Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်လုပ် စစ်လက်နက်တွေနဲ့ ဟန်ရေးပြနေတဲ့ တာလီဘန်တွေ

အာဖဂန် နစ္စတန် နိုင်ငံရဲ့ မြို့တော် ကဘူးလ်ကို သိမ်းပိုက်လိုက်တဲ့နောက် တာလီဘန် စစ်သွေးကြွတွေဟာ အမေရိကန်လုပ် စစ်လက်နက် ပစ္စည်း အမြောက်အမြားကို ရရှိသွားခဲ့ပါတယ်။

အခု သီတင်းပတ်မှာတော့ တာလီဘန်တွေက အဖြူရောင် တူညီဝတ်စုံ ယူနီဖောင်းတွေ ဝတ်ထားပြီး အမေရိကန်လုပ် ရိုင်ဖယ် သေနတ်တွေ ကိုင်ဆောင်ရင်း ဟန်ရေးပြနေတဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာပါတယ်။ တာလီဘန်တွေဟာ အမေရိကန်လုပ် Humvee စစ်ကားတွေကို စီးပြီး ကဘူးလ်မှာ လှည့်လည်နေတာကိုလည်း တွေ့နိုင်ပါတယ်။

အမေရိကန် အစိုးရဟာ အာဖဂန်မှာ တပ်စွဲထားတဲ့ နှစ်ပေါင်း ၂၀ အတွင်း အာဖဂန် စစ်တပ်အတွက် လက်နက်ပစ္စည်းတွေ အမြောက်အမြား ဖြည့်တင်း ထောက်ပံ့ပေးခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန် တပ်တွေ ရုပ်သိမ်းသွားပြီး တာလီဘန်တွေက ထိုးစစ်အရှိန် မြှင့်တင်လာတဲ့ အချိန်မှာတော့ အာဖဂန် စစ်တပ်က စိတ်အားထက်ထက်သန်သန် ခုခံ တိုက်ခိုက်တာမျိုး မရှိခဲ့ပါဘူး။

ဒါကြောင့် လပိုင်းအတွင်း နိုင်ငံရဲ့ အဓိက မြို့ကြီး အားလုံးလိုလိုကို တာလီဘန်တွေကို သိမ်းယူလိုက်ပြီး အမေရိကန်လုပ် စစ်လက်နက် အမြောက်အမြားကိုပါ ရရှိသွားခဲ့ပါတယ်။ လေ့လာသူတွေကတော့ အမေရိကန် လက်နက်တိုက်တွေကို ရှာတွေ့သွားပြီဆိုရင် လက်နက်ငယ်တွေ ဆိုတာ တာလီဘန်တွေအတွက် အလျှံအပယ် ဖြစ်နေလိမ့်မယ်လို့ မှတ်ချက် ပေးခဲ့ကြပါတယ်။

တာလီဘန်တွေ အနေနဲ့ မိုင်းဒဏ် ခံနိုင်တဲ့ ခေတ်မီ စစ်တပ် သယ်ယူပို့ဆောင်ရေး ယာဉ်တွေကိုပါ သိမ်းယူနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်ရဲ့ Black Hawk ရဟတ်ယာဉ်တွေနဲ့ တခြား စစ်လေယာဉ် တချို့ပါ တာလီဘန်တွေ လက်ထဲ ကျရောက်နေလောက်ပြီဆိုတဲ့ ခန့်မှန်းချက်တွေလည်း ရှိနေပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကတော့ အာဖဂန်ကနေ တပ်တွေ ပြန်ရုပ်သိမ်းစေခဲ့တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ကာကွယ်ခဲ့ပြီး အာဖဂန် အစိုးရနဲ့ စစ်တပ် ကိုယ်တိုင်က စစ်ပွဲအတွက် စိတ်ဓာတ် ထက်ထက်သန်သန် မရှိခဲ့ဘူးလို့ ပြစ်တင် ဝေဖန်ထားပါတယ်။ အမေရိကန် အနေနဲ့ အာဖဂန် စစ်တပ်ကို လိုအပ်တာ မှန်သမျှ ထောက်ပံ့ပေးခဲ့ကြောင်း၊ ဒါပေမဲ့ ပြည်တွင်းစစ်ကို အနိုင်တိုက်ချင်တဲ့ စိတ်ဓာတ်မျိုး အာဖဂန် စစ်သားတွေဆီမှာ ကိန်းအောင်းလာဖို့တော့ အမေရိကန် အစိုးရလည်း မတတ်နိုင်တဲ့ ကိစ္စဖြစ်ကြောင်း ဘိုင်ဒန်က ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။