Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ရုရှားရဲ့ အရန်တပ်တွေကို ယူကရိန်း စေလွှတ်တော့မယ့် ပူတင်

ရုရှားဟာ ယူကရိန်း အရှေ့ပိုင်းမှာ သိမ်းပိုက်ရရှိထားတဲ့ နယ်မြေတွေကို ဆက်ပြီး ထိန်းချုပ်ထားဖို့ ဆန္ဒရှိကြောင်း ကြေညာပြီး မကြာခင်မှာပဲ ပူတင်ရဲ့ အထူးအမိန့် ထွက်ပေါ်လာတာပါ။ ဒါကြောင့် အရန်တပ်ဖွဲ့ဝင်တွေဟာ သိမ်းပိုက်နယ်မြေတွေမှာ ခံစစ်ကို အားဖြည့်ဖို့ စေလွှတ်ခံရဖွယ် ရှိနေပါတယ်။

ရုရှားတပ်တွေ တစ်စိတ်တစ်ပိုင်း ရွှေ့ပြောင်းစေမယ်ဆိုတဲ့ အထူးအမိန့်ကို သမ္မတ ဗလာဒီမာ ပူတင်က ကြေညာလိုက်ပြီး အရန်တပ်ဖွဲ့ဝင်တွေကို ယူကရိန်း စစ်မြေပြင် စေလွှတ်ဖို့ စီစဉ်လာခဲ့ပါတယ်။

ရုရှားမှာ စစ်မှုမထမ်းမနေရ ဥပဒေ ပြဋ္ဌာန်းထားပေမယ့် အစောပိုင်းမှာတုန်းကတော့ အစိုးရဟာ အမြဲတမ်း တပ်ဖွဲ့ဝင် မဟုတ်တဲ့ စစ်သည်တွေကို ယူကရိန်း စစ်မြေပြင်ဆီ မပို့ဘူးလို့ ပြောကြားထားပါတယ်။ ဒါပေမဲ့ ၇ လ ကြာမြင့်လာပြီဖြစ်တဲ့ ကျူးကျော် စစ်ပွဲအတွင်း ရုရှားတပ်တွေ တတိတိ ပြုန်းတီးလာခဲ့သလို ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ယူကရိန်းဖက်က တန်ပြန်ထိုးစစ်ကလည်း အောင်မြင်မှုတွေ ရလာတဲ့နောက် ပူတင်က စစ်သားသစ်တွေ စုဆောင်းဖို့ နောက်ဆုံးနည်းလမ်းကို သုံးလာရတဲ့ သဘောပါပဲ။

ရုပ်မြင်သံကြားမှာ ပူတင်ပြောကြားသွားတဲ့ မိန့်ခွန်းအရ ရုရှားအစိုးရဟာ အရေအတွက် ၃ သိန်းလောက်ထိ စုဆောင်းထားတဲ့ အရန်စစ်သည်တွေကိုပါ ယူကရိန်း စစ်ပွဲအတွက် ထုတ်နုတ် သုံးစွဲတော့မယ့် သဘောပါပဲ။ ရုရှားအတွက် လက်ရှိ ရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှုတွေကို တွန်းလှန်ဖို့ဆိုရင် စစ်မှု မထမ်းမနေရ စနစ်နဲ့ စုဆောင်းထားတဲ့ အရန်တပ်တွေ အင်အားက ကောင်းကောင်း လုံလောက်ကြောင်း၊ လက်နက်ကိုင် တပ်တွေထဲမှာ အမှုထမ်းနေသူတိုင်းဟာ စစ်မှုရေးရာ ကျွမ်းကျင်ပြီး အတိုင်းအတာ တစ်ခုထိ အတွေ့အကြုံ ပြည့်ဝပြီးသားဖြစ်ကြောင်း ပူတင်က ဆိုပါတယ်။

တပ်တွေ တစ်စိတ်တစ်ပိုင်း ရွှေ့ပြောင်းမယ်ဆိုတဲ့ အစီအမံဟာ စက်တင်ဘာ ၂၁ ရက် ကတည်းက စတင် အသက်ဝင်လာမှာပါ။ ရုရှားဟာ ယူကရိန်း အရှေ့ပိုင်းမှာ သိမ်းပိုက်ရရှိထားတဲ့ နယ်မြေတွေကို ဆက်ပြီး ထိန်းချုပ်ထားဖို့ ဆန္ဒရှိကြောင်း ကြေညာပြီး မကြာခင်မှာပဲ ပူတင်ရဲ့ အထူးအမိန့် ထွက်ပေါ်လာတာပါ။ ဒါကြောင့် အရန်တပ်ဖွဲ့ဝင်တွေဟာ သိမ်းပိုက်နယ်မြေတွေမှာ ခံစစ်ကို အားဖြည့်ဖို့ စေလွှတ်ခံရဖွယ် ရှိနေပါတယ်။

Public Service Announcement

Public Service Announcement

ပူတင်က ယူကရိန်းနဲ့ ရုရှားတို့ကြား ထိပ်တိုက် ပြဿနာမှာ ဝင်မပါကြဖို့လည်း အနောက်မဟာမိတ် နိုင်ငံတွေကို သတိပေးသွားခဲ့ပါသေးတယ်။ နောက်ပြီး ရုရှား အနေနဲ့ ပိုင်နက်နယ်မြေ ထိပါးခံရတဲ့ အခြေအနေမျိုးထိ ကြုံလာမယ်ဆိုရင် လက်နက်တိုက်ထဲမှာ ရှိသမျှ အကုန်ထုတ်သုံးပြီး ကာကွယ်ရလိမ့်မယ်လို့ ပူတင်က ဆိုပါတယ်။ တစ်နည်းအားဖြင့် နျူကလီးယား လက်နက်တွေထိ အသုံးပြုနိုင်တယ်ဆိုတဲ့ သဘောမျိုး ခြိမ်းခြောက်သွားတာဖြစ်ပြီး ဒီစကားဟာ ချဲ့ကားထားတာ မဟုတ်ဘူးလို့ ပူတင်က ပြောပါတယ်။

ဒီအတောအတွင်း ရုရှားက လူငယ်တွေနဲ့ အရွယ်ကောင်း သက်လတ်ပိုင်းတွေကြားမှာ စစ်ပွဲထဲ ဆွဲထည့်ခံရနိုင်တဲ့ အခြေအနေအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာပြီး ပြည်ပကို ထွက်ခွာလိုသူတွေလည်း များလာပါတယ်။ ရုရှားက အင်တာနက် သုံးစွဲသူတွေကြားမှာ ရုရှားကနေ ဘယ်လို ထွက်ရမလဲဆိုတဲ့ စာသားနဲ့ ရှာဖွေမှုဟာ Googleမှာ ထိပ်ဆုံးတန်း ရောက်လာပါတယ်။ ရုရှားဟာ ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး နိုင်ငံအများစုရဲ့ လေကြောင်းခရီးစဉ် ချိတ်ဆက် ပြေးဆွဲမှုတွေကို ပိတ်ဆို့ အရေးယူ ခံထားရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

IAEAဟာ အရင်ကတည်းက ဇာပေါ့ရစ်ဇီရာ ဓာတ်အားပေးစက်ရုံ တိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးကို အကြိမ်ကြိမ် သတိပေးခဲ့ဖူးပါတယ်။