Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းမှာ စစ်ဖြစ်ရင် အသေအပျောက် အရမ်းများမယ်လို့ အမေရိကန် သမ္မတ အကြံပေး ပုဂ္ဂိုလ်ပြော

တကယ်လို့ စစ်သာ ဖြစ်လာမယ်ဆိုရင် လူ့အသက်တွေ ဆုံးရှုံးမှုက ပမာဏ အရမ်း ကြီးမားသွားမှာဖြစ်ကြောင်း၊ ဒါပေမဲ့ အမေရိကန်နဲ့ မဟာမိတ်တွေကလည်း ဖြစ်နိုင်ခြေ အားလုံးအတွက် အစွမ်းကုန် ကြိုပြင်ထားပြီး စစ်ဖြစ်ခဲ့ရင် ရုရှား အတွက်လည်း နစ်နာမှုတွေ ကြုံလာမှာ သေချာကြောင်း ဆူလီဗန်က ဆိုပါတယ်။

ယူကရိန်းမှာသာ စစ်ဖြစ်ခဲ့ရင် ထိခိုက်သေကြေမှုတွေ အရမ်းကြီးမားလိမ့်မယ်လို့ အမေရိကန် သမ္မတရဲ့ ထိပ်တန်း အကြံပေး ပုဂ္ဂိုလ်က သုံးသပ် ပြောကြားသွားခဲ့ပါတယ်။

အိမ်ဖြူတော်ရဲ့ အမျိုးသား လုံခြုံရေး အကြံပေး အရာရှိ ဂျိတ်ခ်ဆူလီဗန်က ရုရှားဟာ ယူကရိန်းကို အချိန်မရွေး ကျူးကျော်တာမျိုး ဖြစ်လာနိုင်တယ်လို့လည်း ဝန်ခံခဲ့ပါတယ်။ အစောပိုင်းမှာ အမေရိကန် အစိုးရ အရာရှိ တချို့ကလည်း ရုရှားဟာ သူတို့ရဲ့ စစ်လက်နက် အင်အား ၇၀ ရာခိုင်နှုန်းလောက်ထိကို ယူကရိန်း စစ်ပွဲအတွက် ပြင်ဆင်ထားဖွယ် ရှိတယ်လို့ မှတ်ချက် ပေးခဲ့ပါသေးတယ်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကတော့ ယူကရိန်း နိုင်ငံတဝိုက်မှာ တပ်တွေ အလုံးအရင်း ဖြန့်ကျက်ထားပေမယ့် ကျူးကျော် စစ်ပြုဖို့ ရည်ရွယ်ချက် မရှိကြောင်း ငြင်းဆိုထားပါတယ်။ ရုရှားဟာ ၂၀၁၄ တုန်းကလည်း ယူကရိန်းပိုင် ခရိုင်းမီးယား ကျွန်းဆွယ်ကို စစ်အင်အားသုံး သိမ်းပိုက်ခဲ့ဖူးပါတယ်။

တကယ်လို့ စစ်သာ ဖြစ်လာမယ်ဆိုရင် လူ့အသက်တွေ ဆုံးရှုံးမှုက ပမာဏ အရမ်း ကြီးမားသွားမှာဖြစ်ကြောင်း၊ ဒါပေမဲ့ အမေရိကန်နဲ့ မဟာမိတ်တွေကလည်း ဖြစ်နိုင်ခြေ အားလုံးအတွက် အစွမ်းကုန် ကြိုပြင်ထားပြီး စစ်ဖြစ်ခဲ့ရင် ရုရှား အတွက်လည်း နစ်နာမှုတွေ ကြုံလာမှာ သေချာကြောင်း ဆူလီဗန်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားကသာ အင်ပြည့်အားပြည့် ထိုးစစ်ဆင်လာရင် ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်ကို အချိန်တိုအတွင်း သိမ်းပိုက်ပြီး အသေအပျောက်ကလည်း ၅ သောင်းလောက်ထိ များပြားနိုင်တယ်ဆိုတဲ့ အမေရိကန် လွှတ်တော် အစီရင်ခံစာ တစ်စောင်နဲ့ ပတ်သက်လို့တော့ ဆူလီဗန်က သတင်းထောက်တွေရဲ့ သဘောထား မှတ်ချက် တောင်းခံမှုကို တိုက်ရိုက် ဖြေကြား မသွားပါဘူး။

လေ့လာသူတွေက ရုရှားဟာ မဟာဗျူဟာ နျူကလီးယား တပ်ဖွဲ့တွေရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေကို ဖေဖော်ဝါရီ လလယ်ကနေ မတ်လအတွင်း ပြုလုပ်လေ့ ရှိရာကနေ နွေရာသီထိ ရွှေ့ဆိုင်းလိုက်တာက စစ်ပွဲစတော့မယ့် အရိပ်အယောင်လို့ ယူဆနေကြပါတယ်။ အဲဒီ အချိန် အပိုင်းအခြားဟာ ရုရှားက ယူကရိန်းကို တိုက်ခိုက်ဖို့ အလားအလာ အများဆုံး ကာလလို့ အမေရိကန်က ခန့်မှန်းထားပါတယ်။

ဆူလီဗန်ကတော့ လတ်တလော တင်းမာမှုတွေကို ရုရှားနဲ့ သံတမန်ရေးရာ ဆွေးနွေးမှုတွေကနေတဆင့် လျှော့ချနိုင်ဖို့ မျှော်လင့်ထားဆဲလို့ ဆိုပါတယ်။ အရေးအကြီးဆုံး အချက်ကတော့ အမေရိကန်ဟာ မဟာမိတ် နိုင်ငံတွေနဲ့ ပူးပေါင်းပြီး ဖြစ်လာနိုင်ခြေ ရှိသမျှအတွက် ထောင့်စေ့အောင် ကြိုတင် ပြင်ဆင်ထားဖို့ ဖြစ်တယ်လို့လည်း သူက ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။