Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နျူကလီးယား စစ်ပွဲတွေကို တားဆီးဖို့ ကမ္ဘာ့ စစ်အင်အားကြီး ၅ နိုင်ငံ သဘောတူ

ရုရှားဟာ အိမ်နီးချင်း ယူကရိန်း နိုင်ငံကို ကျူးကျော် စစ်ပြုလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပြီး ဒီပြဿနာနဲ့ စပ်လျဉ်းလို့ အမေရိကန်နဲ့ ရုရှား ကိုယ်စားလှယ်တွေဟာ ဇန်နဝါရီ ၁၀ ရက်မှာ နှစ်ဖက်တွေ့ဆုံ ဆွေးနွေးဖို့ စီစဉ်ထားကြပါတယ်။

နျူကလီးယား စစ်ပွဲကို ရှောင်လွှဲနိုင်ရေး စိတ်တူကိုယ်တူ ပူးပေါင်း ဆောင်ရွက်ကြဖို့ ကမ္ဘာ့ စစ်အင်အားကြီး ၅ နိုင်ငံက ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

တရုတ်၊ ရုရှား၊ ဗြိတိန်၊ အမေရိကန်နဲ့ ပြင်သစ်တို့က နျူကလီးယား စစ်လက်နက်တွေ ပိုမိုပျံ့နှံ့သွားတာမျိုး မဖြစ်စေဖို့နဲ့ နျူကလီးယား စစ်ပွဲကို တားဆီးဖို့ ဘုံသဘောတူညီချက် တစ်ခုကို ကြေညာခဲ့ပါတယ်။ ၅ နိုင်ငံ စုပေါင်း ကြေညာချက်ကို ဇန်နဝါရီ ၃ ရက်မှာ ရုရှားအစိုးရ ရုံးစိုက်ရာ ကရင်မလင် နန်းတော် ထုတ်ပြန်ခဲ့တာပါ။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံတွေက နျူကလီးယား လက်နက်ပိုင် နိုင်ငံကြီးတွေကြား စစ်မက် ဖြစ်ပွားနိုင်ခြေကို တားဆီးကြဖို့ အပြန်အလှန် ကတိပြုခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ နျူကလီးယား စစ်ပွဲတွေ ပေါ်ပေါက်လာလို့ ဘယ်သူ့အတွက်မှ ကောင်းကျိုး မရှိနိုင်ဘူးလို့လည်း အင်္ဂလိပ် ဘာသာနဲ့ ထုတ်ပြန်တဲ့ အဲဒီ ကြေညာချက်မှာ ဖော်ပြ ပါရှိပါတယ်။ နျူကလီးယား လက်နက် တစ်ခုကို အသုံးပြုလိုက်ပြီ ဆိုတာနဲ့ လက်လှမ်းမမီနိုင်တော့တဲ့ အကျိုးဆက်တွေ ရှိလာနိုင်ပါတယ်။ နျူကလီးယား လက်နက်တွေကို ကာကွယ်ရေး ရည်မှန်းချက် အတွက်သာ ပိုင်ဆိုင်ထားသင့်ပြီး ရန်လိုမှုတွေ၊ စစ်ပွဲတွေကို တားဆီးဖို့ လိုအပ်ကြောင်းလည်း ပူးတွဲ ကြေညာချက်က ဆိုပါတယ်။

အမေရိကန် ပြည်ထောင်စုရဲ့ ပင်တဂွန် စစ်ဌာနချုပ်ကတော့ တရုတ်ဟာ နျူကလီးယား ထိပ်ဖူး အရေအတွက်ကို လာမယ့် နှစ်ပိုင်းတွေအတွင်း အမြောက်အမြား တိုးမြှင့် သိုလှောင်လာဖွယ် ရှိနေကြောင်း နိုဝင်ဘာလတုန်းက ခန့်မှန်းခဲ့ဖူးပါတယ်။ အမေရိကန်ရဲ့ ခန့်မှန်းချက်အရ တရုတ်စစ်တပ် အနေနဲ့ ၂၀၂၇ ခုနှစ်မှာ နျူကလီးယား ထိပ်ဖူး ၇၀၀ လောက်နဲ့ ၂၀၃၀ ပြည့်နှစ်မှာ ၁၀၀၀ လောက်ထိ ပိုင်ဆိုင်နေဖွယ် ရှိကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

လတ်တလောမှာတော့ အမေရိကန် အစိုးရဟာ ရုရှားနဲ့ လက်နက် ထိန်းချုပ်ရေး သဘောတူ စာချုပ်တစ်ရပ် ချုပ်ဆိုဖို့ စီစဉ်နေပြီး တရုတ်ပါ ပါဝင် ပူးပေါင်းလာအောင် တိုက်တွန်းထားပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အမေရိကန် အပါအဝင် အနောက်အုပ်စု နိုင်ငံတွေနဲ့ ရုရှားတို့ကြား ပထဝီဝင် နိုင်ငံရေး တင်းမာမှုတွေ မြင့်တက်လာသလို အမေရိကန်နဲ့ တရုတ် ဆက်ဆံရေးကလည်း ဆိုးသထက် ဆိုးလာခဲ့ပါတယ်။

ရုရှားဟာ အိမ်နီးချင်း ယူကရိန်း နိုင်ငံကို ကျူးကျော် စစ်ပြုလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပြီး ဒီပြဿနာနဲ့ စပ်လျဉ်းလို့ အမေရိကန်နဲ့ ရုရှား ကိုယ်စားလှယ်တွေဟာ ဇန်နဝါရီ ၁၀ ရက်မှာ နှစ်ဖက်တွေ့ဆုံ ဆွေးနွေးဖို့ စီစဉ်ထားကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တွေ စွန့်လွှတ်ဖို့ အလားအလာကို အရူးတွေပဲ ယုံလိမ့်မယ်လို့ နိုင်ငံ အဓိပတိ ကင်မ်ဂျုံအွန်းရဲ့ ညီမဖြစ်သူက ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နျူကလီးယား ခြိမ်းခြောက်မှုကို ထိထိရောက်ရောက် တုံ့ပြန် ကိုင်တွယ်ဖို့ ရည်ရွယ်ထားတဲ့ သုံးနိုင်ငံ စစ်ရေးလေ့ကျင့်မှုကို အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ဟာ စီစဉ်ထားတဲ့အတိုင်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။

အတွေးအမြင်

ကမ္ဘာကြီးက စစ်ပွဲတွေကို အမြဲတမ်း တူညီတဲ့မျက်လုံးနဲ့ မကြည့်တတ်ပါဘူး။ တချို့သော ပဋိပက္ခတွေဟာ ကမ္ဘာ့မီဒီယာတွေရဲ့ အာရုံစိုက်မှု၊ နိုင်ငံတကာရဲ့ သံတမန်ရေးဖိအားနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို အလျင်အမြန် ရရှိကြပေမယ့် တချို့ကတော့ နှစ်ပေါင်းများစွာ လူသားဆုံးရှုံးမှုတွေနဲ့အတူ ဆက်လက်ဖြစ်ပွားနေသော်လည်း တိတ်တဆိတ် မေ့လျော့ခံနေရတတ်ပါတယ်။