Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိုင်အက်စ်ရဲ့ အမျိုးသမီး တပ်ခွဲကို ဦးဆောင်ခဲ့တဲ့ အမေရိကန် နိုင်ငံသူကို ဖမ်းဆီးရမိ

အိုင်အက်စ် အဖွဲ့ဟာ ၂၀၁၆ တုန်းက ဆီးရီးယားနိုင်ငံ၊ ရက္ကာမြို့မှာ အမျိုးသမီးတွေ သီးသန့်ပါဝင်တဲ့ တပ်ခွဲတစ်ခုကို ထူထောင်ခဲ့ပါတယ်။ အဲဒီအချိန်က ရက္ကာဟာ အိုင်အက်စ်က ကြေညာထားတဲ့ အစ္စလာမ်မစ် ကိုယ်ပိုင်နိုင်ငံရဲ့ မြို့တော်လည်း ဖြစ်ပါတယ်။

အိုင်အက်စ် အကြမ်းဖက် အုပ်စုရဲ့ တပ်ခွဲတစ်ခုကို ဦးဆောင်နေတဲ့ အမေရိကန် အမျိုးသမီး တစ်ဦးကို ဆီးရီးယား နိုင်ငံမှာ ဖမ်းဆီး ရမိခဲ့ကြောင်း သိရပါတယ်။

တစ်ချိန်က ကန်းဆက်စ်မှာ အခြေချ နေထိုင်သွားဖူးတဲ့ အလီဆန် ဖလုခ် အက်ခ်ရန်းဟာ အိုင်အက်စ်တွေရဲ့ အမျိုးသမီး သီးသန့် တပ်ခွဲ တစ်ခုကို ဦးဆောင်ခဲ့သူလို့ ဆိုပါတယ်။ သူဟာ အိုင်အက်စ် အဖွဲ့ဝင် အမျိုးသမီးတွေကို AK-47 ရိုင်ဖယ် သေနတ်တွေ ကိုင်တွယ်တတ်အောင်၊ အသေခံ ဗုံးခွဲ ကိရိယာတွေ အသုံးပြုတတ်အောင် ဦးဆောင် သင်ကြားပေးခဲ့သူ ဖြစ်ပါတယ်။

အခုတော့ FBIက အက်ခ်ရန်းကို ဖမ်းမိပြီး အမေရိကန်မှာ စွဲချက်တင်သွားဖို့ ပြင်ဆင်နေပါတယ်။ ပြစ်မှု ထင်ရှားရင် သူဟာ ထောင်ဒဏ် နှစ် ၂၀ ထိ ကျခံရနိုင်ခြေ ရှိနေပါတယ်။ အက်ခ်ရန်းဟာ အမေရိကန် ကောလိပ် ကျောင်းဝင်း တစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ လူသူ စုရုံးမှုတွေကို ဦးဆောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ရှိနေပါတယ်။

အိုင်အက်စ် အဖွဲ့ဟာ ၂၀၁၆ တုန်းက ဆီးရီးယားနိုင်ငံ၊ ရက္ကာမြို့မှာ အမျိုးသမီးတွေ သီးသန့်ပါဝင်တဲ့ တပ်ခွဲတစ်ခုကို ထူထောင်ခဲ့ပါတယ်။ အဲဒီအချိန်က ရက္ကာဟာ အိုင်အက်စ်က ကြေညာထားတဲ့ အစ္စလာမ်မစ် ကိုယ်ပိုင်နိုင်ငံရဲ့ မြို့တော်လည်း ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အမျိုးသမီး တပ်ခွဲမှာ ပါဝင်သူ အားလုံးဟာ အိုင်အက်စ် တိုက်ခိုက်ရေးသမားတွေနဲ့ လက်ထပ်ထားတဲ့ ဇနီးမယားတွေ ဖြစ်ကြပါတယ်။ အက်ခ်ရန်းဟာ အိုင်အက်စ်နဲ့ သွားရောက် ပူးပေါင်းပြီး မရှေးမနှောင်းမှာပဲ အဲဒီတပ်ခွဲရဲ့ ခေါင်းဆောင်နေရာ ရလာခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ အက်ခ်ရန်းရဲ့ အကြောင်းကို FBIက စုံစမ်း သိရှိလာပြီး သူ့ကို ဖမ်းမိဖို့ အပူတပြင်း ကြိုးစားလာခဲ့ပါတယ်။ ဒါ့အပြင် အက်ခ်ရန်းရဲ့ အသက် ၅ နှစ်၊ ၆ နှစ်ဝန်းကျင် သားဖြစ်သူက စက်သေနတ် တစ်လက်ကို ကိုင်ထားတဲ့ ဓာတ်ပုံကလည်း ထွက်ပေါ်လာပါတယ်။

သူဟာ ပြည်ပအခြေစိုက် အကြမ်းဖက် အဖွဲ့အစည်း တစ်ခုမှာ ဆက်စပ် ပါဝင်မှု၊ ထောက်ပံ့ ကူညီမှုတွေ အပါအဝင် စွဲချက်တွေနဲ့ ရင်ဆိုင်ရမယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။