Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အမေရိကန် သမ္မတဟောင်း ထရမ့်ရဲ့ ဇနီးဟောင်း မတော်တဆမှုနဲ့ ကွယ်လွန်

အိုင်ဗာနာဟာ ထရမ့်မတိုင်ခင်က တစ်ကြိမ် လက်ထပ်ခဲ့ဖူးပြီး သူ့ရဲ့ ပထမဆုံး အိမ်ထောင်ဖက်က ဩစတြီးယား နှင်းလျှောစီး နည်းပြ အဲလ်ဖရက်ဒ် ဝင်ကယ်လ်မေယာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ဦးဟာ သူငယ်ချင်းတွေသာ ဖြစ်ကြပြီး အိုင်ဗာနာက အမေရိကန် နိုင်ငံသား ဖြစ်ခွင့် ရချင်လို့ စာချုပ်စာတမ်းအရ လက်ထပ်ခဲ့တာသာ ဖြစ်တယ်ဆိုတဲ့ ကောလာဟလတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

အမေရိကန် သမ္မတဟောင်း ထရမ့်ရဲ့ ဇနီးဟောင်း မတော်တဆမှုနဲ့ ကွယ်လွန်
အမေရိကန် သမ္မတဟောင်း ထရမ့်ရဲ့ ဇနီးဟောင်း မတော်တဆမှုနဲ့ ကွယ်လွန်

အမေရိကန် သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်ရဲ့ ဇနီးဟောင်းဖြစ်သူ သေဆုံးမှုဟာ မတော်တဆမှု သက်သက်သာ ဖြစ်တယ်လို့ စုံစမ်းစစ်ဆေးရေး အရာရှိတွေက ကြေညာခဲ့ပါတယ်။

အသက် ၇၃ နှစ်အရွယ် အိုင်ဗာနာ ထရမ့်ဟာ ရင်ဘတ်ကို ပြင်းပြင်းထန်ထန် ဆောင့်မိတဲ့ ဒဏ်ရာကြောင့် ကွယ်လွန်ခဲ့တာလို့ စစ်ဆေးမှု အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အိုင်ဗာနာဟာ သမ္မတဟောင်း ထရမ့်ရဲ့ ပထမ ဇနီးဖြစ်ပြီး ဒေါ်နယ်လ်ထရမ့် ဂျူနီယာ၊ အိုင်ဗန်ကာ ထရမ့်နဲ့ အဲရစ်ထရမ့်ဆိုတဲ့ သားသမီး ၃ ယောက် ရရှိထားပါတယ်။

ချက်ကိုဆလိုဗက်ကီးယားမှာ မွေးဖွားခဲ့တဲ့ အိုင်ဗာနာဟာ ဘီလီယံနာ သူဌေးကြီး ထရမ့်နဲ့ ၁၉၇၇ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ၁၅ နှစ်အကြာ ၁၉၉၂ ခုနှစ်မှာ ကွာရှင်းခဲ့ပါတယ်။ အမေရိကန် မီဒီယာတွေရဲ့ ဖော်ပြချက်အရ အိုင်ဗာနာဟာ ဇူလိုင် ၁၄ ရက်မှာ နယူးယောက်မြို့၊ ကိုယ်ပိုင် တိုက်ခန်း လှေကားကနေ ခြေချော်ကျခဲ့တာလို့ သိရပါတယ်။

အိုင်ဗန်နာဟာ လှပပြီး ထူးခြားတဲ့၊ အံ့ဩစရာတွေ ပြည့်နှက်နေတဲ့ အမျိုးသမီး တစ်ဦးဖြစ်ပြီး သူ့ဘဝမှာ ကောင်းမွန် ခမ်းနားတဲ့ လွှမ်းမိုးမှုတွေ ရှိစေခဲ့တယ်လို့ သမ္မတဟောင်း ထရမ့်က အမှတ်တရ ဆိုပါတယ်။ ထရမ့် ဇနီးမောင်နှံဟာ ၁၉၈၀ နဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေ အတောအတွင်း နယူးယောက်မှာ လူသိများတဲ့ စုံတွဲဖြစ်ခဲ့သလို သူတို့ရဲ့ ကွာရှင်းမှု သတင်းကိုလည်း လူထုက အထူးတလည် စိတ်ဝင်စားခဲ့ပါတယ်။

အိုင်ဗာနာဟာ ထရမ့်မတိုင်ခင်က တစ်ကြိမ် လက်ထပ်ခဲ့ဖူးပြီး သူ့ရဲ့ ပထမဆုံး အိမ်ထောင်ဖက်က ဩစတြီးယား နှင်းလျှောစီး နည်းပြ အဲလ်ဖရက်ဒ် ဝင်ကယ်လ်မေယာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ဦးဟာ သူငယ်ချင်းတွေသာ ဖြစ်ကြပြီး အိုင်ဗာနာက အမေရိကန် နိုင်ငံသား ဖြစ်ခွင့် ရချင်လို့ စာချုပ်စာတမ်းအရ လက်ထပ်ခဲ့တာသာ ဖြစ်တယ်ဆိုတဲ့ ကောလာဟလတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

ဝင်ကယ်လ်မေယာနဲ့ လက်ထပ်လိုက်တဲ့အတွက် အိုင်ဗာနာ အနေနဲ့ ကွန်မြူနစ်ဝါဒ ကျင့်သုံးနေတဲ့ မိခင်နိုင်ငံကနေ တရားဝင် ထွက်ခွာခွင့် ရခဲ့ကြောင်းလည်း သိရပါတယ်။

You May Also Like

သတင်း

ယမန်နေ့ (မတ်လ ၂ရက်) ညပိုင်း ၈နာရီခွဲက ကင်းပတ်နေသည့် ရဲကားအား အင်းတော်မြို့ လမ်းဆုံမီးပွိုင့်တွင် ဖောက်ခွဲတိုက်ခိုက်ရန် ကြိုးစားနေသည့် အသက်(၂၀)ကျော်အရွယ် ရဲဘော်နှစ်ဦး မတော်တဆဖြစ်၍ ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

သီဟတင်စိုးက ကွယ်လွန်ချိန်မှာ အသက် ၅၅ နှစ်အရွယ်ရှိပြီဖြစ်ပြီး သင်္ဃန်းကျွန်းဆေးရုံမှာကွယ်လွန်သွားတာလို့ သိရပါတယ်။

နိုင်ငံတကာ

ရေဝင် ကျောက်ဂူထဲ ပိတ်မိနေတဲ့ လူငယ်တွေကို ရေငုပ်သမားတွေက ရှာတွေ့တဲ့အချိန် မီးရောင်မှာ မြင်ခဲ့ရတဲ့ ပရွန်သပ်ရဲ့ ပြုံးပျော်နေတဲ့ မျက်နှာဟာ အဲဒီတုန်းက သမိုင်းဝင် ပုံရိပ်တစ်ခုတောင် ဖြစ်ခဲ့ဖူးပါတယ်။

သတင်း

ကျောက်လုံးကြီးKLG တပ်မဟာသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၏ အောက်တွင် ယင်းမာပင်ခရိုင်၊ အမှတ် ၂၁၊၂၂၊ ၂၃ တပ်ရင်းများအဖြစ် ဖွဲ့စည်းထားပြီးဖြစ်သည်။