Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ကဘူးလ်လေဆိပ် ဗုံးခွဲမှုအတွက် လေကြောင်း တိုက်ခိုက်မှုနဲ့ လက်တုံ့ပြန်ခဲ့တဲ့ အမေရိကန်

အာဖဂန် နစ္စတန်က အိုင်အက်စ် အကြမ်းဖက် အဖွဲ့ရဲ့ အရေးကြီးတဲ့ ပစ်မှတ်တစ်ခုကို အမေရိကန်က လေကြောင်းကနေ တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

ကဘူးလ်လေဆိပ် ဗုံးခွဲမှုအတွက် လေကြောင်း တိုက်ခိုက်မှုနဲ့ လက်တုံ့ပြန်ခဲ့တဲ့ အမေရိကန် အာဖဂန် နစ္စတန်က အိုင်အက်စ် အကြမ်းဖက် အဖွဲ့ရဲ့ အရေးကြီးတဲ့ ပစ်မှတ်တစ်ခုကို အမေရိကန်က လေကြောင်းကနေ တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ ဩဂုတ် ၂၇ ရက်က နန်ဂါဟာ ဒေသမှာ ဒရုန်းနဲ့ လေကြောင်း တိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ပြီး အိုင်အက်စ်ကေ အဖွဲ့ရဲ့ စစ်ဆင်ရေးမှူး တစ်ဦး သေဆုံးသွားကြောင်း အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်က ကြေညာပါတယ်။ အိုင်အက်စ်ကေဟာ အိုင်အက်စ်တွေရဲ့ အာဖဂန် အခြေစိုက် အဖွဲ့ခွဲတစ်ခု ဖြစ်ပါတယ်။ ဩဂုတ် ၂၆ ရက် မနက်ပိုင်းက အာဖဂန်နိုင်ငံ၊ ကဘူးလ်မြို့တော် လေဆိပ် အပြင်ဖက်မှာ ဗုံးခွဲမှုတွေကြောင့် အမေရိကန် မရိန်း တပ်ဖွဲ့ဝင် ၁၃ ဦး အပါအဝင် လူပေါင်း ၁၇၀ ကျော် သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကို လက်တုံ့ပြန်တဲ့ အနေနဲ့ အခု လေကြောင်းတိုက်ခိုက်မှုကို အကောင်အထည် ဖော်ခဲ့တာပါ။ လေဆိပ် ဗုံးခွဲမှုဟာ သူတို့လက်ချက် ဖြစ်တယ်လို့ အိုင်အက်စ်ကေက ကြေညာထားပါတယ်။ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က အမေရိကန် စစ်သည်တွေ အသက်ပေးလိုက်ရတဲ့ အကြမ်းဖက် တိုက်ခိုက်မှုအတွက် အစွမ်းကုန် လက်တုံ့ပြန်သွားမယ်လို့ ကတိပြုထားပါတယ်။ တစ်ဖက်မှာလည်း အခုလကုန် မတိုင်ခင် အာဖဂန်ရောက် အမေရိကန် နိုင်ငံသားတွေနဲ့ တခြား ခိုလှုံခွင့် ပြုထားသူတွေ အရေးပေါ် ရွှေ့ပြောင်းပေးရေး ကိစ္စကိုလည်း အရှိန်မြှင့် ဆောင်ရွက်နေပါတယ်။ ကဘူးလ်ကို တာလီဘန် စစ်သွေးကြွတွေက သိမ်းပိုက်လိုက်တဲ့နောက် အမေရိကန်က အခုလို အရေးပေါ် ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်နေရတာပါ။ ကဘူးလ်လေဆိပ် ဗုံးပေါက်ကွဲမှုအပြီးမှာ နောက်ထပ် အကြမ်းဖက် တိုက်ခိုက်လာနိုင်တဲ့ အခြေအနေတွေ အတွက်လည်း လုံခြုံရေးအရ စိုးရိမ်နေရပါတယ်။ အမေရိကန်နဲ့ မဟာမိတ် နိုင်ငံတွေဟာ အခုလ မကုန်ခင် ကဘူးလ်ကနေ လူပေါင်း တစ်သိန်းကျော်ကို ရွှေ့ပြောင်းပေးရဖွယ် ရှိနေကြောင်းလည်း သတင်းတွေက ဖော်ပြထားပါတယ်။

