Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှား-ယူကရိန်း စစ်ပွဲ ဖြစ်နိုင်ခြေအတွက် အလွန်အမင်း စိုးရိမ်ကြောင်း ကုလသမဂ္ဂ အကြီးအကဲပြော

ယူကရိန်းမှာ စစ်ပွဲ ဖြစ်ပွားလာနိုင်ခြေနဲ့ ပတ်သက်လို့ အလွန်အမင်း စိုးရိမ်ကြောင်း၊ လက်ရှိ တင်းမာမှုတွေကို အမြန်ဆုံး လျှော့ချဖို့ လိုနေပြီဖြစ်ကြောင်း ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်စ်က ပြောကြားလိုက်ပါတယ်။

လက်ရှိ အခြေအနေအရ ယူကရိန်းနိုင်ငံ ပတ်ပတ်လည်ကို ရုရှားတပ်တွေ ဝန်းရံထားပြီး အချိန်မရွေး ကျူးကျော်စစ် စတင်လာနိုင်တဲ့ အနေအထားမျိုး ဖြစ်နေပါတယ်။ အမေရိကန် အစိုးရကလည်း အခု သီတင်းပတ်ထဲမှာတင် ရုရှားဟာ ယူကရိန်းကို စတင် တိုက်ခိုက်လာနိုင်ကြောင်း ခန့်မှန်းထားပါတယ်။ တစ်ဖက်မှာလည်း ပြဿနာတွေကို သံတမန်ရေး နည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ မျှော်လင့်ထားဆဲဖြစ်ကြောင်း ဗြိတိန်နဲ့ အမေရိကန်တို့က ပြောပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်မှာတော့ ဂူတာရက်စ်က အခုချက်ချင်း တင်းမာမှုတွေကို လျှော့ချပြီး မြေပြင်ပေါ်က စစ်ရေး လှုပ်ရှားမှုတွေ အရှိန်ပြန်ကျသွားဖို့ လိုနေပြီလို့ ပြောကြားခဲ့ပါတယ်။ သူဟာ ရုရှားနဲ့ ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီးတွေဆီ ဆက်သွယ်ပြီး ကုသလမဂ္ဂက လက်ရှိ အနေအထားကို အလွန်အမင်း စိုးရိမ်နေကြောင်း အသိပေးခဲ့ပါသေးတယ်။

ယူကရိန်းနဲ့ ရုရှားသာ စစ်ဖြစ်ကြမယ်ဆိုရင် ဥရောပ တစ်တိုက်လုံးနဲ့ သက်ဆိုင်တဲ့ စစ်မက်ရေးရာ အရှုပ်အထွေးမျိုး ဖြစ်သွားမယ်လို့ ဂူတာရက်ဇ်က ပြောပါတယ်။ နှစ်ဖက် သဘောထား ကွဲလွဲမှုတွေကို သံတမန်ရေးရာ နည်းလမ်းအပြင် တခြား ရွေးချယ်စရာ တစ်ခုခုနဲ့ ဖြေရှင်းတာမျိုး ရှိကို မရှိနိုင်ကြောင်း သူက သတိပေးခဲ့ပါတယ်။ နောက်ဆက်တွဲ ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေကို မျက်နှာလွှဲလို့ မရကြောင်း၊ သံတမန်ရေး နည်းလမ်းကို စွန့်ခွာလိုက်တာဟာ ကမ်းပါးစွန်း ရောက်နေချိန် ရှေ့တစ်လှမ်း ထပ်တိုးလိုက်တာနဲ့ ဘာမှ မခြားကြောင်း ဂူတာရက်စ်က ဆိုပါတယ်။

လောလောဆယ် ယူကရိန်း နိုင်ငံနဲ့ နယ်စပ်တွေနားမှာ ရုရှားစစ်သည် ၁ သိန်း ၃ သောင်းလောက်ထိ စုဝေးနေကြောင်း သိရပါတယ်။ ယူကရိန်းမှာ ကုသလမဂ္ဂ ဝန်ထမ်း ၁၆၆၀ လောက် ရှိနေပြီး ယူကရိန်း နိုင်ငံသား ၁၄၄၀ နဲ့ နိုင်ငံခြားသား ၂၂၀ ရှိတယ်လို့ စာရင်းမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားနိုင်ငံ၊ မော်စကို မြို့တော်မှာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။