Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ညစာစားပွဲ ပစ်ခတ်မှုဟာ ထရမ့်နဲ့ အမေရိကန် အစိုးရ အရာရှိတွေကို ပစ်မှတ်ထားခဲ့တာလို့ ယုံကြည်ရ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် ရှိနေတဲ့ ဟိုတယ်မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုဟာ ထရမ့်နဲ့ အစိုးရ အရာရှိကြီးတွေကို ပစ်မှတ်ထားဖို့ အကြံအစည်တစ်ခု ဖြစ်နိုင်ကြောင်း စုံစမ်းစစ်ဆေးရေး အရာရှိတွေက ပြောပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် ရှိနေတဲ့ ဟိုတယ်မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုဟာ ထရမ့်နဲ့ အစိုးရ အရာရှိကြီးတွေကို ပစ်မှတ်ထားဖို့ အကြံအစည်တစ်ခု ဖြစ်နိုင်ကြောင်း စုံစမ်းစစ်ဆေးရေး အရာရှိတွေက ပြောပါတယ်။

ဧပြီ ၂၅ ရက် ညပိုင်းက ဝါရှင်တန်ဒီစီ မြို့တော်မှာ ရှိနေတဲ့ ဟီလ်တန် ဟိုတယ်မှာ အိမ်ဖြူတော် သတင်းထောက်များ အစည်းအရုံး (WHCA)ရဲ့ နှစ်ပတ်လည် ညစာစားပွဲ ကျင်းပနေတုန်း သေနတ်သမား တစ်ဦးက ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ဟိုတယ်ရဲ့ ညစာစားပွဲ ခန်းမမှာ ထရမ့်က မိန့်ခွန်းပြောဖို့ ပြင်ဆင်နေချိန် အသက် ၃၁ နှစ်အရွယ်၊ ဧည့်သည်တစ်ဦးက ခန်းမရဲ့ ရှေ့ဖက်က လုံခြုံရေး စစ်ဆေးတဲ့ ဂိတ်နားမှာ စတင်ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

သေနတ်သမားဟာ ကယ်လီဖိုးနီးယားက လာရောက်တဲ့ ကိုးလ်တောမက်စ် အလန်ဆိုတဲ့ အချိန်ပိုင်း ကျောင်းဆရာ တစ်ဦးဖြစ်ကြောင်း အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။ အလန်ရဲ့ LinkedIn အကောင့်မှာတော့ သူ့ကိုယ်သူ စက်မှု အင်ဂျင်နီယာတစ်ဦး၊ ဂိမ်း developerတစ်ဦး၊ အချိန်ပိုင်း ကျောင်းဆရာ တစ်ဦးအဖြစ် မိတ်ဆက် ဖော်ပြထားပါတယ်။ သူ့လက်ချက်ကြောင့် လုံခြုံရေး အရာရှိတစ်ဦး ကျည်ဆန် ထိမှန်ခဲ့ပေမယ့် ကျည်ကာအင်္ကျီ ဝတ်ထားတဲ့အတွက် ပြင်းပြင်းထန်ထန်တော့ ဒဏ်ရာရမသွားခဲ့ပါဘူး။ အလန်ကိုတော့ အဲဒီနေရာမှာပဲ ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့ကြပါတယ်။

ပစ်ခတ်မှု ဖြစ်ပွားတဲ့နောက် သမ္မတရဲ့ ကိုယ်ရံတော်တွေက ထရမ့်၊ သမ္မတကတော် မယ်လာနီယာထရမ့်၊ ဒုတိယ သမ္မတ ဂျိမ်းစ် ဒေးဗစ် ဗန့်စ်တို့နဲ့ အမေရိကန် အစိုးရ အရာရှိတွေကို ချက်ချင်း ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

အစောပိုင်းတုန်းက အလန်ရဲ့ ပစ်ခတ်မှုဟာ ထရမ့်ကို ပစ်မှတ်ထားတာ ဟုတ်မဟုတ် မသေချာဘဲ သတင်းတွေ ရောထွေးနေခဲ့ပေမယ့် ကနဦး စစ်ဆေးစုံစမ်းမှုတွေ အပြီးမှာတော့ သေနတ်သမားဟာ ထရမ့်နဲ့ အစိုးရ အရာရှိတွေကို ရည်ရွယ် တိုက်ခိုက်ခဲ့ဟန်ရှိကြောင်း တာဝန်ရှိသူတွေက မှတ်ချက်ပေးလာခဲ့ပါတယ်။

