Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဟောင်း ကာတာ ရုတ်တရက် ကွယ်လွန်

ကာတာက အိုင်အက်စ် အဖွဲ့ရဲ့ အင်အားကြီးထွားမှုကို ထိထိရောက်ရောက် ချိုးနှိမ်နိုင်ခဲ့တာနဲ့ ပတ်သက်ပြီး သူ့ရဲ့ ကာကွယ်ရေး ဝန်ကြီးဘဝကို အဓိပ္ပါယ် သတ်မှတ်တဲ့ အကြီးမားဆုံး အကြောင်းအရာမျိုးလို့ ညွှန်းဆိုလေ့ ရှိပါတယ်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဟောင်း ကာတာ ရုတ်တရက် ကွယ်လွန်
အမေရိကန် ကာကွယ်ရေး ဝန်ကြီးဟောင်း ကာတာ ရုတ်တရက် ကွယ်လွန်

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဟောင်း အက်ရှ်ကာတာဟာ အသက် ၆၈ နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့ကြောင်း သိရပါတယ်။

သူဟာ ဘော်စတွန်မြို့က နေအိမ်မှာ ရုတ်တရက် နှလုံးဖောက်တဲ့ ဝေဒနာ ခံစားရပြီး အောက်တိုဘာ ၂၄ ရက်က ကွယ်လွန်ခဲ့တာလို့ မိသားစုက ပြောပါတယ်။ ကာတာဟာ အမေရိကန်ရဲ့ ၂၅ ဦးမြောက် ကာကွယ်ရေးဝန်ကြီး ဖြစ်ခဲ့ပြီး သမ္မတ ဘာရတ် အိုဘားမားလက်ထက် နောက်ဆုံး ၂ နှစ်မှာ တာဝန်ထမ်းဆောင်ခဲ့တာပါ။

ကာတာဟာ ဆီးရီးယားနဲ့ အီရတ်က အိုင်အက်စ် အကြမ်းဖက် စစ်သွေးကြွတွေကို ဖြိုခွင်း နှိမ်နင်းတဲ့ အမေရိကန်ရဲ့ စစ်ဆင်ရေးတွေကို အဓိက ကြီးကြပ်ခဲ့ရပါတယ်။ သူ့လက်ထက်မှာ သမိုင်းမှတ်တိုင် တစ်ခုအဖြစ် လိင်ပြောင်းလဲထားသူတွေကို အမေရိကန် စစ်တပ်မှာ အမှုထမ်းခွင့် မပေးဘူးဆိုတဲ့ သတ်မှတ်ချက်ကိုလည်း ပယ်ဖျက်ပေးခဲ့ပါတယ်။ ဒါ့အပြင် သိသာထင်ရှားတဲ့ ကာကွယ်ရေး မူဝါဒ အပြောင်းအလဲ တချို့ကိုလည်း အကောင်အထည် ဖော်ခဲ့ဖူးပါတယ်။

ကာတာက အိုင်အက်စ် အဖွဲ့ရဲ့ အင်အားကြီးထွားမှုကို ထိထိရောက်ရောက် ချိုးနှိမ်နိုင်ခဲ့တာနဲ့ ပတ်သက်ပြီး သူ့ရဲ့ ကာကွယ်ရေး ဝန်ကြီးဘဝကို အဓိပ္ပါယ် သတ်မှတ်တဲ့ အကြီးမားဆုံး အကြောင်းအရာမျိုးလို့ ညွှန်းဆိုလေ့ ရှိပါတယ်။

Public Service Announcement

Public Service Announcement

သူဟာ အစိုးရ အဖွဲ့ဝင် အဖြစ်က နုတ်ထွက်ခဲ့တဲ့နောက်ပိုင်း ဟားဗက်တက္ကသိုလ်၊ ကနေဒီကျောင်းရဲ့ သိပ္ပံနဲ့ နိုင်ငံတကာရေးရာ ဘယ်လ်ဖာစင်တာ အကြီးအကဲအဖြစ် ဆက်လက် အလုပ်လုပ်ခဲ့ပါတယ်။

သူကွယ်လွန်ချိန်မှာ ဇနီးဖြစ်သူ စတက်ဖနီ ဒီလျူ ကာတာနဲ့ သားသမီး ၂ ဦး ကျန်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နှစ်နိုင်ငံ စစ်ဖြစ်နေပေမယ့်လည်း ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ဖို့အတွက် အီရန် အစိုးရ ကိုယ်စားလှယ် အဖွဲ့ကို အမေရိကန်က ပြည်ဝင်ခွင့် ပြုသွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

အဆင့်မြင့် F-35 တိုက်လေယာဉ်တွေကို ဆော်ဒီအာရေးဘီးယားဆီ ရောင်းချပေးဖို့ အမေရိကန်က မီးစိမ်းပြလိုက်ပြီ ဖြစ်ပါတယ်။

သတင်း

အမေရိကန် သမ္မတရဲ့ ညွှန်ကြားချက်အရ မြန်မာ အပါအဝင်နိုင်ငံ​ပေါင်း ၂၃ ခုကို ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရာ၊ ဖြတ်သန်းသယ်ယူ ပို့ဆောင်ရာနိုင်ငံတွေအဖြစ်သတ်မှတ်ကြောင်းအမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကစက်တင်ဘာ ၁၅ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။

ဆောင်းပါး

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က မြန်မာနိုင်ငံကို ကမ္ဘာ့တရားမဝင် မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်ရာနှင့် သယ်ယူဖြန့်ဖြူးရာ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်လိုက်ကြောင်း အိမ်ဖြူတော်ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။