Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဟောင်း ကာတာ ရုတ်တရက် ကွယ်လွန်

ကာတာက အိုင်အက်စ် အဖွဲ့ရဲ့ အင်အားကြီးထွားမှုကို ထိထိရောက်ရောက် ချိုးနှိမ်နိုင်ခဲ့တာနဲ့ ပတ်သက်ပြီး သူ့ရဲ့ ကာကွယ်ရေး ဝန်ကြီးဘဝကို အဓိပ္ပါယ် သတ်မှတ်တဲ့ အကြီးမားဆုံး အကြောင်းအရာမျိုးလို့ ညွှန်းဆိုလေ့ ရှိပါတယ်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဟောင်း ကာတာ ရုတ်တရက် ကွယ်လွန်
အမေရိကန် ကာကွယ်ရေး ဝန်ကြီးဟောင်း ကာတာ ရုတ်တရက် ကွယ်လွန်

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဟောင်း အက်ရှ်ကာတာဟာ အသက် ၆၈ နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့ကြောင်း သိရပါတယ်။

သူဟာ ဘော်စတွန်မြို့က နေအိမ်မှာ ရုတ်တရက် နှလုံးဖောက်တဲ့ ဝေဒနာ ခံစားရပြီး အောက်တိုဘာ ၂၄ ရက်က ကွယ်လွန်ခဲ့တာလို့ မိသားစုက ပြောပါတယ်။ ကာတာဟာ အမေရိကန်ရဲ့ ၂၅ ဦးမြောက် ကာကွယ်ရေးဝန်ကြီး ဖြစ်ခဲ့ပြီး သမ္မတ ဘာရတ် အိုဘားမားလက်ထက် နောက်ဆုံး ၂ နှစ်မှာ တာဝန်ထမ်းဆောင်ခဲ့တာပါ။

ကာတာဟာ ဆီးရီးယားနဲ့ အီရတ်က အိုင်အက်စ် အကြမ်းဖက် စစ်သွေးကြွတွေကို ဖြိုခွင်း နှိမ်နင်းတဲ့ အမေရိကန်ရဲ့ စစ်ဆင်ရေးတွေကို အဓိက ကြီးကြပ်ခဲ့ရပါတယ်။ သူ့လက်ထက်မှာ သမိုင်းမှတ်တိုင် တစ်ခုအဖြစ် လိင်ပြောင်းလဲထားသူတွေကို အမေရိကန် စစ်တပ်မှာ အမှုထမ်းခွင့် မပေးဘူးဆိုတဲ့ သတ်မှတ်ချက်ကိုလည်း ပယ်ဖျက်ပေးခဲ့ပါတယ်။ ဒါ့အပြင် သိသာထင်ရှားတဲ့ ကာကွယ်ရေး မူဝါဒ အပြောင်းအလဲ တချို့ကိုလည်း အကောင်အထည် ဖော်ခဲ့ဖူးပါတယ်။

ကာတာက အိုင်အက်စ် အဖွဲ့ရဲ့ အင်အားကြီးထွားမှုကို ထိထိရောက်ရောက် ချိုးနှိမ်နိုင်ခဲ့တာနဲ့ ပတ်သက်ပြီး သူ့ရဲ့ ကာကွယ်ရေး ဝန်ကြီးဘဝကို အဓိပ္ပါယ် သတ်မှတ်တဲ့ အကြီးမားဆုံး အကြောင်းအရာမျိုးလို့ ညွှန်းဆိုလေ့ ရှိပါတယ်။

Public Service Announcement

Public Service Announcement

သူဟာ အစိုးရ အဖွဲ့ဝင် အဖြစ်က နုတ်ထွက်ခဲ့တဲ့နောက်ပိုင်း ဟားဗက်တက္ကသိုလ်၊ ကနေဒီကျောင်းရဲ့ သိပ္ပံနဲ့ နိုင်ငံတကာရေးရာ ဘယ်လ်ဖာစင်တာ အကြီးအကဲအဖြစ် ဆက်လက် အလုပ်လုပ်ခဲ့ပါတယ်။

သူကွယ်လွန်ချိန်မှာ ဇနီးဖြစ်သူ စတက်ဖနီ ဒီလျူ ကာတာနဲ့ သားသမီး ၂ ဦး ကျန်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂဆိုင်ရာ အီရန် သံတမန် အဖွဲ့က အီရန်ရဲ့ တိုက်ခိုက်မှုဟာ တရားမျှတပြီး အမေရိကန် အနေနဲ့ ကြားမဝင်ဖို့ လိုတယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။