Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယီမင်ပြည်တွင်းစစ်မှာ ဟိုသီ ကလေးစစ်သား ၁၅၀၀ နီးပါး သေဆုံး

ယီမင်မှာ ၂၀၁၅ ကစလို့ အစိုးရ တပ်တွေနဲ့ ယီမင်သူပုန်တွေကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေခဲ့ပါတယ်။ ဆော်ဒီအာရေဗျ ဦးဆောင်တဲ့ မဟာမိတ် တပ်ပေါင်းစုဟာ ယီမင် အစိုးရဖက်က စစ်ကူပေးနေပြီး ဟိုသီတွေကိုတော့ အီရန်က ကျောထောက်နောက်ခံ အားပေးနေပါတယ်။

ယီမင် ပြည်တွင်းစစ်မှာ ဟိုသီ သူပုန်တွေ အသုံးချခဲ့တဲ့ ကလေးစစ်သား ၁၅၀၀ နီးပါးလောက် သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက ကြေညာခဲ့ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို တင်သွင်းတဲ့ အစီရင်ခံစာဟာ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေက ကလေးစစ်သား အသုံးပြုမှုတွေကို အဓိက လေ့လာ သုံးသပ်ထားပါတယ်။ ဟိုသီ သူပုန်တွေဟာ ကလေးတွေကို စစ်မြေပြင်တွေ စေလွှတ်ဖို့ စုရုံး အသုံးချနေဆဲဖြစ်ကြောင်း၊ နွေရာသီ စခန်းသွင်း အစီအစဉ်တွေနဲ့ ဗလီတွေကနေ သူတို့ရဲ့ အတွေးအမြင် ဝါဒတွေကို ဖြန့်ဝေနေတယ်လို့ အဲဒီ အစီရင်ခံစာက ဆိုပါတယ်။

ယီမင်မှာ ၂၀၁၅ ကစလို့ အစိုးရ တပ်တွေနဲ့ ယီမင်သူပုန်တွေကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေခဲ့ပါတယ်။ ဆော်ဒီအာရေဗျ ဦးဆောင်တဲ့ မဟာမိတ် တပ်ပေါင်းစုဟာ ယီမင် အစိုးရဖက်က စစ်ကူပေးနေပြီး ဟိုသီတွေကိုတော့ အီရန်က ကျောထောက်နောက်ခံ အားပေးနေပါတယ်။

နှစ်ဖက် ထိုးစစ်တွေအတွင်း အရပ်သားပြည်သူ အမြောက်အမြား သေဆုံးခဲ့ရာမှာ ကလေး အရေအတွက် ၁ သောင်းကျော် ပါဝင်ခဲ့ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။ စစ်ကြောင့် ဖြစ်ပွားတဲ့ အသေအပျောက်ဟာ သိန်းဂဏန်းလောက်ထိ များပြားသွားနိုင်ပြီး သန်းနဲ့ချီတဲ့ ပြည်သူတွေလည်း နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရပါတယ်။

Public Service Announcement

Public Service Announcement

လုံခြုံရေး ကောင်စီကို တင်သွင်းခဲ့တဲ့ စာမျက်နှာ ၃၀၀ ပါ အစီရင်ခံစာမှာ ဟိုသီတွေဖက်က ပါဝင် တိုက်ခိုက်နေတဲ့ ကလေး စစ်သား ၁၄၀၆ ဦးထက်မနည်း သေဆုံးကြောင်း ဖော်ပြထားပါတယ်။ ကလေး စစ်သားတွေဟာ ဟိုသီတွေ သင်ကြားပေးထားတဲ့အတိုင်း ‘အမေရိကန် သေပါစေ၊ အစ္စရေး သေပါစေ၊ ဂျူးတွေ ကျိန်စာသင့်ပါစေ၊ အစ္စလာမ် အောင်ပါစေ’ဆိုတဲ့ ကြွေးကြော်သံတွေနဲ့အတူ စစ်ပွဲမှာ ပါဝင် တိုက်ခိုက်ကြတယ်လို့လည်း ဆိုပါတယ်။

ဟိုသီတွေဟာ အသက် ၇ နှစ်လောက်ထိ ငယ်ရွယ်တဲ့ ကလေးတွေကိုတောင် စစ်လက်နက်တွေ တိုက်ချွတ် ဆေးကြောတာမျိုး ခိုင်းစေ သင်ကြားပေးနေတယ်လို့ သိရပါတယ်။ ကုလသမဂ္ဂဟာ ဟိုသီတွေဆီ လက်နက် တင်ပို့မှုတွေကို တားမြစ်ထားပေမယ့် ဆာနားမြို့တော်ကို ထိန်းချုပ်ထားတဲ့ သူပုန်တွေကတော့ ရှုပ်ထွေးတဲ့ ကွန်ရက်တွေ ချိတ်ဆက်ပြီး လက်နက်တွေ ရရှိအောင် ဆက်လက် ကြိုးစားနေတယ်လို့လည်း အစီရင်ခံစာအရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ ကျင်ဒွေးတံတားကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျင်ဒွေးတံတား ထိန်းသိမ်းပြုပြင်နေတဲ့ အရပ်သား ၉ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကျင်ဒွေးမြို့ကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ လမ်းတံတားပြင်ဆင်နေတဲ့ ဆောက်လုပ်ရေးလုပ်သား၉ဦး သေဆုံးပြီး ၂ဦးဒဏ်ရာရရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။။

သတင်း

ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် ရွှေဘုန်းပွင့်ဘုရားလမ်းထိပ်မှာ အသက် ၆၀ ကျော်အရွယ်အမျိုးသမီးတစ်ဦးကားတိုက်ခံရပြီးသေဆုံးသွားတယ်လို့ ကိုပူတူးနှင့်ဘော်ဒါများ လူမှုကူညီရေးအသင်းကအသိပေးထားပါတယ်။