Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အရန်တပ်တွေ စစ်မြေပြင်ပို့မယ့် ပူတင်ရဲ့ အမိန့်ကြောင့် ရုရှားမှာ ဆူပူ ဆန္ဒပြ

ရုရှားကနေ ဒူဘိုင်းကို ပျံသန်းမယ့် ရိုးရိုးတန်း ခရီးသည်တင် လေယာဉ်လက်မှတ် တစ်စောင် စျေးကလည်း အသွားခရီးတစ်ခုတည်း အတွက်တင် ဒေါ်လာ ၉၁၀၀ ကျော်လောက်ထိ များပြားလာပါတယ်။

အရန်တပ်တွေ စစ်မြေပြင်ပို့မယ့် ပူတင်ရဲ့ အမိန့်ကြောင့် ရုရှားမှာ ဆူပူ ဆန္ဒပြ
အရန်တပ်တွေ စစ်မြေပြင်ပို့မယ့် ပူတင်ရဲ့ အမိန့်ကြောင့် ရုရှားမှာ ဆူပူ ဆန္ဒပြ

အရန်တပ်ဖွဲ့ဝင်တွေကို စစ်မြေပြင် စေလွှတ်မယ့် အစိုးရရဲ့ ဆုံးဖြတ်ချက်အပေါ် ရုရှားမှာ မကျေမနပ်နဲ့ ဆူပူ ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

စက်တင်ဘာ ၂၁ ရက်မှာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က စစ်တပ်ရဲ့ အရန်တပ်ဖွဲ့ဝင် အင်အား ၃ သိန်းလောက်ကို ယူကရိန်း စစ်မြေပြင်ဆီ ထုတ်နုတ်ပေးပို့မယ့် အမိန့်အသစ်ကို ကြေညာခဲ့ပါတယ်။ အရင်က ရုရှားရဲ့ အမြဲတမ်း တပ်ဖွဲ့ဝင်တွေသာ ရှေ့တန်းကို သွားရောက်ရပြီး အရန်တပ်တွေကိုတော့ မသုံးခဲ့ပါဘူး။

လက်ရှိ အခြေအနေအရ ရုရှားဟာ ယူကရိန်း စစ်မြေပြင်မှာ တောက်လျှောက် ရလဒ်ဆိုးလာပြီး စစ်သည်အင်အား ပြုန်းတီးမှု များလွန်းတာကြောင့် အရန်တပ်တွေကိုပါ ခေါ်ယူရတဲ့ သဘောမျိုး ဖြစ်လာပါတယ်။ ဒါပေမဲ့ ပူတင်ရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်ဘဲ မော်စကိုနဲ့ စိန့်ပီတာစဘက်ဂ်တို့လို မြို့ကြီးတွေမှာ ဆူပူ ဆန္ဒပြမှုတွေ စတင်လာပါတယ်။

လူစုလူဝေးနဲ့ ဆန္ဒပြသူ ၁၃၀၀ လောက်ကို ရုရှားရဲတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့တယ်လို့လည်း လူ့အခွင့်အရေး အဖွဲ့တစ်ခုဖြစ်တဲ့ OVD-Infoက ထုတ်ပြန်ပါတယ်။ အများစုက စိန့်ပီတာစဘက်ဂ်နဲ့ မော်စကိုမှာ အဖမ်းခံရတာပါ။ ဆိုက်ဘေးရီးယားက မြို့တချို့မှာလည်း ဒီကိစ္စကို ဆန္ဒပြကြရာက အဖမ်းခံရသူတွေ ဒါဇင်နဲ့ချီ များပြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စစ်မှုထမ်းရမှာစိုးလို့ ရုရှားကနေ ထွက်ခွာချင်သူတွေကလည်း တရိပ်ရိပ် တိုးလာနေပါတယ်။ ရုရှားကနေ ဒူဘိုင်းကို ပျံသန်းမယ့် ရိုးရိုးတန်း ခရီးသည်တင် လေယာဉ်လက်မှတ် တစ်စောင် စျေးကလည်း အသွားခရီးတစ်ခုတည်း အတွက်တင် ဒေါ်လာ ၉၁၀၀ ကျော်လောက်ထိ များပြားလာပါတယ်။

ရုရှား အစိုးရက တပ်ပြေးတွေကို ပြင်းပြင်းထန်ထန် ဖိနှိပ် အရေးယူမယ့် ဥပဒေ တစ်ခုကိုလည်း ပြဋ္ဌာန်းထားတာကြောင့် အရန်တပ်ဖွဲ့ဝင်တွေက စစ်မြေပြင်ကို သွားရောက်ဖို့ ပိုပြီး တွန့်ဆုတ်နေပါတယ်။ ပူတင်ဟာ ယူကရိန်း ကျူးကျော်စစ်နဲ့ ပတ်သက်လို့ တွက်ကိန်းတွေအားလုံး ဆက်တိုက် လွဲချော်နေဟန်ရှိပြီး အခုဆိုရင် စစ်ပွဲနဲ့ ဆက်စပ်တဲ့ ဆူပူ အုံကြွမှုတွေပါ ပြည်တွင်းမှာ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။