Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်း နယ်စပ်နားကို ချဉ်းကပ်ပြီး ဘီလားရုစ် စစ်တပ်တွေ ဖြန့်ကျက်

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ ဘီလားရုစ် တပ်တွေဟာ ယူကရိန်းကို ကျူးကျော်ဖို့ ဟန်ပြင်နေတယ်လို့ ယူဆကြောင်း ပြောကြားထားပြီး အဲဒီတပ်တွေရဲ့ လှုပ်ရှားမှုကို ကူညီ စောင့်ကြည့်ပေးဖို့ G7 အဖွဲ့ဆီ တိုက်တွန်း တောင်းဆိုထားကြောင်း သိရပါတယ်။

ယူကရိန်း နယ်စပ်နားကို ချဉ်းကပ်ပြီး ဘီလားရုစ် စစ်တပ်တွေ ဖြန့်ကျက်
ယူကရိန်း နယ်စပ်နားကို ချဉ်းကပ်ပြီး ဘီလားရုစ် စစ်တပ်တွေ ဖြန့်ကျက်

ယူကရိန်း နယ်စပ်နဲ့ ကီလိုမီတာ အနည်းငယ်လောက် အကွာအထိ ဘီလားရုစ် စစ်တပ်တွေ ရှေ့တိုးပြီး ဖြန့်ကျက်လာခဲ့ကြောင်း သိရပါတယ်။

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ အမာခံ မဟာမိတ် တစ်ဦးဖြစ်တဲ့ ဘီလားရုစ် ဝန်ကြီးချုပ် အလက်ဇန္ဒား လူကာရှန်ကိုက နှစ်နိုင်ငံ စစ်ရေးအရ ပူးပေါင်းရပ်တည်မယ်လို့ ပြောကြားခဲ့ပြီး ရက်ပိုင်း အကြာမှာ တပ်တွေက နယ်စပ်နား ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ဘီလားရုစ်ဟာ ယူကရိန်းနိုင်ငံ မြောက်ပိုင်းမှာ ကပ်လျက် တည်ရှိပြီး ရုရှားရဲ့ ကျူးကျော်စစ်ပွဲ အစတုန်းကလည်း ရုရှားတပ်တွေ ယူကရိန်းကို ဝင်ရောက်နိုင်အောင် ကူညီပေးခဲ့ဖူးပါတယ်။ အခုအခါ ဘီလားရုစ် တပ်တွေ တော်တော်များများဟာ ယူကရိန်း နယ်စပ်နဲ့ ၁၇ ကီလိုမီတာလောက်အကွာ ယဲ့လ်စ်ခ် မြို့ထဲကို ရောက်ရှိနေကြပါတယ်။

ယူကရိန်း နယ်စပ်နားကို ရောက်နေတဲ့ ဘီလားရုစ် စစ်တပ်ရဲ့ ရည်ရွယ်ချက်နဲ့ အင်အား ဘယ်လောက်များများ ပါဝင်ဖွဲ့စည်းထားသလဲ ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။ မြို့ထဲမှာ စစ်တပ်တွေ နေရာယူထားတဲ့ အဆောက်အအုံတွေနားက ကျောင်းတွေကိုလည်း ယာယီ ပိတ်ထားစေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဘီလားရုစ် အစိုးရကတော့ ဒီဖြန့်ကျက်မှုဟာ ရန်လိုတဲ့ အဓိပ္ပါယ် မဟုတ်ဘဲ ကာကွယ်ရေး ကဏ္ဍအတွက်သာ ရည်ရွယ်တယ်လို့ ပြောပါတယ်။ အဲဒီ မတိုင်ခင်မှာ လူကာရှန်ကိုက ဘီလားရုစ် လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ စွမ်းရည်ကို ပြန်လည် စစ်ဆေးမှုတွေ လုပ်ဆောင်မယ်လို့ ကြေညာထားပါသေးတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ ဘီလားရုစ် တပ်တွေဟာ ယူကရိန်းကို ကျူးကျော်ဖို့ ဟန်ပြင်နေတယ်လို့ ယူဆကြောင်း ပြောကြားထားပြီး အဲဒီတပ်တွေရဲ့ လှုပ်ရှားမှုကို ကူညီ စောင့်ကြည့်ပေးဖို့ G7 အဖွဲ့ဆီ တိုက်တွန်း တောင်းဆိုထားကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒေါ်နယ်လ်ထရမ့်နဲ့ ဗလာဒီမာ ပူတင်တို့ ဖုန်းဆက် ဆွေးနွေးခဲ့ကြပြီး နာရီပိုင်း အကြာမှာ ရုရှားနဲ့ ယူကရိန်းဟာ နှစ်ဖက် အခြေခံ အဆောက်အအုံတွေ ထိခိုက် ပျက်စီးစေဖို့ လေကြောင်းကနေ တိုက်ခိုက်ခဲ့ကြပါတယ်။

အတွေးအမြင်

"ကျွန်​တော်တို့က သူတို့ကိုအားကိုးပါတယ်ဆိုမှ သူတို့ကအချင်းချင်းရန်ဖြစ်​နေကြ​တော့ ဘယ်သူ့အားကိုးရမယ်မသိဘူး "

နိုင်ငံတကာ

အပစ်အခတ် ရပ်စဲရေး ဖြစ်နိုင်ခြေနဲ့ ပတ်သက်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဖက်က ထုတ်ပြန်တဲ့ ကြေညာချက်ဟာ စိတ်တိုင်းကျ ခြယ်လှယ် ကြိုးကိုင်ချင်တဲ့ သဘောထားတွေ အထင်းသား ပါဝင်နေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက စွပ်စွဲ ပြောကြားသွားပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဆိုပြုတဲ့ ရက်ပေါင်း ၃၀ အပစ်အခတ် ရပ်စဲရေး အဆိုကို ယူကရိန်းက လက်ခံခဲ့ခြင်းနဲ့အတူ ယူကရိန်းအတွက် အထောက်အပံ့တွေကို အမေရိကန်က ပြန်လည် ခွင့်ပြုထားမယ်လို့ သိရပါတယ်။