Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေးမှာ ကြက်ငှက်တုပ်ကွေး ကူးစက်မှုတွေကြောင့် ကြိုးကြာငှက် ကောင်ရေ ထောင်ချီသေဆုံး

ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ရဲ့ မျိုးကွဲတချို့ဟာ လူသားတွေဆီ ကူးစက် ရောက်ရှိနိုင်ပြီး အသက်အန္တရာယ်လည်း စိုးရိမ်ရပါတယ်။ ဒါပေမဲ့ လောလောဆယ် အစ္စရေးမှာတော့ ကြိုးကြာတွေကနေ လူသားတွေဆီ ရောဂါ ကူးစက်လာတဲ့ အခြေအနေမျိုး လုံးဝ မတွေ့ရသေးပါဘူး။

အစ္စရေး နိုင်ငံမှာ ကြက်ငှက်တုပ်ကွေးရောဂါ ပျံ့နှံ့ ဖြစ်ပွားနေပြီး ကြိုးကြာငှက်တွေ ထောင်နဲ့ချီ သေဆုံးနေကြောင်း သိရှိရပါတယ်။

အလေ့ကျ ရွှေ့ပြောင်းလေ့ရှိတဲ့ ဆောင်းခို ကြိုးကြာငှက် အကောင်ရေ ငါးထောင်ကျော် သေဆုံးခဲ့တဲ့နောက် လူတွေ သွားရောက် လည်ပတ်လေ့ရှိတဲ့ သဘာဝ သစ်တော ဧရိယာ တစ်ခုကို အာဏာပိုင်တွေက အဝင်အထွက် ယာယီ ပိတ်ပင်ထားလိုက်ပါတယ်။

ပြီးတော့ ရောဂါ ပျံ့နှံ့လာနိုင်ခြေကို ကြိုတင် တားဆီးတဲ့ အနေနဲ့ ဟူလာ ဘေးမဲ့တော ဧရိယာနဲ့ နီးစပ်တဲ့ မွေးမြူရေး ခြံတွေက ကြက်ဘဲတွေကို ဖျက်ဆီးပစ်မယ့် အစီအမံတွေလည်း စတင်နေပြီ ဖြစ်ပါတယ်။ အစ္စရေး ဝန်ကြီးချုပ် နက်ဖ်တာလီ ဘန်းနက်ဟာ ဒီပြဿနာကို အရေးပေါ် အခြေအနေ တစ်ခုလို သဘောထားနေပြီး အစိုးရ အဖွဲ့ရဲ့ နိုင်ငံတော် အကြံပေး အရာရှိရယ်၊ သက်ဆိုင်ရာ နယ်ပယ် အသီးသီးက ကျွမ်းကျင် ပညာရှင်တွေရယ်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ရဲ့ မျိုးကွဲတချို့ဟာ လူသားတွေဆီ ကူးစက် ရောက်ရှိနိုင်ပြီး အသက်အန္တရာယ်လည်း စိုးရိမ်ရပါတယ်။ ဒါပေမဲ့ လောလောဆယ် အစ္စရေးမှာတော့ ကြိုးကြာတွေကနေ လူသားတွေဆီ ရောဂါ ကူးစက်လာတဲ့ အခြေအနေမျိုး လုံးဝ မတွေ့ရသေးပါဘူး။

Public Service Announcement

Public Service Announcement

ဘေးမဲ့တောကို သွားရောက် လည်ပတ်ချိန်မှာ လူအရမ်းယဉ်တဲ့ ကျေးငှက်တွေကို ထိကိုင်ကြည့်မိတဲ့ ကလေးတွေကနေ ရောဂါ ကူးစက်တာတွေ ဖြစ်လာနိုင်တယ်လို့ အစ္စရေး မီဒီယာတွေက ဖော်ပြပါတယ်။ နိုင်ငံ သမိုင်းမှာတော့ အခုအခြေအနေဟာ သားရိုင်းတိရစ္ဆာန်တွေနဲ့ ပတ်သက်လို့ အဆိုးရွားဆုံး ဖြစ်စဉ် တစ်ခုလို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး တမ်မာ ဇန်းဘာ့ဂ်က Twitterမှာ ရေးသားထားခဲ့ပါတယ်။

လောလောဆယ်တော့ မွေးမြူရေး ခြံတွေမှာ ဖျက်ဆီးပစ်လိုက်ရတဲ့ ကြက်ကောင်ရေလည်း သိန်းဂဏန်းထိ များပြားလာပါပြီ။ ကြက်ခြံတွေမှာ ကြက်ကောင်ရေ နည်းသွားခြင်းနဲ့အတူ လတ်တလော စျေးကွက်ထဲမှာ ကြက်ဥတွေလည်း ရှားပါးသွားနိုင်ကြောင်း အာဏာပိုင်တွေက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိုက်ခိုက်မှုတွေကို ဆက်မလုပ်ဘဲ ရပ်နားထားမယ်လို့ အစ္စရေးနဲ့ အီရန်က အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

အပစ်ရပ်ထားတဲ့ ကာလအတွင်း အစ္စရေးနဲ့ အီရန်ကြားမှာ အပြန်အလှန် တိုက်ခိုက်မှုတွေ ပထမဆုံးအကြိမ် ပြန်လည် ဖြစ်ပွားလာခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။