ဩဂုတ် ၂၇ ရက်က နန်ဂါဟာ ဒေသမှာ ဒရုန်းနဲ့ လေကြောင်း တိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ပြီး အိုင်အက်စ်ကေ အဖွဲ့ရဲ့ စစ်ဆင်ရေးမှူး တစ်ဦး သေဆုံးသွားကြောင်း အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်က ကြေညာပါတယ်။ အိုင်အက်စ်ကေဟာ အိုင်အက်စ်တွေရဲ့ အာဖဂန် အခြေစိုက် အဖွဲ့ခွဲတစ်ခု ဖြစ်ပါတယ်။

ဩဂုတ် ၂၆ ရက် မနက်ပိုင်းက အာဖဂန်နိုင်ငံ၊ ကဘူးလ်မြို့တော် လေဆိပ် အပြင်ဖက်မှာ ဗုံးခွဲမှုတွေကြောင့် အမေရိကန် မရိန်း တပ်ဖွဲ့ဝင် ၁၃ ဦး အပါအဝင် လူပေါင်း ၁၇၀ ကျော် သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကို လက်တုံ့ပြန်တဲ့ အနေနဲ့ အခု လေကြောင်းတိုက်ခိုက်မှုကို အကောင်အထည် ဖော်ခဲ့တာပါ။ လေဆိပ် ဗုံးခွဲမှုဟာ သူတို့လက်ချက် ဖြစ်တယ်လို့ အိုင်အက်စ်ကေက ကြေညာထားပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က အမေရိကန် စစ်သည်တွေ အသက်ပေးလိုက်ရတဲ့ အကြမ်းဖက် တိုက်ခိုက်မှုအတွက် အစွမ်းကုန် လက်တုံ့ပြန်သွားမယ်လို့ ကတိပြုထားပါတယ်။ တစ်ဖက်မှာလည်း အခုလကုန် မတိုင်ခင် အာဖဂန်ရောက် အမေရိကန် နိုင်ငံသားတွေနဲ့ တခြား ခိုလှုံခွင့် ပြုထားသူတွေ အရေးပေါ် ရွှေ့ပြောင်းပေးရေး ကိစ္စကိုလည်း အရှိန်မြှင့် ဆောင်ရွက်နေပါတယ်။

ကဘူးလ်ကို တာလီဘန် စစ်သွေးကြွတွေက သိမ်းပိုက်လိုက်တဲ့နောက် အမေရိကန်က အခုလို အရေးပေါ် ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်နေရတာပါ။ ကဘူးလ်လေဆိပ် ဗုံးပေါက်ကွဲမှုအပြီးမှာ နောက်ထပ် အကြမ်းဖက် တိုက်ခိုက်လာနိုင်တဲ့ အခြေအနေတွေ အတွက်လည်း လုံခြုံရေးအရ စိုးရိမ်နေရပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်နဲ့ မဟာမိတ် နိုင်ငံတွေဟာ အခုလ မကုန်ခင် ကဘူးလ်ကနေ လူပေါင်း တစ်သိန်းကျော်ကို ရွှေ့ပြောင်းပေးရဖွယ် ရှိနေကြောင်းလည်း သတင်းတွေက ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂဆိုင်ရာ အီရန် သံတမန် အဖွဲ့က အီရန်ရဲ့ တိုက်ခိုက်မှုဟာ တရားမျှတပြီး အမေရိကန် အနေနဲ့ ကြားမဝင်ဖို့ လိုတယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။