Connect with us

Hi, what are you looking for?

ဗီဒီယို

ကဘူးလ်လေဆိပ် ဗုံးခွဲမှုအတွက် လေကြောင်း တိုက်ခိုက်မှုနဲ့ လက်တုံ့ပြန်ခဲ့တဲ့ အမေရိကန်

အာဖဂန် နစ္စတန်က အိုင်အက်စ် အကြမ်းဖက် အဖွဲ့ရဲ့ အရေးကြီးတဲ့ ပစ်မှတ်တစ်ခုကို အမေရိကန်က လေကြောင်းကနေ တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

ကဘူးလ်လေဆိပ် ဗုံးခွဲမှုအတွက် လေကြောင်း တိုက်ခိုက်မှုနဲ့ လက်တုံ့ပြန်ခဲ့တဲ့ အမေရိကန် အာဖဂန် နစ္စတန်က အိုင်အက်စ် အကြမ်းဖက် အဖွဲ့ရဲ့ အရေးကြီးတဲ့ ပစ်မှတ်တစ်ခုကို အမေရိကန်က လေကြောင်းကနေ တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ ဩဂုတ် ၂၇ ရက်က နန်ဂါဟာ ဒေသမှာ ဒရုန်းနဲ့ လေကြောင်း တိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ပြီး အိုင်အက်စ်ကေ အဖွဲ့ရဲ့ စစ်ဆင်ရေးမှူး တစ်ဦး သေဆုံးသွားကြောင်း အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်က ကြေညာပါတယ်။ အိုင်အက်စ်ကေဟာ အိုင်အက်စ်တွေရဲ့ အာဖဂန် အခြေစိုက် အဖွဲ့ခွဲတစ်ခု ဖြစ်ပါတယ်။ ဩဂုတ် ၂၆ ရက် မနက်ပိုင်းက အာဖဂန်နိုင်ငံ၊ ကဘူးလ်မြို့တော် လေဆိပ် အပြင်ဖက်မှာ ဗုံးခွဲမှုတွေကြောင့် အမေရိကန် မရိန်း တပ်ဖွဲ့ဝင် ၁၃ ဦး အပါအဝင် လူပေါင်း ၁၇၀ ကျော် သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကို လက်တုံ့ပြန်တဲ့ အနေနဲ့ အခု လေကြောင်းတိုက်ခိုက်မှုကို အကောင်အထည် ဖော်ခဲ့တာပါ။ လေဆိပ် ဗုံးခွဲမှုဟာ သူတို့လက်ချက် ဖြစ်တယ်လို့ အိုင်အက်စ်ကေက ကြေညာထားပါတယ်။ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က အမေရိကန် စစ်သည်တွေ အသက်ပေးလိုက်ရတဲ့ အကြမ်းဖက် တိုက်ခိုက်မှုအတွက် အစွမ်းကုန် လက်တုံ့ပြန်သွားမယ်လို့ ကတိပြုထားပါတယ်။ တစ်ဖက်မှာလည်း အခုလကုန် မတိုင်ခင် အာဖဂန်ရောက် အမေရိကန် နိုင်ငံသားတွေနဲ့ တခြား ခိုလှုံခွင့် ပြုထားသူတွေ အရေးပေါ် ရွှေ့ပြောင်းပေးရေး ကိစ္စကိုလည်း အရှိန်မြှင့် ဆောင်ရွက်နေပါတယ်။ ကဘူးလ်ကို တာလီဘန် စစ်သွေးကြွတွေက သိမ်းပိုက်လိုက်တဲ့နောက် အမေရိကန်က အခုလို အရေးပေါ် ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်နေရတာပါ။ ကဘူးလ်လေဆိပ် ဗုံးပေါက်ကွဲမှုအပြီးမှာ နောက်ထပ် အကြမ်းဖက် တိုက်ခိုက်လာနိုင်တဲ့ အခြေအနေတွေ အတွက်လည်း လုံခြုံရေးအရ စိုးရိမ်နေရပါတယ်။ အမေရိကန်နဲ့ မဟာမိတ် နိုင်ငံတွေဟာ အခုလ မကုန်ခင် ကဘူးလ်ကနေ လူပေါင်း တစ်သိန်းကျော်ကို ရွှေ့ပြောင်းပေးရဖွယ် ရှိနေကြောင်းလည်း သတင်းတွေက ဖော်ပြထားပါတယ်။

