Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အာဖရိက လူဦးရေ သုံးပုံနှစ်ပုံလောက် ကိုဗစ် ကူးစက်ပြီး ဖြစ်နိုင်တယ်လို့ WHO ခန့်မှန်း

အာဖရိကတိုက် အနှံ့အပြားက ဓာတ်ခွဲဌာန ၂၅၂၀၀၀ လောက်က ဆေးစစ်ရလဒ်တွေကို စုစည်းကြည့်တဲ့အခါ လူပေါင်း ၁၁.၅ သန်းလောက် ရောဂါ ကူးစက်ထားကြောင်း တွေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလလောက် ကတည်းက အာဖရိကတိုက်မှာ ရောဂါကူးစက်ဖူးသူ သန်း ၈၀၀ လောက်ထိ များပြားခဲ့ပြီး ဖြစ်လိမ့်မယ်လို့ WHOရဲ့ အာဖရိကဆိုင်ရာ အရာရှိတွေက သုံးသပ်ပါတယ်။

အာဖရိကတိုက် လူဦးရေ စုစုပေါင်းရဲ့ သုံးပုံနှစ်ပုံလောက်ထိ ကိုဗစ်ရောဂါ ကူးစက်ခံရပြီး ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ယူဆနေပါတယ်။

ဒါဟာ အာဖရိကနိုင်ငံ အစိုးရတွေက ထုတ်ပြန်ထားတဲ့ ကူးစက်လူနာ ကိန်းဂဏန်း အရေအတွက်ထက် ၉၇ ဆလောက် ပိုများမယ့် ပမာဏလည်း ဖြစ်ပါတယ်။ အာဖရိကတိုက်ဟာ ကပ်ရောဂါ စတင်လာချိန် ကတည်းက ဆေးစစ်နိုင်စွမ်း အနိမ့်ဆုံး၊ ကာကွယ်ဆေး ဖြန့်ဝေနိုင်မှု အားအနည်းဆုံး နယ်မြေတစ်ခု ဖြစ်ခဲ့ပါတယ်။ အာဖရိကမှာ လူတွေ ဘယ်လောက်ထိ ရောဂါကူးစက်ခဲ့သလဲ ဆိုတာဟာ ခန့်မှန်းရ အရမ်းခက်တဲ့ ပဟေဠိ တစ်ခုအဖြစ် ရှိနေဆဲပါ။

အာဖရိကတိုက် အနှံ့အပြားက ဓာတ်ခွဲဌာန ၂၅၂၀၀၀ လောက်က ဆေးစစ်ရလဒ်တွေကို စုစည်းကြည့်တဲ့အခါ လူပေါင်း ၁၁.၅ သန်းလောက် ရောဂါ ကူးစက်ထားကြောင်း တွေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလလောက် ကတည်းက အာဖရိကတိုက်မှာ ရောဂါကူးစက်ဖူးသူ သန်း ၈၀၀ လောက်ထိ များပြားခဲ့ပြီး ဖြစ်လိမ့်မယ်လို့ WHOရဲ့ အာဖရိကဆိုင်ရာ အရာရှိတွေက သုံးသပ်ပါတယ်။

တရားဝင် ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေဟာ တကယ့် လက်တွေ့ ပမာဏရဲ့ အပေါ်ယံ အတိုင်းအတာလောက်သာ ဖြစ်နိုင်တယ်လို့ WHOရဲ့ အာဖရိကဆိုင်ရာ အကြီးအကဲ မတ်ရှီဒီဆို မော့တီက ပြောပါတယ်။ တကယ်တမ်း ကူးစက်သူ ဦးရေဟာ အဲဒီထက် ၉၇ ဆလောက် ပိုများပြီး အာဖရိက လူဦးရေ စုစုပေါင်းရဲ့ သုံးပုံနှစ်ပုံလောက်ထိ ဖြစ်နိုင်တယ်လို့လည်း သူက မှတ်ချက် ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတုန်းက အာဖရိကမှာ ကူးစက်လူနာ အရေအတွက် ၈.၂ သန်း ရှိခဲ့ဖူးပြီး တကယ်တမ်းကျတော့ အဲဒီအချိန်မှာတင် လူပေါင်း သန်း ၈၀၀ လောက် ရောဂါကူးစက် ခံရပြီး ဖြစ်နိုင်တယ်လို့လည်း မော့တီက ဆိုပါတယ်။ ဒါဟာ သုတေသန အချက်အလက်တွေကို အခြေခံ ခန့်မှန်းထားတာသာဖြစ်ပြီး အာဖရိကတိုက်ရဲ့ ကူးစက်လူနာ စာရင်းမှန်ကို တိတိကျကျ ဖော်ထုတ် ပြုစုဖို့ ဖြစ်နိုင်ခြေ မရှိဘူးလို့လည်း သူက ဝန်ခံသွားပါတယ်။

