Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကဘူးလ်က လူစည်ကားရာ ဗလီမှာ ဗုံးကွဲပြီး ၂၁ ဦးထက်မနည်း သေဆုံး

မျက်မြင်တွေကတော့ ပေါက်ကွဲမှုဟာ ဗလီ အတွင်းပိုင်းမှာ ဖြစ်ခဲ့တာလို့ ယုံကြည်ရကြောင်း ပြောပါတယ်။ ကနဦး စုံစမ်းမှုတွေအရ ဒီပေါက်ကွဲမှုဟာ အသေခံ ဗုံးခွဲသမား တစ်ယောက်ရဲ့ လက်ချက် ဖြစ်နိုင်တယ်လို့ တာလီဘန် ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ကဘူးလ်က လူစည်ကားရာ ဗလီမှာ ဗုံးကွဲပြီး ၂၁ ဦးထက်မနည်း သေဆုံး
ကဘူးလ်က လူစည်ကားရာ ဗလီမှာ ဗုံးကွဲပြီး ၂၁ ဦးထက်မနည်း သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ၊ ကဘူးလ်မြို့တော်က လူစည်ကားနေတဲ့ ဗလီတစ်ခုမှာ ပြင်းထန်တဲ့ ဗုံးခွဲမှုတစ်ခု ဖြစ်ခဲ့ပြီး လူ ၂၁ ဦးထက်မနည်း သေဆုံးသွားပါတယ်။

ဩဂုတ် ၁၇ ရက် ဖြစ်ရပ်ဟာ အာဖဂန်ကို တာလီဘန်တွေ ပြန်လည် အုပ်စိုးခဲ့ပြီး တစ်နှစ်အကြာ နှစ်ပတ်လည် ကာလ ဝန်းကျင်မှာ ပေါ်ပေါက်လာတာပါ။ ပေါက်ကွဲတဲ့ အရှိန်က အရမ်း ကြမ်းတမ်းခဲ့ပြီး ၂၁ ဦးသေ၊ ၃၃ ဦး ဒဏ်ရာရခဲ့တယ်လို့ တာလီဘန် အစိုးရ ခန့်အပ်ထားတဲ့ ကဘူးလ်ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

တာလီဘန်တွေ အနေနဲ့ စစ်သွေးကြွတွေ အဖြစ်ကနေ အစိုးရ တာဝန်တွေ ပြောင်းလဲယူခဲ့ချိန်မှာ အားနည်းချက် ပေါင်းစုံကြောင့် ဝေဖန်ခံနေရပြီး အခုအခါ တစ်ချိန်က သူတို့ကိုယ်တိုင် အသုံးပြုခဲ့တဲ့ အကြမ်းဖက် နည်းလမ်းတွေနဲ့ပါ ပြန်လည် ရင်ဆိုင်နေရပါတယ်။

ကဘူးလ်က ဗလီကို ဗုံးခွဲခဲ့တာဟာ ဘယ်အဖွဲ့အစည်းရဲ့ လက်ချက်ဆိုတာ မသိရသေးပါဘူး။ ဒါပေမဲ့ အဲဒီမတိုင်ခင် တစ်ပတ် အလိုလောက်တုန်းက တာလီဘန်တွေကို ထောက်ခံတဲ့ မွတ်ဆလင် တရားဟောဆရာ တစ်ယောက်ကို ကဘူးလ်မှာပဲ အိုင်အက်စ် အကြမ်းဖက် အဖွဲ့က လုပ်ကြံခဲ့ဖူးပါတယ်။ အိုင်အက်စ်နဲ့ တာလီဘန်တွေဟာ ခါးသီး ပြိုင်ဘက်တွေအဖြစ် ကာလရှည်ကြာ ရပ်တည်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

အခု ဗုံးခွဲမှုက ဗလီထဲမှာ ညနေပိုင်း ဝတ်ပြုသူတွေ စုဝေးနေချိန်ကို သေချာ ရွေးချယ်ပြီး တိုက်ခိုက်သွားတာ ဖြစ်ပါတယ်။ သေဆုံးသူတွေ၊ ထိခိုက်ဒဏ်ရာ ရသူတွေထဲမှာ ကလေးငယ်တွေလည်း ပါဝင်တယ်လို့ အခင်းဖြစ်တဲ့ နေရာမှာ သွားရောက် ကူညီခဲ့တဲ့ ပရဟိတ အဖွဲ့ဝင်တွေက ပြောပါတယ်။

မျက်မြင်တွေကတော့ ပေါက်ကွဲမှုဟာ ဗလီ အတွင်းပိုင်းမှာ ဖြစ်ခဲ့တာလို့ ယုံကြည်ရကြောင်း ပြောပါတယ်။ ကနဦး စုံစမ်းမှုတွေအရ ဒီပေါက်ကွဲမှုဟာ အသေခံ ဗုံးခွဲသမား တစ်ယောက်ရဲ့ လက်ချက် ဖြစ်နိုင်တယ်လို့ တာလီဘန် ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

တာလီဘန်တွေဟာ အာဖဂန်ရဲ့ အစိုးရ ဖြစ်လာချိန်မှာ အိုင်အက်စ်တွေရဲ့ ထိုးနှက်ချက်ကို အတော်ကြီး ပြင်းပြင်းထန်ထန် သက်ရောက် ခံစားနေရပါတယ်။ ကဘူးလ်မြို့ပေါ်မှာတင် ပြီးခဲ့တဲ့ တစ်လအတွင်း တာလီဘန်တွေကို ထောက်ခံတဲ့ ဘာသာရေးခေါင်းဆောင် ၃ ယောက်ဟာ အိုင်အက်စ်ရဲ့ ပစ်မှတ် ဖြစ်ခဲ့ပြီး တခြားမြို့တွေမှာလည်း တာလီဘန် လိုလားတဲ့ လူမှုရေး၊ ဘာသာရေး ခေါင်းဆောင်တွေ လုပ်ကြံ ခံနေရကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။