Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မျက်နှာနားတေ့ပစ်တဲ့ သေနတ်က ကျည်မထွက်လို့ သေကံမရောက်ခဲ့တဲ့ အာဂျင်တီးနား ဒုတိယ သမ္မတ

လူသတ်သမားဟာ ဒုတိယ သမ္မတကို လုပ်ကြံမယ့် သေနတ်မှာ ကျည်ဆန် ၅ တောင့် ထည့်ထားပေမယ့် တစ်ချက်မှ ကျည်မထွက်ခဲ့ကြောင်း လက်ရှိ အာဂျင်တီးနား သမ္မတ အယ်လ်ဘာတို ဖာနန်ဒက်ဇ်က ရဲတွေရဲ့ အစီရင်ခံချက်ကို ကိုးကားပြီး သတင်းထောက်တွေကို ပြောကြားသွားပါတယ်။

မျက်နှာနားတေ့ပစ်တဲ့ သေနတ်က ကျည်မထွက်လို့ သေကံမရောက်ခဲ့တဲ့ အာဂျင်တီးနား ဒုတိယ သမ္မတ
မျက်နှာနားတေ့ပစ်တဲ့ သေနတ်က ကျည်မထွက်လို့ သေကံမရောက်ခဲ့တဲ့ အာဂျင်တီးနား ဒုတိယ သမ္မတ

လုပ်ကြံသူရဲ့ သေနတ်က ကျည်မထွက်ခဲ့တာကြောင့် အာဂျင်တီးနား ဒုတိယ သမ္မတဟာ အသက်အန္တရာယ်ကနေ ကင်းလွတ်ခဲ့ပါတယ်။

ဗီဒီယို မှတ်တမ်းတွေအရ သေနတ်သမားဟာ ဒုတိယ သမ္မတ ခရစ္စတီးနား ဖာနန်ဒက်ဇ် ဒီကစ်ချ်နာရဲ့ မျက်နှာနားမှာ သေနတ်နဲ့ တေ့ပြီး ပစ်ခဲ့ပေမယ့် သေနတ်က ဂျမ်းဖြစ်ပြီး ကျည်မထွက်ခဲ့တာ တွေ့ရပါတယ်။ သေနတ်သမားဟာ ခရစ္စတီးနားကို ထောက်ခံသူတွေကြားမှာ ရောနှော နေရာယူပြီး အပိုင် လုပ်ကြံဖို့ ကြိုးစားခဲ့တာပါ။ ခရစ္စတီးနားဟာ သူ့ကို အသေသတ်ပစ်နိုင်တဲ့ လက်နက်က မျက်နှာနဲ့ ကပ်နေတဲ့ထိ ကြုံခဲ့ပေမယ့် အရမ်း ကံကောင်းသွားခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၅ နှစ်အရွယ် ဘရာဇီး နိုင်ငံသား တစ်ဦးဖြစ်တဲ့ သေနတ်သမားကိုတော့ ဘေးမှာ ရှိနေသူတွေက ဝိုင်းဖမ်းပေးခဲ့ပြီး အခုအခါ ရဲစခန်းမှာ စစ်ဆေးနေပါတယ်။ ကိုယ်တိုင်က သမ္မတဟောင်း တစ်ဦး ဖြစ်ခဲ့ဖူးတဲ့ ခရစ္စတီးနားဟာ အဂတိ လိုက်စားမှု စွပ်စွဲချက်တွေအတွက် တရားရုံးမှာ သွားရောက် ဖြေရှင်း လျှောက်လဲပြီး အိမ်ကိုအပြန် ထောက်ခံ အားပေးသူတွေနဲ့ တွေ့ဆုံချိန်မှာ လုပ်ကြံမှုနဲ့ ကြုံခဲ့တာ ဖြစ်ပါတယ်။

လုပ်ကြံဖို့ အားထုတ်မှုရဲ့ နောက်ကွယ်က အကြောင်းရင်းကိုတော့ အတိအကျ မသိသေးပါဘူး။ လက်ဝဲယိမ်း နိုင်ငံရေးသမား တစ်ဦးဖြစ်တဲ့ ခရစ္စတီးနားဟာ ၂၀၀၇ ကနေ ၂၀၁၅ ခုနှစ်ထိ အာဂျင်တီးနား သမ္မတအဖြစ် တာဝန်ယူခဲ့ဖူးပါတယ်။ သူဟာ အဲဒီ မတိုင်ခင် ၄ နှစ်တုန်းကလည်း အာဂျင်တီးနား သမ္မတကတော် ဖြစ်ခဲ့ပါသေးတယ်။

