Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖိလစ်ပိုင်မှာ ကူးတို့ရေယာဉ် နစ်မြုပ်မှုကြောင့် လူ ၇ ဦး သေဆုံး

နှစ်ထပ် ကူးတို့ယာဉ်ပေါ်မှာ လောင်ကျွမ်းတဲ့ မီးက အတော်လေး အားကောင်းခဲ့ပြီး မည်းနက်တဲ့ မီးခိုးလုံးတွေ အူထွက်နေတာ တွေ့ရတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ ကမ်းခြေစောင့် တပ်ဖွဲ့ဝင်တွေဟာ ရေယာဉ် အနီးတဝိုက်မှာ အသက်ကယ် အင်္ကျီတွေ ဝတ်ပြီး ခုန်ချသွားတဲ့ ခရီးသည်တွေကိုလည်း လိုက်လံ ကယ်ဆယ်ခဲ့ရပါတယ်။

ဖိလစ်ပိုင် နိုင်ငံမှာ ကူးတို့ အမြန်ရေယာဉ်တစ်စီး မီးလောင်မှုကြောင့် လူ ၇ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

အဲဒီ ရေယာဉ်ဟာ ကျူဇုန် ဒေသက ဆိပ်ကမ်း တစ်ခုမှာ ကမ်းကပ်ပြီး မကြာခင်မှာပဲ ရုတ်တရက် မီးထလောင်ခဲ့တာလို့ ကမ်းခြေစောင့် တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ မေ ၂၃ ရက် မနက်ပိုင်းက ဖြစ်စဉ်မှာ ရေယာဉ်ပေါ်က အမျိုးသမီး ၅ ဦးနဲ့ အမျိုးသား ၂ ဦးရဲ့ အလောင်းတွေကို ရှာတွေ့ခဲ့ပါတယ်။

အခင်းဖြစ်ချိန်က ရေယာဉ်ပေါ်မှာ စုစုပေါင်း လူ ၁၃၄ ဦး စီးနင်း လိုက်ပါလာတယ်လို့ သိရပါတယ်။ ကျန်တဲ့ ခရီးသည်တွေကို ဘေးလွတ်ရာ ကယ်ဆယ် ရွှေ့ပြောင်းပေးနိုင်ခဲ့ပြီး ဒဏ်ရာရသူ ၂၃ ဦး ရှိခဲ့တယ်လို့ ဆိပ်ကမ်း အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

နှစ်ထပ် ကူးတို့ယာဉ်ပေါ်မှာ လောင်ကျွမ်းတဲ့ မီးက အတော်လေး အားကောင်းခဲ့ပြီး မည်းနက်တဲ့ မီးခိုးလုံးတွေ အူထွက်နေတာ တွေ့ရတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ ကမ်းခြေစောင့် တပ်ဖွဲ့ဝင်တွေဟာ ရေယာဉ် အနီးတဝိုက်မှာ အသက်ကယ် အင်္ကျီတွေ ဝတ်ပြီး ခုန်ချသွားတဲ့ ခရီးသည်တွေကိုလည်း လိုက်လံ ကယ်ဆယ်ခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

ရေယာဉ်ပေါ်မှာ မီးစတင် လောင်ကျွမ်းရတဲ့ အကြောင်းရင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဖိလစ်ပိုင်ဟာ ကျွန်းပေါင်း ၇၆၀၀ ကျော်နဲ့ စုဖွဲ့ထားတဲ့ ကျွန်းစုနိုင်ငံ တစ်ခုဖြစ်ပြီး ပို့ဆောင် ဆက်သွယ်ရေး ကဏ္ဍမှာ ရေလမ်းခရီးကို အထူးတလည် အားပြုထားရပါတယ်။ ဖိလစ်ပိုင်က ကူးတို့ ရေယာဉ်တွေဟာ သက်တမ်း အိုဟောင်းတာ၊ မတန်တဆ လူပိုတွေ တင်တာ၊ ပြုပြင်ထိန်းသိမ်းမှု အားနည်းတာတွေကြောင့် လုံခြုံရေး စံနှုန်းအရ အတော်လေး နာမည်ပျက်နေပါတယ်။

၁၉၈၇ ခုနှစ်က ဖိလစ်ပိုင်မှာ လူနဲ့ ကုန်စည်တွေ မတန်တဆ တင်ဆောင်ထားတဲ့ ကူးတို့ရေယာဉ် ဒိုနာပက်ဇ်နဲ့ ရေနံတင်သင်္ဘော မင်ဒိုရိုတို့ဟာ မနီလာမြို့တော် တောင်ပိုင်း ကမ်းလွန်ရေပြင်မှာ တိုက်မိခဲ့ပြီး လူပေါင်း ၄၄၀၀ နီးပါး သေဆုံးခဲ့ပါတယ်။ ဒီမတော်တဆမှုဟာ စစ်ပွဲတွေကြောင့် မဟုတ်ဘဲ ငြိမ်းချမ်းနေတဲ့ ကာလအတွင်း အဆိုးရွားဆုံး ရေလမ်းခရီး သွားလာမှုဆိုင်ရာ ကပ်ဘေးကြီးအဖြစ် သတ်မှတ် ခံခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ခရီးသည်တင် ကူးတို့ရေယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၅ ဦးသေ၊ ၄၀ ကျော် ပျောက်ဆုံးနေပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

နိုင်ငံတကာ

တောင်တရုတ်ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ တရုတ်နဲ့ ဖိလစ်ပိုင် ရေတပ် တပ်ဖွဲ့ဝင်တွေကြား ကိုယ်ထိလက်ရောက် ရိုက်နှက်မှုတွေ ဖြစ်ခဲ့ပါတယ်။