Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရေတွင်းထဲမှာ ၄ ရက်ကြာ ပိတ်မိနေတဲ့ မော်ရိုကို ကလေးငယ် သေဆုံး

ရေယန် ရေတွင်းထဲ ကျသွားတဲ့ သတင်းဟာ မော်ရိုကို တစ်နိုင်ငံလုံးမှာ ပွက်လောရိုက်ခဲ့ပြီး ကယ်ဆယ်ရေးအတွက် လူပေါင်း ထောင်နဲ့ချီ စေတနာ့ ဝန်ထမ်းအဖြစ် ကူညီ အားဖြည့်ခဲ့ကြပါတယ်။ သူဟာ အဝ အရမ်းကျဉ်းမြောင်းပြီး ပေ ၁၀၀ ကျော် နက်တဲ့ ရေတွင်းထဲကို မတော်တဆ ပြုတ်ကျသွားခဲ့တာ ဖြစ်ပါတယ်။

ကယ်ဆယ်ရေးအတွက် အစွမ်းကုန် ကြိုးစားခဲ့ကြပေမယ့် ရေတွင်းထဲမှာ ၄ ရက်ကြာ ပိတ်မိနေခဲ့တဲ့ မော်ရိုကို ကလေးငယ်ကို လက်လွှတ်လိုက်ရကြောင်း သိရပါတယ်။

မော်ရိုကို တော်ဝင် မိသားစုက အသက် ၅ နှစ်အရွယ် ရေယန် အိုရမ် သေဆုံးကြောင်း စိတ်မချမ်းမြေ့စရာ သတင်းကို ဖေဖော်ဝါရီ ၅ ရက် ညပိုင်းမှာ အတည်ပြု ကြေညာခဲ့ပါတယ်။ ကလေးရဲ့ အလောင်းကို ရေတွင်းထဲကနေ ဆယ်ထုတ်ပြီး နာရီပိုင်း အကြာမှာပဲ ဒီကြေညာချက် ထွက်ပေါ်လာခဲ့တာပါ။

ရေယန် ရေတွင်းထဲ ကျသွားတဲ့ သတင်းဟာ မော်ရိုကို တစ်နိုင်ငံလုံးမှာ ပွက်လောရိုက်ခဲ့ပြီး ကယ်ဆယ်ရေးအတွက် လူပေါင်း ထောင်နဲ့ချီ စေတနာ့ ဝန်ထမ်းအဖြစ် ကူညီ အားဖြည့်ခဲ့ကြပါတယ်။ သူဟာ အဝ အရမ်းကျဉ်းမြောင်းပြီး ပေ ၁၀၀ ကျော် နက်တဲ့ ရေတွင်းထဲကို မတော်တဆ ပြုတ်ကျသွားခဲ့တာ ဖြစ်ပါတယ်။

ကယ်ဆယ်ရေး အဖွဲ့တွေဟာ မြေပြိုကျနိုင်တဲ့ အန္တရာယ်ကို သတိထားနေရတာကြောင့် လုပ်ငန်းခွင် နှောင့်နှေးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ရေယန်ကို မကယ်နိုင်ခဲ့ဘဲ အလောင်းသာ ပြန်ရခဲ့တယ်ဆိုတဲ့ သတင်းက မော်ရိုကို ပြည်သူတွေကို ရင်ကွဲစေခဲ့ပါတယ်။ လူမှုကွန်ရက် မီဒီယာတွေမှာတော့ ရေယန်အတွက် ဝမ်းနည်းကြောင်း ရေးသားထားတဲ့ ပို့စ်တွေ အများအပြား တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်ကလည်း ငယ်ရွယ်တဲ့ ရေယန်လေးရဲ့ မိသားစုရယ်၊ မော်ရိုကို ပြည်သူ အားလုံးရယ်နဲ့ထပ်တူ နာကျင် ခံစားရကြောင်း Facebookမှာ ရေးသားထားခဲ့ပါတယ်။ မော်ရိုကို တော်ဝင် နန်းတော်က ဘုရင်ကြီး ဆဋ္ဌမ မိုဟာမက်ဟာ သတင်းဆိုးကို ကြားပြီးပြီးချင်းမှာ ရေယန်ရဲ့ မိသားစုဆီ ကိုယ်တိုင် ဖုန်းခေါ်ပြီး အားပေး နှစ်သိမ့်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း မော်ရိုကို မြောက်ပိုင်းက မြို့ငယ်လေး တာမိုရော့ဟာ နိုင်ငံတကာ မီဒီယာတွေရဲ့ အာရုံစိုက်ခြင်းကို ခံခဲ့ရပါတယ်။ ရေယန် ရေတွင်းထဲ ပြုတ်ကျသွားတဲ့နောက် နိုင်ငံအနှံ့က ကယ်ဆယ်ရေး အသင်းအဖွဲ့တွေဟာ မြို့လေးဆီ ရောက်လာကြသလို မီဒီယာတွေကလည်း သတင်းတွေ စဉ်ဆက်မပြတ် ဖော်ပြခဲ့ကြပါတယ်။

