Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပူတင်ဟာ ယူကရိန်း နယ်မြေတွေကို ရသမျှ သိမ်းယူနေဦးမယ်လို့ အမေရိကန် ထောက်လှမ်းရေး သတိပေး

လူသူလက်နက်အင်အား အသာစီး ရထားတဲ့ ရုရှားဟာ ယူကရိန်း အရှေ့ပိုင်းမှာ တဖြည်းဖြည်းချင်း ရှေ့တိုးပြီး ထိုးစစ်ဆင်လာနေပေမယ့် ယူကရိန်း ကာကွယ်ရေး တပ်တွေရဲ့ အားကောင်းတဲ့ ခုခံမှုတွေကြောင့် မျှော်လင့်သလောက်တော့ အောင်မြင်မှုတွေ မရဘဲ အခက်ကြုံနေဆဲ ဖြစ်ပါတယ်။

ပူတင်ဟာ ယူကရိန်း နယ်မြေတွေကို ရသမျှ သိမ်းယူနေဦးမယ်လို့ အမေရိကန် ထောက်လှမ်းရေး သတိပေး
ပူတင်ဟာ ယူကရိန်း နယ်မြေတွေကို ရသမျှ သိမ်းယူနေဦးမယ်လို့ အမေရိကန် ထောက်လှမ်းရေး သတိပေး

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ ယူကရိန်း ပိုင်နက် နယ်မြေတွေကို ရနိုင်သမျှ ချဲ့ထွင် သိမ်းပိုက်ဖို့ လောဘကြီးနေဆဲလို့ အမေရိကန် ထောက်လှမ်းရေးတွေက သတိပေး ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်မှာ ရုရှားတပ်တွေဟာ ယူကရိန်း နိုင်ငံက မြို့ကြီး တော်တော်များများကို တပြိုင်တည်း စစ်ကြောင်းတွေ ဖြန့်ဝင်ပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။ ဒါပေမဲ့ စစ်ဆင်ရေး ဧရိယာ ကျယ်ပြန့်လွန်းတာက ရုရှားအတွက် အကျပ်အတည်းတွေ ကြုံစေခဲ့ပြီး အထိနာလာတာကြောင့် နောက်ပိုင်းမှာ ယူကရိန်း အရှေ့ပိုင်းနဲ့ တောင်ပိုင်း နယ်မြေတွေ ရရှိရေးကိုသာ ရုရှားက ဗျူဟာ ပြောင်းလဲပြီး ချဉ်းကပ်လာပါတယ်။

အခုဆိုရင် ယူကရိန်း အရှေ့ဖျားမှာ ရုရှားတပ်တွေ ခြေကုပ် ခိုင်ခိုင်မာမာနဲ့ သိမ်းပိုက်ထားပြီး ဖြစ်ပေမယ့် နောက်ထပ် နယ်မြေသစ်တွေ သိမ်းယူဖို့ ပူတင်က အမိန့် ပေးလာနိုင်တယ်လို့ အမေရိကန် အမျိုးသား ထောက်ရေးဌာန အကြီးအကဲ အက်ဗရယ်လ် ဟိုင်းနက်စ်က ဆိုပါတယ်။ ဒါဟာ ရုရှားက ယူကရိန်းကို ကျူးကျော် တိုက်ခိုက်နေတဲ့ စစ်ပွဲရဲ့ သက်တမ်း အရမ်းကြာသွားနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်လည်း ဖြစ်တယ်လို့ သူက သတိပေးခဲ့ပါတယ်။

ရုရှားဟာ ယူကရိန်း နိုင်ငံအနှံ့ကို နယ်ကျွံဝင်ရောက်နေတဲ့ တပ်တွေကို မတ်လထဲမှာ ပြန်ရုပ်သိမ်းပြီး ယူကရိန်း အရှေ့ပိုင်းနဲ့ တောင်ပိုင်းတွေကိုသာ အလုံးအရင်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ရှေ့တန်း စစ်မြေပြင်နဲ့ ဝေးတဲ့ တခြား ယူကရိန်း မြို့ကြီးပြကြီးတွေကိုလည်း လက်နက်ကြီးတွေ၊ ဒုံးကျည်တွေနဲ့ လှမ်းပစ်လေ့ ရှိပါတယ်။

Public Service Announcement

Public Service Announcement

ပူတင်ဟာ အခြေအနေ အရပ်ရပ်ကြောင့် စစ်ဆင်ရေး နယ်မြေကို ချုံ့လိုက်ပေမယ့် ယူကရိန်း တစ်နိုင်ငံလုံးကို သိမ်းယူချင်တဲ့ သူ့ရဲ့ မူလ ရည်မှန်းချက်ကတော့ အပြောင်းအလဲ မရှိဘူးလို့ ဟိုင်းနက်စ်က ပြောပါတယ်။ ဒါပေမဲ့ ပူတင်အတွက် အဲဒီ ရည်မှန်းချက် အထမြောက်ဖို့ဆိုတာ အရမ်း ခဲယဉ်းလိမ့်မယ်လို့လည်း အမေရိကန် ထောက်လှမ်းရေး အေဂျင်စီတွေရဲ့ အကြီးအမှူးလည်းဖြစ်တဲ့ အမျိုးသမီးက မှတ်ချက် ပေးခဲ့ပါတယ်။

ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်ကို အဆောတလျင် သိမ်းယူချင်ခဲ့တဲ့ ရည်မှန်းချက်ကို လက်လွှတ်လိုက်ရတာက ပူတင်အတွက် အကြီးအကျယ် အထိနာစေခဲ့ပြီး ယူကရိန်း အရှေ့ပိုင်းက ဒွန်းဘက်စ် ဒေသကို မဖြစ်မနေ ပစ်မှတ် ပြောင်းလဲခဲ့ရတာလို့ ဟိုင်းနက်စ်က ဆိုပါတယ်။ အခုအခါမှာတော့ မဟာဗျူဟာ အချက်အခြာကျတဲ့ ဆီဗာရိုဒွန်းညက်စ်မြို့လို နေရာတွေ အပါအဝင် ဒွန်းဘက်စ်ရဲ့ အစိတ်အပိုင်း တော်တော်များများကို ရုရှားတပ်တွေက ထိန်းချုပ်ထားပါတယ်။

လူသူလက်နက်အင်အား အသာစီး ရထားတဲ့ ရုရှားဟာ ယူကရိန်း အရှေ့ပိုင်းမှာ တဖြည်းဖြည်းချင်း ရှေ့တိုးပြီး ထိုးစစ်ဆင်လာနေပေမယ့် ယူကရိန်း ကာကွယ်ရေး တပ်တွေရဲ့ အားကောင်းတဲ့ ခုခံမှုတွေကြောင့် မျှော်လင့်သလောက်တော့ အောင်မြင်မှုတွေ မရဘဲ အခက်ကြုံနေဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။