Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အာဖဂန် စစ်ပွဲဟာ အမေရိကန်အတွက် အရှုံးသက်သက်လို့ ပူတင် မှတ်ချက်ပေး

အမေရိကန်ဟာ အာဖဂန်မှာ နှစ်ပေါင်း ၂၀ ကြာ အခြေစိုက် တပ်စွဲပြီး တာလီဘန် စစ်သွေးကြွတွေကို တိုက်ခိုက်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ တာလီဘန်တွေကသာ အာဖဂန် တစ်နိုင်ငံလုံးကို ပြန်လည် ထိန်းချုပ်သွားခဲ့ပါတယ်။

အမေရိကန်ရဲ့ အာဖဂန် နစ္စတန် စစ်ဆင်ရေးဟာ ဘာအောင်မြင်မှုမှ မရှိဘဲ ခါးသီးတဲ့ အရှုံးသက်သက်သာ ဖြစ်တယ်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ပြောကြားခဲ့ပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ ဆုံးဖြတ်ချက်အရ အာဖဂန်မှာ တပ်စွဲထားတဲ့ အမေရိကန် တပ်တွေအားလုံး ဩဂုတ်လ အကုန်မှာ ရုပ်သိမ်းခဲ့ပြီး ဖြစ်ပါတယ်။ အမေရိကန်ဟာ အာဖဂန်မှာ နှစ်ပေါင်း ၂၀ ကြာ အခြေစိုက် တပ်စွဲပြီး တာလီဘန် စစ်သွေးကြွတွေကို တိုက်ခိုက်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ တာလီဘန်တွေကသာ အာဖဂန် တစ်နိုင်ငံလုံးကို ပြန်လည် ထိန်းချုပ်သွားခဲ့ပါတယ်။

အာဖဂန်မှာ အမေရိကန် အနေနဲ့ ဘာမှ လက်ဆုပ်လက်ကိုင် အောင်မြင်မှု မရခဲ့သလို အသက်ပေါင်းများစွာ ဆုံးရှုံးရတဲ့ ဝမ်းနည်း ကြေကွဲစရာတွေသာ ကြုံခဲ့ရကြောင်း ပူတင်က ဆိုပါတယ်။ ပြီးတော့ အာဖဂန်ရဲ့ ခါးသီးတဲ့ အတွေ့အကြုံဟာ နိုင်ငံတစ်ခုရဲ့ ကိုယ်ပိုင် ဝိသေသတွေနဲ့ တန်ဖိုးတွေကို အလေးမထားဘဲ စွက်ဖက်လို့ အောင်မြင်နိုင်မှာ မဟုတ်ကြောင်း ညွှန်ပြနေတယ်လို့လည်း ပူတင်က ပြောကြားသွားပါတယ်။

နိုင်ငံ အရှေ့ပိုင်းက ပညာရေး စင်တာတစ်ခုမှာ ဆယ်ကျော်သက် လူငယ်တွေနဲ့ တွေ့ဆုံခဲ့ချိန်မှာ ပူတင်က အခုလို မှတ်ချက် ပေးခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်တွေက အာဖဂန်မှာ နှစ်ပေါင်း ၂၀ လောက် အခြေချပြီး ဒေသခံတွေကို ဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးစားခဲ့ကြောင်း၊ ဒါပေမဲ့ အာဖဂန် ပြည်သူတွေရဲ့ ဓလေ့ထုံးစံတွေ၊ အတွေးအခေါ်တွေနဲ့ အစပ်အဟပ် တည့်အောင် ညှိနှိုင်းဖို့တော့ ပျက်ကွက်ခဲ့ကြောင်း၊ အကျိုးဆက်ကတော့ ဘာအောင်မြင်မှုမှ မရခဲ့ဘဲ နှစ်ဖက်စလုံး အသက်တွေ အများကြီး ဆုံးရှုံးခဲ့ရတဲ့ ကြေကွဲစရာတွေနဲ့သာ အဆုံးသတ်သွားကြောင်း ပူတင်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အာဖဂန်က တပ်တွေ ရုပ်သိမ်းမှုအတွက် အမေရိကန် သမ္မတ ဘိုင်ဒန်အပေါ် ဝေဖန်မှုတွေ မြင့်တက်နေချိန်မှာ ပူတင်က အခုလို ဝေဖန်စကား ပြောကြားခဲ့တာပါ။ အာဖဂန်နဲ့ ပတ်သက်ရင် ရုရှားဟာလည်း အမေရိကန်လိုပဲ ခါးသီးတဲ့ အတွေ့အကြုံတွေ ပိုင်ဆိုင်ခဲ့ဖူးပါတယ်။ ဆိုဗီယက် ယူနီယံခေတ်က အာဖဂန်ကို ကျူးကျော်ခဲ့ပေမယ့် ၁၀ နှစ် အကြာ ၁၉၈၉ ခုနှစ်မှာတော့ ပြန်လည် ဆုတ်ခွာခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။