ကယ်ဆယ်ရေးတွေက ရေယန်ရဲ့ အခြေအနေကို မသိရသေးခင် ကတည်းက ရေတွင်းထဲကို အောက်စီဂျင်ဘူးတွေ၊ အစားအစာတွေ၊ သောက်ရေတွေ ချပေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီပစ္စည်းတွေကို ကလေးက သုံးစွဲတတ်ပါ့မလား ဆိုတာလည်း မရေရာဘဲ ဖြစ်နေခဲ့ပါတယ်။

ရေတွင်းတဝိုက်က မြေသားဟာ ကျောက်နဲ့ သဲတွေ ရောနှောနေတာ ဖြစ်တာကြောင့် တွင်းဝကို အပေါက်ကျယ်ကျယ် တူးထုတ်ဖို့ ဆိုတာဟာ မြေပြိုမယ့် အန္တရာယ်ကို ဖိတ်ခေါ်ရာ ရောက်နေကြောင်း ကယ်ဆယ်ရေးတွေက ရှင်းပြပါတယ်။ ဒါကြောင့် ကယ်ဆယ်ရေး အဖွဲ့ဟာ ဘူဒိုဇာတွေ၊ စက်ယန္တရားကြီးတွေ အသုံးပြုပြီး ရေတွင်းနဲ့အပြိုင် တွင်းတစ်ခု တူးပြီးမှ ကလေးရှိတဲ့ နေရာကို ဥမင်ဖောက်ဖို့ ကြိုးစားခဲ့ကြပါတယ်။

ကယ်ဆယ်ရေးတွေဟာ ညဖက်တောင် အဆိုင်းတွေခွဲပြီး မီးမောင်းကြီးတွေဆင်ရင်း အလုပ်ဆက်လုပ်ခဲ့ကြပါတယ်။ ရေတွင်းနဲ့ အပြိုင် ဖြစ်နေတဲ့ တွင်းကနေ ရေတွင်းဖက်ကို ဥမင်ဖောက်ရာမှာ လူတွေ သွားလာနိုင်အောင် ဧရာမ ပိုက်ကြီးတွေကို အသုံးပြုခဲ့ပါတယ်။

တချို့က အိမ်တောင် မပြန်ဘဲ ရေတွင်းနားမှာပဲ ရွက်ဖျင်တဲ ထိုးနေပြီး အစွမ်းကုန် ကြိုးစား လုပ်အားပေးခဲ့ကြပေမယ့် ရေယန်လေးဖက်မှာ ကံကြမ္မာက ရှိမနေခဲ့ပါဘူး။ အခုတော့ ကလေးအလောင်းကို ဆေးရုံမှာ ထားရှိပြီး သေမှုသေခင်းဆိုင်ရာ စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်အာဖရိကမှာရှိတဲ့ စပိန်ပိုင်နက် နယ်မြေလေး တစ်ခုဆီ မော်ရိုကို နိုင်ငံကနေ ရွှေ့ပြောင်း အခြေချသူတွေ အလုံးအရင်း ရုတ်တရက် ဝင်ရောက်လာတာကြောင့် စပိန်အစိုးရက လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အပူတပြင်း စေလွှတ်နေရပါတယ်။

နိုင်ငံတကာ

ပြင်သစ်နိုင်ငံရဲ့ မြို့ကြီးတစ်မြို့နဲ့ အရမ်းနီးကပ်တဲ့ နေရာထိ တောမီးတွေ ကူးစက်လာနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပြင်သစ်နဲ့ စပိန်နိုင်ငံတွေမှာ တောမီး လောင်ကျွမ်းမှုတွေကြောင့် လူပေါင်း ၂ သိန်းကျော် အရေးပေါ် ရွှေ့ပြောင်းထားရကြောင်း သိရပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။