Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ်ဘ်ရဲ့ ဇနီး အဂတိမှုနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရ

သူက လာဘ်ငွေ ယူပါတယ်၊ အဲဒီငွေတွေကို ရေတွက်နေပါတယ်လို့ မျက်မြင်တွေ့တဲ့သူ တစ်ယောက်မှ မရှိကြောင်း၊ ဒါပေမဲ့ ထင်ကြေးတွေကိုပဲ အခြေခံပြီး ဒီလို စီရင်ချက်ကို တရားရုံးက ချမှတ်ခဲ့ကြောင်း၊ ဒီကိစ္စအတွက် ဘုရားသခင်ရဲ့ အလိုတော်လို့သာ ခံယူလိုက်ကြောင်း ရော့စ်မားက ဆိုပါတယ်။

မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ်ဘ်ရဲ့ ဇနီး အဂတိမှုနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရ
မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ်ဘ်ရဲ့ ဇနီး အဂတိမှုနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရ

မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ်ဘ် ရာဇက်ခ်ရဲ့ ဇနီးဖြစ်သူဟာ အဂတိ လိုက်စားမှုတွေအတွက် ပြစ်မှုထင်ရှားကြောင်း တရားရုံးက ဆုံးဖြတ်ပြီး ထောင်ဒဏ် ၁၀ နှစ် စီရင် ချမှတ်လိုက်ပါတယ်။

ရော့စ်မား မန်ဆာဟာ ခင်ပွန်းသည် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူနေတုန်းက ရင်းဂစ်ငွေ ၁.၂၅ ဘီလီယံ တန်ဖိုးရှိတဲ့ အစိုးရ ပရောဂျက်တစ်ခု ရရှိအောင် ကုမ္ပဏီ တစ်ခုကို လက်ငွေယူပြီး ကူညီပေးခဲ့တဲ့အပြင် သီးခြား အဂတိမှု ၃ ခု အတွက်ပါ ပြစ်မှု ထင်ရှားကြောင်း ဖော်ထုတ် တွေ့ရှိခဲ့ပါတယ်။

သူဟာ ပြစ်မှုတွေအတွက် ထောင်ဒဏ် ၁၀ နှစ်ကို ပူးတွဲ ချမှတ် ခံရမယ်လို့ တရားရုံးချုပ်က ကြေညာပါတယ်။ ရော့စ်မားရဲ့ ခင်ပွန်းဖြစ်သူ ဝန်ကြီးချုပ်ဟောင်း နာဂျစ်ဘ်ဟာလည်း အဂတိမှုတွေအတွက် ပြစ်မှုထင်ရှားကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့တာကြောင့် မကြာသေးခင် ရက်ပိုင်းမှာ အယူခံ ပယ်ချခံရပြီး ထောင်ဒဏ် ၁၂ နှစ် ပြစ်ဒဏ်ကို စတင် ကျခံနေရပါတယ်။

အသက် ၇၀ အရွယ် ရော့စ်မားဟာ အဖိုးတန် လက်ဝတ်ရတနာတွေနဲ့ တန်ဖိုးကြီး အသုံးအဆောင် ပစ္စည်းတွေကို ထည်လဲ ဝတ်ဆင် အသုံးပြုလေ့ ရှိသူအဖြစ် လူသိများပါတယ်။ ၂၀၁၈ တုန်းက နာဂျစ်ဘ်နဲ့ ရော့စ်မားတို့ရဲ့ နေအိမ်ကို မလေးရှား ရဲတပ်ဖွဲ့က ဝင်ရောက် စီးနင်း ရှာဖွေတဲ့ အခါမှာ ဒေါ်လာ ၁.၆ သန်းတန်တဲ့ ရွှေနဲ့ စိန်လည်ဆွဲ တစ်ခု၊ ရတနာစီခြယ် အဖိုးတန် ခေါင်းဆောင်း ၁၄ ခုနဲ့ Hermes လက်ကိုင်အိတ် ၂၇၂ လုံးတို့ကို သိမ်းဆည်း ရမိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရော့စ်မားက သူဟာ အပြစ်မရှိဘူးလို့ တောက်လျှောက် ငြင်းဆိုနေခဲ့ပြီး စက်တင်ဘာ ၁ ရက်မှာ တရားရုံးချုပ် တရားသူကြီး ဇိုင်နီ မက်ဇ်လန်းက စီရင်ချက်ကို ဖတ်ကြားချိန်မှာတော့ နှုတ်ဆိတ်နေခဲ့ပါတယ်။ စီရင်ချက် အပြီးမှာတော့ သူက ဒီနေ့ ကြုံတွေ့ရတာတွေအတွက် အရမ်း ဝမ်းနည်းမိတယ်လို့ တရားသူကြီးကို မျက်ရည်လည်ရွဲနဲ့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။

သူက လာဘ်ငွေ ယူပါတယ်၊ အဲဒီငွေတွေကို ရေတွက်နေပါတယ်လို့ မျက်မြင်တွေ့တဲ့သူ တစ်ယောက်မှ မရှိကြောင်း၊ ဒါပေမဲ့ ထင်ကြေးတွေကိုပဲ အခြေခံပြီး ဒီလို စီရင်ချက်ကို တရားရုံးက ချမှတ်ခဲ့ကြောင်း၊ ဒီကိစ္စအတွက် ဘုရားသခင်ရဲ့ အလိုတော်လို့သာ ခံယူလိုက်ကြောင်း ရော့စ်မားက ဆိုပါတယ်။

သူဟာ ထောင်ဒဏ်အပြစ် ဒဏ်ကြေး ရင်းဂစ်ငွေ သန်းပေါင်း ၉၇၀ ပေးဆောင်ဖို့လည်း အမိန့်ချမှတ် ခံထားရပါတယ်။ ရော့စ်မား အနေနဲ့ ဘယ်အချိန်မှာ ထောင်ဒဏ်ကို စတင် ကျခံရမလဲ ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ သူဟာ ငွေကြေး ခဝါချမှု၊ အခွန်ရှောင်မှုတွေ အပါအဝင် နောက်ထပ် စွဲချက် ၁၇ ခုအတွက်လည်း တရားဆက်လက် ရင်ဆိုင်ရဦးမယ်လို့ မလေးရှား မီဒီယာတွေက ဖော်ပြသွားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အသက် ၁၀၀ ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ပျော်ပွဲစား ထွက်ရာက အမောဖောက်လာလို့ မလေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်ဟာ ဆေးရုံရောက်သွားခဲ့ပါတယ်။

သတင်း

ရွေးကောက်ပွဲကို အကြောင်းပြပြီး အာဆီယံရဲ့ ထောက်ခံမှုကိုရယူဖို့ မျှော်လင့်နေတဲ့ စစ်ကောင်စီအတွက် အထိနာစေမယ့်အခြေအနေတစ်ရပ်ဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာ

လေ့ကျင့်ပျံသန်းနေတုန်း မလေးရှား ရဲတပ်ဖွဲ့ရဲ့ ရဟတ်ယာဉ် ပျက်ကျမှုကြောင့် လူ ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

တောင်ကိုရီးယား၊ ဂျပန်နှင့် မလေးရှားနိုင်ငံတို့တွင် ပြည်ပရောက် မြန်မာနိုင်ငံသားများ စုပေါင်း၍ ဒေါ်အောင်ဆန်းစုကြည်၏ (၈၀)နှစ်ပြည့် မွေးနေ့အဖြစ် လူထုလှုပ်ရှားမှုများ အသီးသီး ပြုလုပ်ခဲ့သည်။