ဩဂုတ် ၂၇ ရက်က နန်ဂါဟာ ဒေသမှာ ဒရုန်းနဲ့ လေကြောင်း တိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ပြီး အိုင်အက်စ်ကေ အဖွဲ့ရဲ့ စစ်ဆင်ရေးမှူး တစ်ဦး သေဆုံးသွားကြောင်း အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်က ကြေညာပါတယ်။ အိုင်အက်စ်ကေဟာ အိုင်အက်စ်တွေရဲ့ အာဖဂန် အခြေစိုက် အဖွဲ့ခွဲတစ်ခု ဖြစ်ပါတယ်။

ဩဂုတ် ၂၆ ရက် မနက်ပိုင်းက အာဖဂန်နိုင်ငံ၊ ကဘူးလ်မြို့တော် လေဆိပ် အပြင်ဖက်မှာ ဗုံးခွဲမှုတွေကြောင့် အမေရိကန် မရိန်း တပ်ဖွဲ့ဝင် ၁၃ ဦး အပါအဝင် လူပေါင်း ၁၇၀ ကျော် သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကို လက်တုံ့ပြန်တဲ့ အနေနဲ့ အခု လေကြောင်းတိုက်ခိုက်မှုကို အကောင်အထည် ဖော်ခဲ့တာပါ။ လေဆိပ် ဗုံးခွဲမှုဟာ သူတို့လက်ချက် ဖြစ်တယ်လို့ အိုင်အက်စ်ကေက ကြေညာထားပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က အမေရိကန် စစ်သည်တွေ အသက်ပေးလိုက်ရတဲ့ အကြမ်းဖက် တိုက်ခိုက်မှုအတွက် အစွမ်းကုန် လက်တုံ့ပြန်သွားမယ်လို့ ကတိပြုထားပါတယ်။ တစ်ဖက်မှာလည်း အခုလကုန် မတိုင်ခင် အာဖဂန်ရောက် အမေရိကန် နိုင်ငံသားတွေနဲ့ တခြား ခိုလှုံခွင့် ပြုထားသူတွေ အရေးပေါ် ရွှေ့ပြောင်းပေးရေး ကိစ္စကိုလည်း အရှိန်မြှင့် ဆောင်ရွက်နေပါတယ်။

ကဘူးလ်ကို တာလီဘန် စစ်သွေးကြွတွေက သိမ်းပိုက်လိုက်တဲ့နောက် အမေရိကန်က အခုလို အရေးပေါ် ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်နေရတာပါ။ ကဘူးလ်လေဆိပ် ဗုံးပေါက်ကွဲမှုအပြီးမှာ နောက်ထပ် အကြမ်းဖက် တိုက်ခိုက်လာနိုင်တဲ့ အခြေအနေတွေ အတွက်လည်း လုံခြုံရေးအရ စိုးရိမ်နေရပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်နဲ့ မဟာမိတ် နိုင်ငံတွေဟာ အခုလ မကုန်ခင် ကဘူးလ်ကနေ လူပေါင်း တစ်သိန်းကျော်ကို ရွှေ့ပြောင်းပေးရဖွယ် ရှိနေကြောင်းလည်း သတင်းတွေက ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို သောကြာနေ့၊ ဇွန်လ ၁၉ ရက်မှာ အလုံးစုံ ပြန်ဖွင့်နိုင်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အတွေးအမြင်

အမေရိကန်နိုင်ငံရေးအခင်းအကျင်းမှာ ၂၀၂၆ ခုနှစ်အလယ်သက်တမ်းရွေးကောက်ပွဲကို မျက်စိကျလာနေချိန်မှာ သမ္မတဒေါ်နယ်ထရမ့်အတွက် စိုးရိမ်စရာအချက်တစ်ခု ထင်ထင်ရှားရှားပေါ်လာနေပါတယ်။ အဲဒါကတော့ နှစ်ပေါင်းများစွာ သူ့ရဲ့ နိုင်ငံရေးအင်အား အခြေခံအဖြစ် ရပ်တည်ခဲ့တဲ့ အလုပ်သမားတန်းစား လူဖြူ မဲဆန္ဒရှင်တွေကြားမှာ စီးပွားရေးအပေါ် ယုံကြည်မှု လျော့နည်းလာခြင်းပါ။