Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်ရဲ့ လူမှုကွန်ရက် မီဒီယာ ဝက်ဘ်ဆိုက်သစ် စတင်လည်ပတ်တဲ့နေ့မှာပဲ ဆိုက်ဘာတိုက်ခိုက်မှု ကြုံတွေ့

ထရမ့်ဟာ Twitterနဲ့ Facebookတို့လို ကမ္ဘာကျော် လူမှုကွန်ရက် မီဒီယာတွေမှာ အပိတ်ပင် ခံခဲ့ရတဲ့နောက် ကိုယ်ပိုင် လူမှုကွန်ရက်ဖြစ်တဲ့ Gettrကို ဖန်တီးခဲ့တာပါ။ ထရမ့်ရဲ့ လူယုံတော် အဖွဲ့က ဦးဆောင် လည်ပတ်မယ့် Gettrကို ပြီးခဲ့တဲ့ ရက်ပိုင်းကမှ တိုးတိုးတိတ်တိတ် ဖွင့်လှစ် အသုံးပြုစေခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့် ပိုင်ဆိုင်တဲ့ ကိုယ်ပိုင် လူမှုကွန်ရက် မီဒီယာ အသစ်ဟာ စတင် လည်ပတ်တဲ့ နေ့မှာပဲ ဆိုက်ဘာ တိုက်ခိုက်မှုတွေ ခံခဲ့ရကြောင်း သိရပါတယ်။

ထရမ့်ရဲ့ အကြံပေး အရာရှိဟောင်း ဂျေဆန်မီလာ ဦးစီးနေတဲ့ Gettr ဝက်ဘ်ဆိုက်ဟာ စတင်လည်ပတ်တဲ့ နေ့မှာပဲ ဟက်ကာတွေရဲ့ ထိုးဖောက်မှုကြောင့် လုံခြုံရေး အစီအမံတွေ ပျက်စီးခဲ့တယ်လို့ Reuters သတင်းဌာနက ဖော်ပြသွားပါတယ်။

အဲဒီ ပြဿနာကို သိသိချင်းမှာပဲ ဝက်ဘ်ဆိုက်ရဲ့ အိုင်တီ ပညာရှင်တွေက ပြန်လည် ပြင်ဆင်နိုင်ခဲ့ကြောင်း၊ ဒါပေမဲ့ မိနစ်ပိုင်းလောက် အချိန်လေးမှာတင် ဟက်ကာတွေက လူမှုကွန်ရက် အသုံးပြုသူ တချို့ရဲ့ နာမည်တွေကို ပြောင်းလဲသွားခဲ့ကြောင်း မီလာက အတည်ပြုခဲ့ပါတယ်။

မီလာက ဝက်ဘ်ဆိုက် စတင်လည်ပတ်ပြီး ၂၄ နာရီအတွင်း သုံးစွဲသူ ငါးသိန်းကျော် ရှိလာကြောင်းနဲ့ အခုတော့ နည်းပညာ လုံခြုံရေး ကဏ္ဍကို ပိုမို တိုးမြှင့်ထားကြောင်း ပြောကြားသွားပါတယ်။ အဲဒီ လူမှုကွန်ရက်ဟာ ကမ္ဘာ့လူထု တစ်ရပ်လုံးအတွက် ဘက်မလိုက်ဘဲ ရပ်တည်မယ်လို့ ကြေညာထားပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်ဟာ Twitterနဲ့ Facebookပေါ်မှာ အငြင်းပွားစရာ ရေးသား ဖော်ပြမှုတွေကြောင့် လူမှုကွန်ရက် သုံးစွဲခွင့် ပိတ်ပင်ခံခဲ့ရတာပါ။ သူ့ရဲ့ အရေးအသားတွေက ဇန်နဝါရီ ၆ ရက်၊ အမေရိကန် လွှတ်တော် စီးနင်းခံရတဲ့ ဖြစ်ရပ်မျိုးတွေဆီ ဦးတည်စေခဲ့ကြောင်း ကမ္ဘာကျော် လူမှုကွန်ရက် ကုမ္ပဏီကြီးတွေက ဝေဖန် စွပ်စွဲထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)တွေရဲ့ ကြော်ငြာတွေကို စိစစ်တားမြစ်ပေးဖို့ ပျက်ကွက်တဲ့အတွက် လူမှုကွန်ရက် မီဒီယာ Facebookရဲ့ မိခင်ကုမ္ပဏီ Metaကို တရားစွဲဆိုဖို့ ထိုင်းအာဏာပိုင်တွေက ပြင်ဆင်နေပါတယ်။

နိုင်ငံတကာ

အမေရိကန်နဲ့ ရုရှား သမ္မတတွေ ဖုန်းဆက်ပြီး ဆွေးနွေး စကားပြောခဲ့ကြကြောင်း ရုရှား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ ရေလမ်းကြောင်းတွေကို ပိတ်ဆို့ထားမှုက လနဲ့ချီ ဆက်လက် ကြာမြင့်နိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် ရှိနေတဲ့ ဟိုတယ်မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုဟာ ထရမ့်နဲ့ အစိုးရ အရာရှိကြီးတွေကို ပစ်မှတ်ထားဖို့ အကြံအစည်တစ်ခု ဖြစ်နိုင်ကြောင်း စုံစမ်းစစ်ဆေးရေး အရာရှိတွေက ပြောပါတယ်။