Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပူတင့်ကို အခြေအနေမှန်အတိုင်း အစီရင်ခံမှုတွေ မရှိဘူးလို့ အမေရိကန်ပြော

အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်မှာတော့ ပူတင်ရဲ့ အကြံပေးတွေဟာ အနောက်အုပ်စုရဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေကြောင့် ရုရှားအပေါ် ဘယ်လောက် ထိချက်ပြင်းပြင်း ရိုက်ခတ်နေသလဲ ဆိုတာကိုပါ ပူတင့်ဆီ အမှန်အတိုင်း အစီရင် မခံရဲကြဘူးလို့ ဖော်ပြထားပါတယ်။

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ မြေပြင် အခြေအနေမှန်တွေကို မသိဘဲ ယူကရိန်း စစ်ပွဲမှာ မျက်စိစုံမှိတ် ရှေ့တိုးနေတယ်လို့ အမေရိကန် အစိုးရက ပြောကြားလိုက်ပါတယ်။

ပူတင်ရဲ့ စစ်ရေး အကြံပေးတွေက ယူကရိန်း စစ်ပွဲမှာ ရုရှားတပ်တွေ ဘယ်လောက် အထိနာနေသလဲ ဆိုတာကို ပူတင့်ဆီ အမှန်အတိုင်း အစီရင် မခံခဲ့ကြဘူးလို့ အိမ်ဖြူတော်က မှတ်ချက် ပေးခဲ့ပါတယ်။ ဒီအတောအတွင်း ဗြိတိန် စစ်ထောက်လှမ်းရေးကလည်း အခုဆိုရင် ယူကရိန်းမှာ ရှိနေတဲ့ ရုရှားစစ်သည် တချို့ဟာ စိတ်ဓာတ်ရေးရာ အနိမ့်ဆုံး အဆင့်ထိ ကျဆင်းနေပြီး အမိန့် မနာခံဘဲ ငြင်းဆိုတာတွေပါ ဖြစ်လာနေပြီလို့ ပြောကြားခဲ့ပါတယ်။

အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်မှာတော့ ပူတင်ရဲ့ အကြံပေးတွေဟာ အနောက်အုပ်စုရဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေကြောင့် ရုရှားအပေါ် ဘယ်လောက် ထိချက်ပြင်းပြင်း ရိုက်ခတ်နေသလဲ ဆိုတာကိုပါ ပူတင့်ဆီ အမှန်အတိုင်း အစီရင် မခံရဲကြဘူးလို့ ဖော်ပြထားပါတယ်။

အိမ်ဖြူတော် ပြောရေး ဆိုခွင့်ရ အရာရှိ ကိတ်ဘက်ဒင်ဖီးလ်က အမေရိကန် အနေနဲ့ ပူတင်ဟာ သတင်းမှန်တွေ မရဘူးဆိုတဲ့ ထောက်လှမ်းရေး အစီရင်ခံစာတွေ ရရှိထားကြောင်း၊ ပူတင်နဲ့ သူ့ရဲ့ စစ်ဦးစီး အရာရှိတွေ ကြားမှာလည်း တင်းမာမှုတွေ ရှိနေနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ ရုရှား အစိုးရ ရုံးစိုက်တဲ့ ကရင်မလင် နန်းတော်ကတော့ အမေရိကန်ရဲ့ မှတ်ချက်အပေါ် လတ်တလော ဘာသဘောထား တုံ့ပြန်မှုမှ မပေးသေးပါဘူး။

Public Service Announcement

Public Service Announcement

တစ်ချိန်တည်းမှာပဲ ယူကရိန်းနဲ့ ဆွေးနွေးမှုတွေမှာ ရုရှားက စစ်ရေး လှုပ်ရှားမှုတွေ အရှိန် လျှော့ချသွားမယ်လို့ ကတိပေးခဲ့ပြီးမှ ယူကရိန်းမှာ တိုက်ခိုက်မှုတွေ ပိုမို မြှင့်တင်လာတယ်လို့လည်း သိရပါတယ်။ အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရ အရာရှိ ဂျွန်ကာဘီက ပူတင့်ဆီ စစ်မြေပြင် အခြေအနေတွေအကြောင်း မှန်ကန်တဲ့ အစီရင်ခံမှုတွေ မရောက်တာက လက်ရှိ ပဋိပက္ခတွေကို ရပ်ဆိုင်းဖို့ ဆွေးနွေးတဲ့အခါ ပိုပြီး ခက်ခဲသွားစေလိမ့်မယ်လို့ ဆိုပါတယ်။

အခုအခါ ယူကရိန်း တပ်တွေဟာ နိုင်ငံ ပိုင်နက်ထဲမှာ လက်လွှတ် ဆုံးရှုံးခဲ့ရတဲ့ နယ်မြေတချို့ကို တဖြည်းဖြည်းချင်းစီ ပြန်လည် သိမ်းယူနေပြီ ဖြစ်ပါတယ်။ ရုရှား စစ်တပ်က သူတို့ဟာ မြို့တော် ကိယက်ဗ်နဲ့ ယူကရိန်း မြောက်ပိုင်းနားက စစ်ဆင်ရေးတွေကို အရှိန် လျှော့ချသွားမယ်လို့ ပြောကြားထားပေမယ့် ယူကရိန်း အရှေ့ပိုင်းမှာတော့ တိုက်ပွဲတွေ ပိုမို ပြင်းထန်လာနေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။