Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အိုင်အက်စ်ရဲ့ အမျိုးသမီး တပ်ခွဲကို ဦးဆောင်ခဲ့တဲ့ အမေရိကန် နိုင်ငံသူကို ဖမ်းဆီးရမိ

အိုင်အက်စ် အဖွဲ့ဟာ ၂၀၁၆ တုန်းက ဆီးရီးယားနိုင်ငံ၊ ရက္ကာမြို့မှာ အမျိုးသမီးတွေ သီးသန့်ပါဝင်တဲ့ တပ်ခွဲတစ်ခုကို ထူထောင်ခဲ့ပါတယ်။ အဲဒီအချိန်က ရက္ကာဟာ အိုင်အက်စ်က ကြေညာထားတဲ့ အစ္စလာမ်မစ် ကိုယ်ပိုင်နိုင်ငံရဲ့ မြို့တော်လည်း ဖြစ်ပါတယ်။

အိုင်အက်စ် အကြမ်းဖက် အုပ်စုရဲ့ တပ်ခွဲတစ်ခုကို ဦးဆောင်နေတဲ့ အမေရိကန် အမျိုးသမီး တစ်ဦးကို ဆီးရီးယား နိုင်ငံမှာ ဖမ်းဆီး ရမိခဲ့ကြောင်း သိရပါတယ်။

တစ်ချိန်က ကန်းဆက်စ်မှာ အခြေချ နေထိုင်သွားဖူးတဲ့ အလီဆန် ဖလုခ် အက်ခ်ရန်းဟာ အိုင်အက်စ်တွေရဲ့ အမျိုးသမီး သီးသန့် တပ်ခွဲ တစ်ခုကို ဦးဆောင်ခဲ့သူလို့ ဆိုပါတယ်။ သူဟာ အိုင်အက်စ် အဖွဲ့ဝင် အမျိုးသမီးတွေကို AK-47 ရိုင်ဖယ် သေနတ်တွေ ကိုင်တွယ်တတ်အောင်၊ အသေခံ ဗုံးခွဲ ကိရိယာတွေ အသုံးပြုတတ်အောင် ဦးဆောင် သင်ကြားပေးခဲ့သူ ဖြစ်ပါတယ်။

အခုတော့ FBIက အက်ခ်ရန်းကို ဖမ်းမိပြီး အမေရိကန်မှာ စွဲချက်တင်သွားဖို့ ပြင်ဆင်နေပါတယ်။ ပြစ်မှု ထင်ရှားရင် သူဟာ ထောင်ဒဏ် နှစ် ၂၀ ထိ ကျခံရနိုင်ခြေ ရှိနေပါတယ်။ အက်ခ်ရန်းဟာ အမေရိကန် ကောလိပ် ကျောင်းဝင်း တစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ လူသူ စုရုံးမှုတွေကို ဦးဆောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ရှိနေပါတယ်။

အိုင်အက်စ် အဖွဲ့ဟာ ၂၀၁၆ တုန်းက ဆီးရီးယားနိုင်ငံ၊ ရက္ကာမြို့မှာ အမျိုးသမီးတွေ သီးသန့်ပါဝင်တဲ့ တပ်ခွဲတစ်ခုကို ထူထောင်ခဲ့ပါတယ်။ အဲဒီအချိန်က ရက္ကာဟာ အိုင်အက်စ်က ကြေညာထားတဲ့ အစ္စလာမ်မစ် ကိုယ်ပိုင်နိုင်ငံရဲ့ မြို့တော်လည်း ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အမျိုးသမီး တပ်ခွဲမှာ ပါဝင်သူ အားလုံးဟာ အိုင်အက်စ် တိုက်ခိုက်ရေးသမားတွေနဲ့ လက်ထပ်ထားတဲ့ ဇနီးမယားတွေ ဖြစ်ကြပါတယ်။ အက်ခ်ရန်းဟာ အိုင်အက်စ်နဲ့ သွားရောက် ပူးပေါင်းပြီး မရှေးမနှောင်းမှာပဲ အဲဒီတပ်ခွဲရဲ့ ခေါင်းဆောင်နေရာ ရလာခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ အက်ခ်ရန်းရဲ့ အကြောင်းကို FBIက စုံစမ်း သိရှိလာပြီး သူ့ကို ဖမ်းမိဖို့ အပူတပြင်း ကြိုးစားလာခဲ့ပါတယ်။ ဒါ့အပြင် အက်ခ်ရန်းရဲ့ အသက် ၅ နှစ်၊ ၆ နှစ်ဝန်းကျင် သားဖြစ်သူက စက်သေနတ် တစ်လက်ကို ကိုင်ထားတဲ့ ဓာတ်ပုံကလည်း ထွက်ပေါ်လာပါတယ်။

သူဟာ ပြည်ပအခြေစိုက် အကြမ်းဖက် အဖွဲ့အစည်း တစ်ခုမှာ ဆက်စပ် ပါဝင်မှု၊ ထောက်ပံ့ ကူညီမှုတွေ အပါအဝင် စွဲချက်တွေနဲ့ ရင်ဆိုင်ရမယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂဆိုင်ရာ အီရန် သံတမန် အဖွဲ့က အီရန်ရဲ့ တိုက်ခိုက်မှုဟာ တရားမျှတပြီး အမေရိကန် အနေနဲ့ ကြားမဝင်ဖို့ လိုတယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံတကာ

အမေရိကန် လေတပ်ဟာ CCAလို့ နာမည်ပေးထားတဲ့ ပရောဂျက်ကို အကောင်အထည်ဖော် စမ်းသပ်နေတာ နှစ်နဲ့ချီ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ရှိရင်းစွဲ တိုက်လေယာဉ်တွေကို လေယာဉ်မှူးတွေအစား AIက ဆုံးဖြတ် ပျံသန်းတာမျိုး ခိုင်းစေနေတာ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဂါဇာမှာ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ဖန်တီးခဲ့တယ်ဆိုတဲ့ ဘာအထောက်အထားမှ မတွေ့ရဘူးလို့ အော်စတင်က အမေရိကန် အထက်လွှတ်တော်၊ လက်နက်ကိုင် တပ်ဖွဲ့များဆိုင်ရာ ကော်မတီရဲ့ ကြားနာမှု အစီအစဉ်မှာ အော်စတင်က ပြောကြားသွားပါတယ်။