Connect with us

Hi, what are you looking for?

သတင်း

မလေးရှားကလွဲပြီး ကျန်တဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို စစ်ကောင်စီဗီဇာကင်းလွတ်ခွင့်ပေး

ကျန်တဲ့ ဖိလစ်ပိုင်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ်နဲ့ ဘရူနိုင်း နိုင်ငံတွေကို ပြည်ဝင်ခွင့် ဗီဇာ ကင်းလွတ်ခွင့်ပြုတယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။

မလေးရှားကလွဲပြီး ကျန်တဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို စစ်ကောင်စီဗီဇာကင်းလွတ်ခွင့်ပေး
မလေးရှားကလွဲပြီး ကျန်တဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို စစ်ကောင်စီဗီဇာကင်းလွတ်ခွင့်ပေး

NUG အစိုးရကို အားပေးထောက်ခံနေတဲ့ မလေးရှားနိုင်ငံကလွဲရင် ကျန်တဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို ပြည်ဝင်ခွင့်ဗီဇာကင်းလွတ်ခွင့်ပြုတယ်လို့ စစ်ကောင်စီက ဒီနေ့မှာ ကြေညာလိုက်ပါတယ်။

ကိုဗစ်အလွန် ပြည်ဝင်ခွင့်ဆိုင်ရာ ကန့်သတ်မှုကို ဖြေလျော့ရာမှာ စစ်ကောင်စီက မလေးရှားနိုင်ငံကိုချန်ထားခဲ့တာပါ။

ကျန်တဲ့ ဖိလစ်ပိုင်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ်နဲ့ ဘရူနိုင်း နိုင်ငံတွေကို ပြည်ဝင်ခွင့် ဗီဇာ ကင်းလွတ်ခွင့်ပြုတယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။

မလေးရှားအစိုးရဟာ အာဏာသိမ်း စစ်ကောင်စီကို အာဆီယံအစည်းအဝေးတွေမှာ တက်ရောက်ခွင့်မပြုဖို့ ဦးဆောင်ဆော်သြသူဖြစ်သလို လူထုကို ကိုယ်စားပြုတဲ့ NUG အစိုးရ ကိုထိတွေ့ဆက်ဆံဖို့ ၊ NUG ကို အသိအမှတ်ပြုဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းနေတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကျောင်းထဲမှာ မိန်းကလေး တစ်ဦးကို ဓားနဲ့ ထိုးသတ်ခဲ့တဲ့ ဆယ်ကျော်သက် ကျောင်းသားတစ်ဦးဟာ စိတ်ကျန်းမာရေး မကောင်းတဲ့အချိန် ပြစ်မှုကျူးလွန်ခဲ့တာလို့ ဆုံးဖြတ်ပြီး မလေးရှား တရားရုံးက တရားသေ လွှတ်ပေးလိုက်ပါတယ်။