Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြန်မာ့အရေး အာဆီယံ ဝင်ရောက် ဖြေရှင်းပေးမှုကို ကြိုဆိုကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးပြော

ဇူလိုင် ၆ ရက်က ရုရှား နိုင်ငံခြားရေး ဝန်ကြီးရဲ့ သဘောထား ထုတ်ပြန်ချက်မှာ အာဆီယံရဲ့ မြန်မာ့အရေး ဘုံသဘောတူညီမှု ၅ ချက် အပြည့်အဝ ဖော်ဆောင်နိုင်ရေးကို အားပေး ထောက်ခံကြောင်း ဖော်ပြထားပါတယ်။

မြန်မာ့နိုင်ငံရေး အကျပ်အတည်းမှာ အာဆီယံရဲ့ သံတမန်ရေးအရ ပါဝင် ကူညီ ဖြေရှင်းပေးမှုတွေကို ရုရှား အစိုးရက အလေးအနက် ထောက်ခံ သဘောတူတယ်လို့ မှတ်ချက် ပေးသွားပါတယ်။

ဇူလိုင် ၆ ရက်က ရုရှား နိုင်ငံခြားရေး ဝန်ကြီးရဲ့ သဘောထား ထုတ်ပြန်ချက်မှာ အာဆီယံရဲ့ မြန်မာ့အရေး ဘုံသဘောတူညီမှု ၅ ချက် အပြည့်အဝ ဖော်ဆောင်နိုင်ရေးကို အားပေး ထောက်ခံကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် ရုရှားရဲ့ အခု သဘောထားကို အာဏာသိမ်း မြန်မာ စစ်အစိုးရဆီလည်း အသိပေးထားပြီးပြီလို့ နိုင်ငံခြားရေး ဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်က ဆိုပါတယ်။

ရုပ်ပျက်ဆင်းပျက် ဖြစ်လွန်းတဲ့ အာဏာသိမ်းမှုအပြီး နိုင်ငံတကာ ဖိအားတွေနဲ့ အပြင်းအထန် ကြုံနေရတဲ့ မြန်မာ စစ်တပ် အတွက်တော့ ရုရှားဟာ အဓိက အားပေး ထောက်ခံတဲ့ အင်အားကြီး နိုင်ငံအဖြစ် ရှိနေပါတယ်။ ဧပြီလတုန်းက အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ဟာ မြန်မာ့အရေး တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ဘုံသဘောတူညီချက် ၅ ရပ်ကို ညှိနှိုင်း အတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံထားရတဲ့ ခေါင်းဆောင်တွေ ပြန်လည် လွတ်မြောက်ရေးဆိုတဲ့ တောင်းဆိုချက်မျိုး ချန်လှပ်ထားတဲ့အတွက် ဝေဖန်သံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့ပါသေးတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ကို ရောက်ရှိနေတဲ့ ခရီးစဉ် အတောအတွင်း လက်ဗ်ရော့ဗ်က ရုရှား အစိုးရရဲ့ သဘောထားကို ပြောကြားသွားပါတယ်။ မြန်မာ ခေါင်းဆောင်တွေ၊ စစ်ခေါင်းဆောင်တွေနဲ့လည်း ဆက်သွယ် ဆွေးနွေးပြီး ဖြစ်ကြောင်း၊ ရုရှားရဲ့ အမြင်အရ ဒီကိစ္စမှာ အာဆီယံရဲ့ အခန်းကဏ္ဍကို မြှင့်တင်သင့်တယ်လို့ ယူဆကြောင်း၊ ပုံမှန် အခြေအနေတွေ ပြန်ဖြစ်လာဖို့ဆိုရင် လတ်တလော ပဋိပက္ခတွေကို ဖြေရှင်းဖို့ အခြေခံ အကျဆုံး လိုအပ်နေကြောင်း လက်ဗ်ရော့ဗ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်၊ စစ်တပ် အာဏာသိမ်းမှု နောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍပေါင်းစုံ ယိမ်းယိုင် ပြိုလဲမှုတွေနဲ့ ကြုံနေရပါတယ်။ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ နိုင်ငံ အများစုက မြန်မာစစ်တပ်ကို လက်နက်ရောင်းချခွင့် ပိတ်ပင်ဖို့ အဆိုပြုခဲ့ပေမယ့် ရုရှားကတော့ လက်ရှိ အချိန်ထိ စစ်လက်နက်တွေ ဆက်ပြီး ရောင်းချပေးနေဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။