မော့တီက အာဖရိကတိုက်မှာ ကူးစက်လူနာ စုစုပေါင်းရဲ့ ၆၇ ရာခိုင်နှုန်းလောက်ထိ ဘာရောဂါ လက္ခဏာမှ မပြတာမျိုး ဖြစ်နိုင်တယ်လို့လည်း ယူဆနေပါတယ်။ ဒါကြောင့်လည်း တကူးတက ဆေးစစ်တာမျိုး မရှိခဲ့သလို ရောဂါ ပျံ့ပွားမှုကလည်း ပိုလွယ်ကူခဲ့နိုင်ပါတယ်။ အစောပိုင်းမှာတော့ အာဖရိကတိုက်ရဲ့ အခြေခံ ကျန်းမာရေး စောင့်ရှောက်မှု စနစ်တွေက အရမ်းအားနည်းတာကြောင့် ကပ်ရောဂါ ဖိစီးလာချိန်မှာ မနိုင်မနင်း ဖြစ်ကုန်မှာကို နိုင်ငံတကာ ပညာရှင်တွေက စိုးရိမ်တကြီး ထောက်ပြခဲ့ဖူးပါတယ်။

ဂါနာလို နိုင်ငံမျိုးမှာ ရောဂါ ကူးစက် ခံရသူ အများစုဟာ လူငယ်တွေ ဖြစ်ကြပြီး ကိုဗစ်ဒဏ်ကို ခံနိုင်ရည် ရှိခဲ့ကြကြောင်း WHOက စစ်ဆေး တွေ့ရှိခဲ့ပါတယ်။ ဒီအနေအထားမျိုးက တခြား အာဖရိက နိုင်ငံတွေမှာပါ ကြုံတွေ့ခဲ့တာမျိုး ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့လည်း မော့တီက ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

လုံခြုံရေးအခြေနေအရ တစ်မြို့ကနေအခြားတစ်မြို့ဆီ ပြောင်းရွှေ့ဖူးတာတော့ ရှိတယ်။ ဒါပေမဲ့ ခရီးသွားသက်သက် အနေနဲ့ ဘယ်မှ မထွက်ဖြစ်ခဲ့ဘူး။ ခုမှ မိသားစုကိစ္စနဲ့ ခရီးတစ်ခုသွားဖို့ ကြုံလာတာ။ မြို့တော်ရန်ကုန်ကနေတွက်ရင် မိုင် ၂၅၀ လောက်ဝေးတဲ့ ခရီးဆိုပါတော့။

နိုင်ငံတကာ

စက်တင်ဘာ ၂၉ ရက် မနက်ပိုင်းက မြို့တော် အမ်ဘာဘိန်မှာ မဲရုံတွေ စတင် ဖွင့်လှစ်ခဲ့ပြီး အခြေအနေတွေက အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် ရှိနေခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။

နိုင်ငံတကာ

ဆေးသိပ္ပံ ပညာရှင် အတော်များများက WHO အနေနဲ့ တိုင်းရင်းဆေးတွေကို သုတေသနပြု လေ့လာချင်တယ်ဆိုတဲ့ စိတ်ကူးကို လက်ခံပေမယ့် အခုလို ညီလာခံမျိုး ဦးဆောင်ကျင်းပပြီး ယူဆောင်နိုင်မယ့် အကျိုးရလဒ် အပေါ်မှာတော့ အကြီးအကျယ် သံသယ မေးခွန်းထုတ်နေကြပါတယ်။

နိုင်ငံတကာ

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတုန်းက ကပ်ရောဂါကြောင့် သေဆုံးသူ အရေအတွက်ဟာ အပတ်စဉ် ၁ သိန်းကျော်ထိ ရှိခဲ့ပြီး အမြင့်ဆုံး အဆင့်ကို ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ အခုနှစ် ဧပြီလ ၂၄ ရက်ထိ အခြေအနေအရ အပတ်စဉ် သေဆုံးသူ ဦးရေဟာ ၃၅၀၀ အောက်ထိ...