Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အရန်တပ်တွေ စစ်မြေပြင်ပို့မယ့် ပူတင်ရဲ့ အမိန့်ကြောင့် ရုရှားမှာ ဆူပူ ဆန္ဒပြ

ရုရှားကနေ ဒူဘိုင်းကို ပျံသန်းမယ့် ရိုးရိုးတန်း ခရီးသည်တင် လေယာဉ်လက်မှတ် တစ်စောင် စျေးကလည်း အသွားခရီးတစ်ခုတည်း အတွက်တင် ဒေါ်လာ ၉၁၀၀ ကျော်လောက်ထိ များပြားလာပါတယ်။

အရန်တပ်တွေ စစ်မြေပြင်ပို့မယ့် ပူတင်ရဲ့ အမိန့်ကြောင့် ရုရှားမှာ ဆူပူ ဆန္ဒပြ
အရန်တပ်တွေ စစ်မြေပြင်ပို့မယ့် ပူတင်ရဲ့ အမိန့်ကြောင့် ရုရှားမှာ ဆူပူ ဆန္ဒပြ

အရန်တပ်ဖွဲ့ဝင်တွေကို စစ်မြေပြင် စေလွှတ်မယ့် အစိုးရရဲ့ ဆုံးဖြတ်ချက်အပေါ် ရုရှားမှာ မကျေမနပ်နဲ့ ဆူပူ ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

စက်တင်ဘာ ၂၁ ရက်မှာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က စစ်တပ်ရဲ့ အရန်တပ်ဖွဲ့ဝင် အင်အား ၃ သိန်းလောက်ကို ယူကရိန်း စစ်မြေပြင်ဆီ ထုတ်နုတ်ပေးပို့မယ့် အမိန့်အသစ်ကို ကြေညာခဲ့ပါတယ်။ အရင်က ရုရှားရဲ့ အမြဲတမ်း တပ်ဖွဲ့ဝင်တွေသာ ရှေ့တန်းကို သွားရောက်ရပြီး အရန်တပ်တွေကိုတော့ မသုံးခဲ့ပါဘူး။

လက်ရှိ အခြေအနေအရ ရုရှားဟာ ယူကရိန်း စစ်မြေပြင်မှာ တောက်လျှောက် ရလဒ်ဆိုးလာပြီး စစ်သည်အင်အား ပြုန်းတီးမှု များလွန်းတာကြောင့် အရန်တပ်တွေကိုပါ ခေါ်ယူရတဲ့ သဘောမျိုး ဖြစ်လာပါတယ်။ ဒါပေမဲ့ ပူတင်ရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်ဘဲ မော်စကိုနဲ့ စိန့်ပီတာစဘက်ဂ်တို့လို မြို့ကြီးတွေမှာ ဆူပူ ဆန္ဒပြမှုတွေ စတင်လာပါတယ်။

လူစုလူဝေးနဲ့ ဆန္ဒပြသူ ၁၃၀၀ လောက်ကို ရုရှားရဲတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့တယ်လို့လည်း လူ့အခွင့်အရေး အဖွဲ့တစ်ခုဖြစ်တဲ့ OVD-Infoက ထုတ်ပြန်ပါတယ်။ အများစုက စိန့်ပီတာစဘက်ဂ်နဲ့ မော်စကိုမှာ အဖမ်းခံရတာပါ။ ဆိုက်ဘေးရီးယားက မြို့တချို့မှာလည်း ဒီကိစ္စကို ဆန္ဒပြကြရာက အဖမ်းခံရသူတွေ ဒါဇင်နဲ့ချီ များပြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စစ်မှုထမ်းရမှာစိုးလို့ ရုရှားကနေ ထွက်ခွာချင်သူတွေကလည်း တရိပ်ရိပ် တိုးလာနေပါတယ်။ ရုရှားကနေ ဒူဘိုင်းကို ပျံသန်းမယ့် ရိုးရိုးတန်း ခရီးသည်တင် လေယာဉ်လက်မှတ် တစ်စောင် စျေးကလည်း အသွားခရီးတစ်ခုတည်း အတွက်တင် ဒေါ်လာ ၉၁၀၀ ကျော်လောက်ထိ များပြားလာပါတယ်။

ရုရှား အစိုးရက တပ်ပြေးတွေကို ပြင်းပြင်းထန်ထန် ဖိနှိပ် အရေးယူမယ့် ဥပဒေ တစ်ခုကိုလည်း ပြဋ္ဌာန်းထားတာကြောင့် အရန်တပ်ဖွဲ့ဝင်တွေက စစ်မြေပြင်ကို သွားရောက်ဖို့ ပိုပြီး တွန့်ဆုတ်နေပါတယ်။ ပူတင်ဟာ ယူကရိန်း ကျူးကျော်စစ်နဲ့ ပတ်သက်လို့ တွက်ကိန်းတွေအားလုံး ဆက်တိုက် လွဲချော်နေဟန်ရှိပြီး အခုဆိုရင် စစ်ပွဲနဲ့ ဆက်စပ်တဲ့ ဆူပူ အုံကြွမှုတွေပါ ပြည်တွင်းမှာ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် AA အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုများကို ဘူးသီးတောင်နှင့်မောင်တောမြို့နယ်တွင်လည်း အတင်းအကျပ် ဖိအားပေးခိုင်းစေခဲ့သည်ဟု ရိုဟင်ဂျာအရေးဆောင်ရွက်သူများကပြောသည်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

IAEAဟာ အရင်ကတည်းက ဇာပေါ့ရစ်ဇီရာ ဓာတ်အားပေးစက်ရုံ တိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးကို အကြိမ်ကြိမ် သတိပေးခဲ့ဖူးပါတယ်။

နိုင်ငံတကာ

ရုရှားဖက်ကတော့ လေတပ်စခန်း တိုက်ခိုက်ခံရတယ် ဆိုတာကို ငြင်းဆိုပြီး ရော့စတော့ဗ်အပြင် အနီးတဝိုက် ဒေသတွေကို ကျူးကျော်လာတဲ့ ရန်သူဒရုန်း ၄၀ ကျော်ကို အကုန်အစင် ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။