Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်း နယ်စပ်နားကို ချဉ်းကပ်ပြီး ဘီလားရုစ် စစ်တပ်တွေ ဖြန့်ကျက်

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ ဘီလားရုစ် တပ်တွေဟာ ယူကရိန်းကို ကျူးကျော်ဖို့ ဟန်ပြင်နေတယ်လို့ ယူဆကြောင်း ပြောကြားထားပြီး အဲဒီတပ်တွေရဲ့ လှုပ်ရှားမှုကို ကူညီ စောင့်ကြည့်ပေးဖို့ G7 အဖွဲ့ဆီ တိုက်တွန်း တောင်းဆိုထားကြောင်း သိရပါတယ်။

ယူကရိန်း နယ်စပ်နားကို ချဉ်းကပ်ပြီး ဘီလားရုစ် စစ်တပ်တွေ ဖြန့်ကျက်
ယူကရိန်း နယ်စပ်နားကို ချဉ်းကပ်ပြီး ဘီလားရုစ် စစ်တပ်တွေ ဖြန့်ကျက်

ယူကရိန်း နယ်စပ်နဲ့ ကီလိုမီတာ အနည်းငယ်လောက် အကွာအထိ ဘီလားရုစ် စစ်တပ်တွေ ရှေ့တိုးပြီး ဖြန့်ကျက်လာခဲ့ကြောင်း သိရပါတယ်။

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ အမာခံ မဟာမိတ် တစ်ဦးဖြစ်တဲ့ ဘီလားရုစ် ဝန်ကြီးချုပ် အလက်ဇန္ဒား လူကာရှန်ကိုက နှစ်နိုင်ငံ စစ်ရေးအရ ပူးပေါင်းရပ်တည်မယ်လို့ ပြောကြားခဲ့ပြီး ရက်ပိုင်း အကြာမှာ တပ်တွေက နယ်စပ်နား ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ဘီလားရုစ်ဟာ ယူကရိန်းနိုင်ငံ မြောက်ပိုင်းမှာ ကပ်လျက် တည်ရှိပြီး ရုရှားရဲ့ ကျူးကျော်စစ်ပွဲ အစတုန်းကလည်း ရုရှားတပ်တွေ ယူကရိန်းကို ဝင်ရောက်နိုင်အောင် ကူညီပေးခဲ့ဖူးပါတယ်။ အခုအခါ ဘီလားရုစ် တပ်တွေ တော်တော်များများဟာ ယူကရိန်း နယ်စပ်နဲ့ ၁၇ ကီလိုမီတာလောက်အကွာ ယဲ့လ်စ်ခ် မြို့ထဲကို ရောက်ရှိနေကြပါတယ်။

ယူကရိန်း နယ်စပ်နားကို ရောက်နေတဲ့ ဘီလားရုစ် စစ်တပ်ရဲ့ ရည်ရွယ်ချက်နဲ့ အင်အား ဘယ်လောက်များများ ပါဝင်ဖွဲ့စည်းထားသလဲ ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။ မြို့ထဲမှာ စစ်တပ်တွေ နေရာယူထားတဲ့ အဆောက်အအုံတွေနားက ကျောင်းတွေကိုလည်း ယာယီ ပိတ်ထားစေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဘီလားရုစ် အစိုးရကတော့ ဒီဖြန့်ကျက်မှုဟာ ရန်လိုတဲ့ အဓိပ္ပါယ် မဟုတ်ဘဲ ကာကွယ်ရေး ကဏ္ဍအတွက်သာ ရည်ရွယ်တယ်လို့ ပြောပါတယ်။ အဲဒီ မတိုင်ခင်မှာ လူကာရှန်ကိုက ဘီလားရုစ် လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ စွမ်းရည်ကို ပြန်လည် စစ်ဆေးမှုတွေ လုပ်ဆောင်မယ်လို့ ကြေညာထားပါသေးတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ ဘီလားရုစ် တပ်တွေဟာ ယူကရိန်းကို ကျူးကျော်ဖို့ ဟန်ပြင်နေတယ်လို့ ယူဆကြောင်း ပြောကြားထားပြီး အဲဒီတပ်တွေရဲ့ လှုပ်ရှားမှုကို ကူညီ စောင့်ကြည့်ပေးဖို့ G7 အဖွဲ့ဆီ တိုက်တွန်း တောင်းဆိုထားကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။