Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်၏ လက်နက်ပွဲစားသုံးဦး၊ ကုမ္ပဏီတစ်ခုနှင့် ရဲချုပ်ဟောင်း သန်းလှိုင်တို့ကို အမေရိကန် အရေးယူပိတ်ဆို့

မြန်မာပြည်သူများကို အားပေးထောက်ခံသွားရန် မိမိတို့၏သံန္နိဋ္ဌာန်မှာ ဆက်လက်ခိုင်မြဲလျက်ရှိပြီး လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန်၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများ အတားအဆီးမရှိပေးအပ်နိုင်ရန်နှင့် မြန်မာနိုင်ငံတွင် အားလုံးပါဝင်နိုင်သည့် ပါတီစုံဒီမိုကရေစီစနစ်သို့ ပြန်လည် ရောက်ရှိရန် အမေရိကန်က ထပ်မံတောင်းဆိုသည်။

စစ်တပ်၏ လက်နက်ပွဲစားသုံးဦး၊ ကုမ္ပဏီတစ်ခုနှင့် ရဲချုပ်ဟောင်း သန်းလှိုင်တို့ကို အမေရိကန် အရေးယူပိတ်ဆို့
စစ်တပ်၏ လက်နက်ပွဲစားသုံးဦး၊ ကုမ္ပဏီတစ်ခုနှင့် ရဲချုပ်ဟောင်း သန်းလှိုင်တို့ကို အမေရိကန် အရေးယူပိတ်ဆို့

မြန်မာစစ်တပ်၏ ပွဲစားများဖြစ်သည့် အောင်မျိုးမြင့်၊ လှိုင်မိုးမြင့်၊ မျိုးသစ္စာ နှင့် Dynasty International ကုမ္မဏီတို့ကို အရေးယူပိတ်ဆို့ကြောင်း အမေရိကန်က ယမန်နေ့(အောက်တိုဘာ ၆ ရက်) ထုတ်ပြန် သည်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ နိုင်ငံရပ်ခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံးသည် ထိုလူပုဂ္ဂိုလ် သုံးဦးနှင့်အတူ ကုမ္ပဏီတစ်ခုတို့ကို မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းအတွက် ရုရှထုတ်စစ်လက်နက်များကို ဘီလာရုစ်မှတဆင့် ဝယ်ယူပေးရာတွင် ၎င်းတို့၏ အခန်းကဏ္ဍအတွက် သမ္မတ၏အမိန့်အမှတ် ၁၄၀၁၄ အရ အရေးယူဆောင်ရွက်ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

အလားတူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ယခင်ရဲချုပ်နှင့် ဒုတိယပြည်ထဲရေးဝန်ကြီးဟောင်း သန်းလှိုင်ကို ၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုနောက်ပိုင်း ငြိမ်ချမ်းစွာဆန္ဒပြသူများကို ဥပဒေမဲ့သတ်ဖြတ်ခြင်းကဲ့သို့ ကြီးမားသော လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ပါဝင်ခဲ့သည့်အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၂၀၂၂ နိုင်ငံရပ်ခြားလုပ်ငန်းဆောင်ရွက်ရေးနှင့် ဆက်စပ်အစီအစဉ်များလျာထားချက်အက်ဥပဒေအရ အရေးယူသတ်မှတ် သွားမည်ဟု ကြေညာသည်။

ယခု အရေးယူသတ်မှတ်မှုများသည် အာဏာရှင်အဖွဲ့အစည်းက ဒီမိုကရေစီလိုလားသည့် တက်ကြွလှုပ်ရှားသူများနှင့် ရွေးကောက်ခံခေါင်းဆောင်များဖြစ်သော ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို ကွပ်မျက်မှုနှင့် စက်တင်ဘာ ၁၆ တွင် အနည်းဆုံးကလေးငယ် ၁၁ဦး သေဆုံးခဲ့ရသည့် ရဟတ်ယာဉ်နှင့် စာသင်ကျောင်းကို တိုက်ခိုက်ခြင်းအပါအဝင် လူ့အခွင့်အရေးချိုး ဖောက်မှုများကို ကျူးလွန်ဆောင်ရွက်နိုင်ရန် စစ်တပ်ကို အားပေးအားမြှောက်ပြုနေသူများကို ပစ်မှတ်ထားရန် ရည်ရွယ်သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်အာဏာရှင်အဖွဲ့အစည်း၏ စစ်အာဏာ သိမ်းမှုနှင့် ဆက်နွယ်မှုနှင့် ၎င်းတို့ ဆက်လက်ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်မှုများအပါအဝင် မြန်မာနိုင်ငံတွင် ကြမ်းကြုတ်ရက်စက်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တရားမျှတမှုနှင့်တာဝန်ခံမှု တာဝန်ယူမှုရှိစေရန် မိတ်ဖက်များနှင့်အတူ အမေရိကန်က ဆက်လက် ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်သည်။

မြန်မာပြည်သူများကို အားပေးထောက်ခံသွားရန် မိမိတို့၏သံန္နိဋ္ဌာန်မှာ ဆက်လက်ခိုင်မြဲလျက်ရှိပြီး လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန်၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများ အတားအဆီးမရှိပေးအပ်နိုင်ရန်နှင့် မြန်မာနိုင်ငံတွင် အားလုံးပါဝင်နိုင်သည့် ပါတီစုံဒီမိုကရေစီစနစ်သို့ ပြန်လည် ရောက်ရှိရန် အမေရိကန်က ထပ်မံတောင်းဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မိတ္ထီလာခရိုင်ထဲကမလှိုင်မြို့နယ်မှာတိုက်ပွဲဖြစ်တာမရှိဘဲ အာဏာသိမ်းစစ်တပ်ကစက်တပ်လေထီးနဲ့ ဗုံးကြဲတာကြောင့်ပြီးခဲ့တဲ့ ရက်ပိုင်းဇူလိုင်လ ၃၁ ရက်ညနေပိုင်းကအသက် ၆၀ အရွ​ယ်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရတယ်လို့ နယ်ခံအချို့ဆီကသိရပါတယ်။