သင်တန်းသား လူငယ် အများစု အပါအဝင် ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို လေ့ကျင့်ပေးတဲ့ အလုပ်က ပိုမိုကျယ်ပြန့်လာနေပါတယ်။ နောင်တစ်ချိန်မှာ AIဟာ သူတို့ရဲ့ အလုပ်နေရာတွေကို အစားထိုး ယူသွားမလား ဆိုတာကို စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း AI လေ့ကျင့်ရေး ဝန်ထမ်းတွေကတော့ အဲဒီ နည်းပညာသစ်ကို နည်းလမ်းမျိုးစုံနဲ့ လေ့ကျင့်...