Public Service Announcement

Public Service Announcement

လူသတ်သမားဟာ ဒုတိယ သမ္မတကို လုပ်ကြံမယ့် သေနတ်မှာ ကျည်ဆန် ၅ တောင့် ထည့်ထားပေမယ့် တစ်ချက်မှ ကျည်မထွက်ခဲ့ကြောင်း လက်ရှိ အာဂျင်တီးနား သမ္မတ အယ်လ်ဘာတို ဖာနန်ဒက်ဇ်က ရဲတွေရဲ့ အစီရင်ခံချက်ကို ကိုးကားပြီး သတင်းထောက်တွေကို ပြောကြားသွားပါတယ်။

အွန်လိုင်းပေါ် ပျံ့နှံ့နေတဲ့ ဗီဒီယိုတွေမှာတော့ ခရစ္စတီးနားဟာ သူ့မျက်နှာနားမှာ သေနတ်နဲ့ လာပစ်နေတာကို ရုတ်တရက် စိတ်ရှုပ်သွားဟန် ရှိပြီး နောက်မှ အလန့်တကြား ဖြစ်သွားတာ တွေ့ရပါတယ်။ သူ့ရဲ့ သက်တော်စောင့်တွေကလည်း ဒီအခြေအနေကို မတားဆီးနိုင်ခဲ့ပါဘူး။ သေနတ်သာ ကျည်တစ်ချက် ထွက်သွားမယ်ဆိုရင် အနီးကပ် တေ့ပစ်ခံရတဲ့အတွက် ဒုတိယ သမ္မတဟာ အသက်ရှင်နိုင်ခြေ မရှိသလောက်ပါပဲ။

နောက်ထပ် ဗီဒီယို တစ်ခုမှာတော့ သေနတ်သမားနဲ့ ခရစ္စတီးနားကြားမှာ လူအုပ်ကြီးက ဝိုင်းကာပေးနေတာကိုလည်း တွေ့ရပါတယ်။ နောက်ပိုင်းမှာတော့ ရဲတပ်ဖွဲ့က ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ လူတစ်ဦးကို ဖမ်းဆီးထားပြီး လုပ်ကြံဖို့ အားထုတ်မှုမှာ အသုံးပြုခဲ့တဲ့ လက်နက်ကိုလည်း သိမ်းဆည်း ရမိခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။

စက်တင်ဘာ ၁ ရက် ညပိုင်းက ကြုံတွေ့ခဲ့တဲ့ ကိစ္စအပေါ် ကာယကံရှင် ခရစ္စတီးနား ကိုယ်တိုင်ကတော့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။ သူဟာ သမ္မတအဖြစ် တာဝန်ယူခဲ့စဉ် ကာလအတောအတွင်း အမာခံ မဲဆန္ဒရှင်တွေ ရှိနေတဲ့ နယ်မြေမှာ အစိုးရ ကန်ထရိုက် စာချုပ်တွေကို မသမာတဲ့ နည်းလမ်းတွေနဲ့ ခွင့်ပြုပေးခဲ့တာ အပါအဝင် အဂတိမှုတွေ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲ ခံထားရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အချိန်ပိုမှာ အာဂျင်တီးနား အသင်းကို အနိုင်ယူပြီး စပိန်က ကမ္ဘာ့ဖလား ချန်ပီယံ ဆုဖလားကြီးကို ဒုတိယ အကြိမ်မြောက် ဆွတ်ခူး သိမ်းပိုက်သွားခဲ့ပါတယ်။

ဆောင်းပါး

တည်ငြိမ်တိတ်ဆိတ်တဲ့ လူတစ်ယောက်ရဲ့ လက်ရာကတော့ ကမ္ဘာ့ဘောလုံးလောကတစ်ခုလုံးကို ကျယ်လောင်တဲ့ အံ့အားသင့်မှု တွေနဲ့ လှုပ်ခတ် စေခဲ့ပါတယ်။

ဆောင်းပါး

တစ်ချိန်က ကလေးငယ်လေးတစ်ယောက်အဖြစ် မက်ဆီရဲ့ လက်ထဲမှာ ရှိခဲ့တဲ့ လာမင်း ယာမယ်လ် (Lamine Yamal) ဟာ အခုတော့ ဘာစီလိုနာမှာ မက်ဆီရဲ့ နောက်ဆက်ခံသူ တစ်ယောက်ဖြစ်လာ ခဲ့သလို၊ ကမ္ဘာ့ဘောလုံး လောကမှာပါ သူ့နေရာကို ဆက်ယူလာ နိုင်တဲ့သူ ဖြစ်လာ နေပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီကို သီးသန့် လူကပ် ကစားစေမှာ မဟုတ်ကြောင်း စပိန်အသင်း မန်နေဂျာ လူးဝစ် ဒယ်လာဖွန်တေးက အတည်ပြုခဲ့ပါတယ်။