Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မျက်နှာစုံညီ ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ကျေနပ်ကြောင်း ဘိုင်ဒန်နဲ့ ပူတင်တို့ အသီးသီး ထုတ်ပြန်

မျက်နှာစုံညီ တွေ့ဆုံ ဆွေးနွေးမှုနဲ့ ပတ်သက်လို့ ကျေနပ်မိကြောင်း အမေရိကန်နဲ့ ရုရှား သမ္မတတွေက အသီးသီး ထုတ်ပြန် ကြေညာခဲ့ပါတယ်။

၂၀၁၈ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံရဲ့ ခေါင်းဆောင်တွေ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ တွေ့ဆုံခဲ့ကြတာပါ။ ဇွန်လ ၁၆ ရက် ဆွေးနွေးပွဲဟာ ၃ နာရီလောက် ကြာမြင့်ခဲ့ပြီး အပြုသဘော ဆောင်ခဲ့တယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ရော၊ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကပါ ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့လည်း နှစ်နိုင်ငံကြား သဘောထား ကွဲလွဲမှုတွေကို ဖြေရှင်းနိုင်မှုကတော့ ပါးပါးလျလျသာ ရှိခဲ့လိမ့်မယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

ဘိုင်ဒန်က ဆွေးနွေးပွဲမှာ အမြင်မတူမှုတွေ ရှိနေဆဲ ဆိုတာကို အသိအမှတ် ပြုခဲ့ပေမယ့် တင်းတင်းမာမာတော့ မဟုတ်ကြောင်း၊ ရုရှားကလည်း နောက်တစ်ကြိမ် စစ်အေးတိုက်ပွဲခေတ် အားပြိုင်မှုမျိုးကို မလိုလားကြောင်း ဆိုပါတယ်။

ပူတင်ကလည်း ဘိုင်ဒန်ဟာ နိုင်ငံရေး အတွေ့အကြုံ ရင့်ကျက်လွန်းသူ တစ်ဦးလို့ မှတ်ချက်ပေးခဲ့ပြီး သူတို့နှစ်ဦးကြား တူညီတဲ့ လိုလား ချဉ်းကပ်မှုတွေနဲ့ စကားပြောခဲ့ကြကြောင်း မှတ်ချက် ပေးသွားပါတယ်။

Public Service Announcement

Public Service Announcement

မူလ အစီအစဉ်အရ ခေါင်းဆောင်နှစ်ဦး ဆွေးနွေးမယ့် အချိန်ဟာ ၃ နာရီထက် ပိုကြာဖို့ ရှိပေမယ့် အချိန်စောပြီး အဆုံးသတ်ခဲ့ပါတယ်။ ဘိုင်ဒန်က သူနဲ့ ပူတင်တို့ကြားမှာ နောက်ထပ် ပြောဆိုစရာ ကိစ္စတွေ မရှိတော့လို့ ဆွေးနွေးပွဲ ကြာမြင့်ချိန် တိုတောင်းသွားခဲ့တာလို့ ဆိုပါတယ်။

ပူတင်ဟာ ၂၀၁၈ တုန်းက အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ ဖင်လန်နိုင်ငံ၊ ဟယ်လ်ဆင်ကီးမြို့မှာ တွေ့ဆုံခဲ့ပြီး အဲဒီနောက်ပိုင်း နှစ်နိုင်ငံ ခေါင်းဆောင်ချင်း မျက်နှာစုံညီ တွေ့ဆုံမှု မရှိတော့ပါဘူး။ ဘိုင်ဒန်နဲ့ ပူတင်တို့ တွေ့ဆုံခဲ့ချိန်မှာ နျူကလီးယား လက်နက် ထိန်းချုပ်ရေး ကိစ္စတွေ ပြန်လည် စတင် ဆွေးနွေးဖို့၊ နှစ်နိုင်ငံ မြို့တော်တွေမှာ သံအရာရှိတွေ ပြန်လည် ထားရှိဖို့ အစရှိတဲ့ ကိစ္စတွေ ပါဝင်ခဲ့တယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားနိုင်ငံ၊ မော်စကို မြို့တော်မှာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။