Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်မှာ ကာကွယ်ဆေး ထိုးပြီးသူတွေ Omicronဗိုင်းရပ်စ် ကူးစက်ခံရကြောင်း CDC အတည်ပြု

Omicron ကူးစက်ခံရတဲ့ လူနာတွေထဲမှာ ၁၄ ယောက်က Boosterဆေး တတိယ တစ်လုံးတောင် ထပ်ထိုးပြီးပြီလို့ ဆိုပါတယ်။ အဲဒီထဲမှာ ၅ ယောက်ကတော့ ဆေးထိုးပြီး ၁၄ ရက်အကြာ ကာကွယ်ဆေး အာနိသင် အပြည့်အဝ မပြသခင် ရောဂါ ကူးစက် ခံခဲ့ကြရတာလို့ CDCက ဆိုပါတယ်။

Omicron ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ တော်တော်များများဟာ ကာကွယ်ဆေး နှစ်ကြိမ် အပြည့်ထိုးထားသူတွေ ဖြစ်နေတယ်လို့ အမေရိကန် ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဌာန (CDC)က ပြောကြားလိုက်ပါတယ်။

အမေရိကန်မှာ Omicron ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ် ကူးစက်ထားကြောင်း အတည်ပြု တွေ့ရှိသူ ၄၃ ယောက်မှာ ၃၄ ယောက်က ကာကွယ်ဆေး နှစ်ကြိမ် အပြည့်ထိုးထားပြီးသားလို့ CDCက ဆိုပါတယ်။ အမေရိကန် အစိုးရဟာ အခုအခါမှာ နိုင်ငံသားတွေကို ကာကွယ်ဆေး တတိယတစ်လုံး Booster ထပ်ထိုးပေးဖို့ စီစဉ်နေပါတယ်။

Omicron ကူးစက်ခံရတဲ့ လူနာတွေထဲမှာ ၁၄ ယောက်က Boosterဆေး တတိယ တစ်လုံးတောင် ထပ်ထိုးပြီးပြီလို့ ဆိုပါတယ်။ အဲဒီထဲမှာ ၅ ယောက်ကတော့ ဆေးထိုးပြီး ၁၄ ရက်အကြာ ကာကွယ်ဆေး အာနိသင် အပြည့်အဝ မပြသခင် ရောဂါ ကူးစက် ခံခဲ့ကြရတာလို့ CDCက ဆိုပါတယ်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က Omicron မျိုးကွဲသစ်ကို စိုးရိမ်ရမယ့် ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ်တွေ စာရင်းထဲ ထည့်သွင်း သတ်မှတ်ထားလိုက်ပါတယ်။ တောင်အာဖရိက နိုင်ငံမှာ စတင် တွေ့ရှိခဲ့တဲ့ အဲဒီ မျိုးကွဲသစ်ဟာ မျိုးဗီဇ ပြောင်းလဲမှုတွေ အကြီးအကျယ် ဖြစ်ပေါ်နေပြီး ရှိရင်းစွဲ ကာကွယ်ဆေးတွေ အစွမ်းမထက်တော့မှာကို ပညာရှင်တွေက စိုးရိမ်နေပါတယ်။

Public Service Announcement

Public Service Announcement

WHOကတော့ လက်ရှိ သုံးစွဲနေတဲ့ ကာကွယ်ဆေးတွေဟာ Omicron ကူးစက်မှုကို အပြည့်အဝ မတားဆီးနိုင်ရင်တောင် ရောဂါ လက္ခဏာတွေ ပြင်းထန် မလာအောင်တော့ ဟန့်တားနိုင်ဦးမယ်လို့ မျှော်လင့်ကြောင်း ပြောကြားထားပါတယ်။

တခြားနိုင်ငံတွေမှာလိုပဲ အမေရိကန်က Omicron ကူးစက် ခံရသူ အားလုံးလိုလိုဟာ ချောင်းဆိုးတာ၊ မောပန်းတာ အစရှိတဲ့ အပျော့စား ရောဂါ လက္ခဏာတွေပဲ ခံစားခဲ့ရပြီး တစ်ဦးကတော့ နှစ်ရက်ကြာ ဆေးရုံ တက်ခဲ့ရပါတယ်။ အနံ့ပျောက်တာ၊ ဝမ်းပျက်တာ၊ အသက်ရှူရ ခက်တာ အစရှိတဲ့ လက္ခဏာတွေ ခံစားရသူတချို့ ရှိပေမယ့် အသက်အန္တရာယ် စိုးရိမ်ရတဲ့ အဆင့်ထိတော့ မရောက်ဘူးလို့လည်း သိရပါတယ်။

အမေရိကန်မှာ ထိုးနှံပေးနေတဲ့ ကာကွယ်ဆေးတွေဟာ လက်ရှိ WHOက ထောက်ခံ ခွင့်ပြုထားတဲ့ ကိုဗစ် ကာကွယ်ဆေးတွေထဲမှာ အစွမ်း အာနိသင် အထက်မြက်ဆုံး အမျိုးအစားတွေအဖြစ် သတ်မှတ် ခံထားရတာပါ။ ဒါပေမဲ့ Omicron ကူးစက်မှုတွေကို အပြည့်အဝ တားဆီးနိုင်စွမ်း မရှိသေးတာ တွေ့ရပါတယ်။

အမေရိကန်မှာ Omicron ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ လူနာကို ဒီဇင်ဘာ ၁ ရက် စတင် တွေ့ရှိခဲ့ပြီး ကာကွယ်ဆေး နှစ်ကြိမ် အပြည့်ထိုးထားသူ၊ တောင်အာဖရိက နိုင်ငံကို ခရီးသွားခဲ့ဖူးသူ တစ်ဦးလို့ သိရပါတယ်။ လက်ရှိ အချိန်ထိတော့ Omicron မျိုးကွဲ ကူးစက်မှုတွေက အမေရိကန်မှာ အချိုးအစား အရမ်းနည်းပါးနေဆဲဖြစ်ပြီး ကိုဗစ်လူနာ ၉၉ ရာခိုင်နှုန်းလောက်ဟာ Deltaမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတာလို့လည်း CDCက ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။