အမေရိကန် ယာယီ ရှေ့နေချုပ် တော့ဒ်ဘလန်ချေးက သေနတ်သမားရဲ့ အဓိက ရည်ရွယ်ချက်ကို ဖော်ထုတ်နိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်ကြောင်း၊ ဒါပေမဲ့ ကနဦး တွေ့ရှိချက်တွေအရ သူဟာ သမ္မတ ထရမ့် အပါအဝင် အစိုးရ အရာရှိတွေကို တမင် ပစ်မှတ်ထားခဲ့တယ်လို့ ယုံကြည်ရကြောင်း ပြောပါတယ်။ သတင်းတွေရဲ့ အဆိုအရ အလန်ဟာ စုံစမ်းစစ်ဆေးမှုတွေမှာ ပူးပေါင်းခြင်း မရှိဘူးလို့လည်း သိရပါတယ်။

လောလောဆယ်မှာတော့ စုံထောက်တွေဟာ အလန်က သူယူဆောင်လာတဲ့ လက်နက်တွေကို ဟိုတယ်ခန်းထဲမှာ တပ်ဆင်ခဲ့တယ်ဆိုတဲ့ သတင်းကို အတည်ပြုနိုင်ဖို့ စုံစမ်းနေဆဲလို့လည်း ဘလန်ချေးက ဆိုပါတယ်။ သူက သေနတ်သမားဟာ ထရမ့်နဲ့ အရမ်းနီးကပ်တဲ့ လုံခြုံရေး အတွင်းစည်း နေရာမျိုးဆီ လုံးဝ မချဉ်းကပ်နိုင်ခဲ့ဘူးလို့လည်း အလေးအနက် ပြောကြားသွားပါတယ်။ လုံခြုံရေးဇုန်ရဲ့ အစွန်အဖျားနားကိုတောင် အလန်က ချိုးဖောက်ဝင်နိုင်ခဲ့တယ် ဆိုရုံလေးဖြစ်ကြောင်း ယာယီ ရှေ့နေချုပ်က ဆိုပါတယ်။ အလန်ဟာ ပြောင်းတိုသေနတ်တစ်လက်၊ ပစ္စတိုတစ်လက်နဲ့ ဓားတချို့ကို ယူဆောင်လာပြီး တိုက်ခိုက်မှုကို ကျူးလွန်ခဲ့တာပါ။

ထရမ့်က မျှဝေထားခဲ့တဲ့ လုံခြုံရေး ကင်မရာ မှတ်တမ်း ဗီဒီယိုမှာတော့ လုံခြုံရေး အရာရှိတွေကြားကနေ အငိုက်ဖမ်းပြီး ဖြတ်ပြေးသွားတဲ့ လူတစ်ယောက်နောက်ကို အရာရှိတွေက လိုက်သွားကြတာ တွေ့ရပါတယ်။ မျက်မြင်တွေရဲ့ အဆိုအရ အဲဒီဖြစ်ရပ်မှာ သေနတ်သံ ၅ ချက်ကနေ ၈ ချက်ကြားလောက် ကြားခဲ့ရကြောင်းလည်း သိရပါတယ်။ အလန်ကို ဖမ်းဆီးပြီးတဲ့နောက် ဆေးရုံပို့ခဲ့ပေမယ့် သေနတ်ဒဏ်ရာကြောင့်တော့ မဟုတ်ဘူးလို့လည်း တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။

အဲဒီဖြစ်ရပ်အပြီး ညစာစားပွဲ အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ရပါတယ်။ ဧပြီ ၂၇ ရက်နေ့မှာ အလန်ကို ဝါရှင်တန်ဒီစီမှာ စတင်စွဲချက်တင်ဖို့ စီစဉ်ထားပြီး ကနဦးအနေနဲ့ လက်နက်ကိုင်ပြီး ရန်လို အကြမ်းဖက်မှု၊ တရားဥပဒေ စိုးမိုးရေး အရာရှိကို တိုက်ခိုက်မှုစတဲ့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်ရဖွယ် ရှိပါတယ်။ နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ ပြီးရင်တော့ သူ့အပေါ် စွဲချက်တွေ ထပ်တိုးလာဖွယ် ရှိတယ်လို့လည်း သိရပါတယ်။

ကိုးကား: BBC

ဓာတ်ပုံ – Getty Images, AP, Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။