Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားနဲ့ ညှိနှိုင်းဖို့ အဆင်ပြေအောင် ယူကရိန်းစစ်တပ် အာဏာသိမ်းသင့်တယ်လို့ ပူတင်ပြော

နီယိုနာဇီတွေ (ယူကရိန်း အစွန်းရောက် အမျိုးသားရေး ဝါဒီတွေ)က ကိုယ့်သားသမီးတွေ၊ ဇနီးမယားတွေ၊ မိဘဘိုးဘွားတွေကို လူသားတံတိုင်းအဖြစ် အသုံးချနေတာကို လုံးဝ လက်မခံကြပါနဲ့လို့ ယူကရိန်း စစ်တပ်ရဲ့ အမှုထမ်းတွေကို နောက်တစ်ကြိမ် ပန်ကြားလိုကြောင်း ပူတင်က ရုရှား လုံခြုံရေး ကောင်စီ အစည်းအဝေးမှာ ပြောကြားသွားပါတယ်။

ယူကရိန်း စစ်တပ်အနေနဲ့ သမ္မတဆီကနေ အာဏာသိမ်း လိုက်သင့်တယ်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ပြောကြားလိုက်ပါတယ်။

ယူကရိန်းကို ရုရှားတပ်တွေ စတင် ထိုးစစ်ဆင် တိုက်ခိုက်ပြီး နောက်တစ်ရက်မှာ ပူတင်က ယူကရိန်း စစ်တပ် အာဏာသိမ်းသင့်ကြောင်း မှတ်ချက် ပေးလာခဲ့တာပါ။ ယူကရိန်း စစ်တပ်ဟာ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဆီကနေ အာဏာသိမ်းလိုက်မယ်ဆိုရင် ရုရှားနဲ့ ယူကရိန်းတို့ကြား တိုက်ရိုက်ကျကျ ဆွေးနွေး ညှိနှိုင်းမှုတွေ ပိုမို လမ်းပွင့်သွားမှာ ဖြစ်တယ်လို့ ပူတင်က ဆိုပါတယ်။

နီယိုနာဇီတွေ (ယူကရိန်း အစွန်းရောက် အမျိုးသားရေး ဝါဒီတွေ)က ကိုယ့်သားသမီးတွေ၊ ဇနီးမယားတွေ၊ မိဘဘိုးဘွားတွေကို လူသားတံတိုင်းအဖြစ် အသုံးချနေတာကို လုံးဝ လက်မခံကြပါနဲ့လို့ ယူကရိန်း စစ်တပ်ရဲ့ အမှုထမ်းတွေကို နောက်တစ်ကြိမ် ပန်ကြားလိုကြောင်း ပူတင်က ရုရှား လုံခြုံရေး ကောင်စီ အစည်းအဝေးမှာ ပြောကြားသွားပါတယ်။

ယူကရိန်း စစ်တပ်ဟာ အာဏာကို ကိုယ့်လက်ထဲမှာ အရယူထားသင့်ကြောင်း၊ ဒါမှသာ ဆွေးနွေးမှုတွေ ပိုပြီး လွယ်ကူ ချောမွေ့လာမှာဖြစ်ကြောင်းလည်း ပူတင်က ဆိုပါတယ်။ ဒါ့အပြင် ရုရှား တပ်သားတွေဟာ ယူကရိန်းမှာ ပြုလုပ်တဲ့ စစ်ဆင်ရေးတွေမှာ ရဲရဲရင့်ရင့်၊ ပရော်ဖက်ရှင်နယ် ပီပီသသ၊ သူရဲကောင်းဆန်ဆန် ပါဝင် အမှုထမ်းနေတယ်လို့လည်း ပူတင်က ချီးကျူးသွားပါသေးတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ လက်တွေ့မှာတော့ ယူကရိန်းက အရပ်သား ပြည်သူတွေအပေါ် ရုရှား စစ်တပ်က ရက်စက်ကြမ်းကြုတ်တဲ့ အပြုအမူတွေ ရှိနေကြောင်း စွပ်စွဲချက်တွေ ထွက်ပေါ်နေသလို အွန်လိုင်းပေါ် ပျံ့နှံ့နေတဲ့ ဗီဒီယို တစ်ခုမှာဆိုရင် ရုရှား တင့်ကားတစ်စီးက ကိယက်ဗ်မြို့နားမှာ အိမ်စီးကားလေး တစ်စီးကို အကြောင်းမဲ့ တက်ကြိတ်ခဲ့တာ တွေ့ရပါတယ်။

ယူကရိန်း သမ္မတ ဇီလန်စကီးက သူဟာ ရုရှားရဲ့ နံပါတ် ၁ ပစ်မှတ် ရန်သူတော် ဖြစ်နေကြောင်း ပြောပါတယ်။ ဇီလန်စကီးနဲ့ မိသားစုဟာ ယူကရိန်းမှာ ဆက်ရှိနေသေးတယ်လို့ ဆိုပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ မထုတ်ပြန်ပါဘူး။ ရုရှားတပ်တွေဟာ ကိယက်ဗ် မြို့တော်နားကို ချဉ်းကပ်လာနေပေမယ့် အပြင်းအထန် ခုခံ တွန်းလှန်မှုတွေနဲ့ ကြုံနေကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်​တွေတိုက်ပွဲမှာအထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့နယ်တို့ကို တိုက်လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲတဲ့အတွက်အထိအခိုက်တွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

​စစ်မြေပြင်မှာ ထိခိုက်သေဆုံးမှုများပြားနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်မှုထမ်းအင်အား လိုအပ်ချက်ကြောင့် အရင်က နယ်မြေအခြေအနေအရ ပိတ်ထားခဲ့ရတဲ့ စစ်သင်တန်းကျောင်းအချို့ကိုပါ ပြန်လည်ဖွင့်လှစ်ပြီးထပ်တိုးလက်ခံလေ့ကျင့်ပေးနေကြောင်း မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့(Myanmar Defense & Security Institute-MDSI)က သတင်းထုတ်ပြန်ပါတယ်။