Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီတလီရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်အဖြစ် မယ်လိုနီ ကျမ်းသစ္စာကျိန်ဆို

အောက်တိုဘာ ၂၂ ရက်မှာတော့ သမ္မတ ဆာဂျီယို မက်တာရယ်လာက မယ်လိုနီကို နိုင်ငံရဲ့ အကြီးအကဲအဖြစ် ရာထူးအပ်နှံကြောင်း တရားဝင် လက်မှတ်ရေးထိုးပြီး ကျမ်းသစ္စာ ကျိန်ဆိုစေခဲ့ပါတယ်။ မယ်လိုနီနဲ့အတူ ဝန်ကြီး ၂၄ ဦးလည်း ကျမ်းကျိန်ခဲ့ကြပါတယ်။

အီတလီရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်အဖြစ် မယ်လိုနီ ကျမ်းသစ္စာကျိန်ဆို
အီတလီရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်အဖြစ် မယ်လိုနီ ကျမ်းသစ္စာကျိန်ဆို

အီတလီရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်အဖြစ် ဂျော်ဂျီယာ မယ်လိုနီက တရားဝင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။

အောက်တိုဘာ ၂၂ ရက်က အသက် ၄၅ နှစ်အရွယ် မယ်လိုနီဟာ ရောမမြို့မှာရှိတဲ့ သမ္မတ နန်းတော်မှာ သမ္မတ ရှေ့မှောက် ကျမ်းကျိန်ခဲ့တာ ဖြစ်ပါတယ်။ အီတလီ သမိုင်းမှာ အရင်တုန်းက အမျိုးသမီးတစ်ဦး ဝန်ကြီးချုပ် ဖြစ်တာမျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးသေးပါဘူး။

မယ်လိုနီဟာ ဒုတိယ ကမ္ဘာစစ်တုန်းက သမိုင်းဆိုး တွင်ကျန်ရစ်သူ ဖက်ဆစ်ခေါင်းဆောင် ဘင်နီတို မူဆိုလီနီနောက်ပိုင်း အီတလီမှာ ပထမဆုံး အာဏာရလာတဲ့ လက်ယာစွန်း နိုင်ငံခေါင်းဆောင် အနေနဲ့လည်း သတ်မှတ် ခံရပါတယ်။ မယ်လိုနီက အီတလီသာ ပဓာနဆိုတဲ့ မူကို ကိုင်ဆွဲထားပေမယ့် သူ့အစိုးရဟာ ဥရောပနဲ့ NATO မဟာမိတ်တွေရဲ့ အကျိုးစီးပွားကိုလည်း ရှေ့ရှုသွားမယ်လို့ ဆိုပါတယ်။

သူဦးဆောင်တဲ့ အီတလီ ညီနောင်များ ပါတီဟာ ပြီးခဲ့တဲ့လ ရွေးကောက်ပွဲမှာ ထောက်ခံမဲ အရေအတွက် အများဆုံး ရရှိခဲ့ပါတယ်။ သူဟာ ဝန်ကြီးချုပ်ဟောင်း ဆီလ်ဗီယို ဘာလူစကိုနီရဲ့ ဖော်ဇာပါတီ အပါအဝင် လက်ယာယိမ်း နိုင်ငံရေး မဟာမိတ်တွေကို စည်းရုံးပြီး စုဖွဲ့ထားတဲ့ အစိုးရသစ်ကို ကျမ်းမကျိန်ခင် တစ်ရက် အလိုကတည်းက ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၂၂ ရက်မှာတော့ သမ္မတ ဆာဂျီယို မက်တာရယ်လာက မယ်လိုနီကို နိုင်ငံရဲ့ အကြီးအကဲအဖြစ် ရာထူးအပ်နှံကြောင်း တရားဝင် လက်မှတ်ရေးထိုးပြီး ကျမ်းသစ္စာ ကျိန်ဆိုစေခဲ့ပါတယ်။ မယ်လိုနီနဲ့အတူ ဝန်ကြီး ၂၄ ဦးလည်း ကျမ်းကျိန်ခဲ့ကြပါတယ်။

ထူးခြားမှုက သူ့ရဲ့ အစိုးရ အဖွဲ့ထဲမှာ ဝန်ကြီး ၅ ဦးက ပါတီလက်ကိုင် မရှိသူတွေ ဖြစ်ပါတယ်။ ပြီးတော့ အစိုးရအဖွဲ့မှာ အမျိုးသမီး ၆ ဦး ပါရှိခဲ့ပါတယ်။ မယ်လိုနီဟာ မာရီယို ဒရာဂီ ဦးဆောင်တဲ့ အစိုးရဟောင်းရဲ့ နေရာမှာ အစားထိုး ဝင်ရောက်သွားမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပထမဆုံး ပိုင်ဆိုင်ခွင့် ရလာမယ့် လေယာဉ်တင် သင်္ဘောကြီး ဆိုက်ရောက်လာမှုကို အင်ဒိုနီးရှားက ကြိုဆိုခဲ့ပါတယ်။

သတင်း

LGBT ၁ဦးလည်း ဖမ်းဆီးခံရပြီး ထွက်ပြေးလွတ်မြောက်လာ

သတင်း

ရန်ကုန်-နေပြည်တော်အမြန်လမ်း၊ မိုင်တိုင် ၃၂ အနီးမှာ ဒီနေ့ မနက် ၉နာရီခန့်က TikTokရိုက်နေတဲ့ အမျိုးသမီးတစ်ဦး ကားတိုက်ခံရတယ်လို့ သတင်းရရှ်ိပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား ရေတပ်ဆီ လွှဲပြောင်းပေးမယ့် လေယာဉ်တင် သင်္ဘောကြီးဟာ အခုအခါ အီတလီကနေ စတင် ထွက်ခွာလာနေပြီလို့ သိရပါတယ်။