Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အင်ဒိုနီးရှား ငလျင်ကြောင့် သေဆုံးသူ ၂၆၀ ကျော်ထိ မြင့်တက်လာ

ဆီယန်ဂျာမှာ ကြံ့ခိုင်မှု သိပ်မကောင်းတဲ့ နေအိမ် အဆောက်အအုံ တော်တော်များများ ပြိုကျခဲ့ပြီး လက်ရှိ အချိန်ထိ အဆောက်အအုံတွေ ပျက်စီးတဲ့ အရေအတွက် ၂၂၀၀၀ ကျော် စာရင်းရထားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

အင်ဒိုနီးရှား ငလျင်ကြောင့် သေဆုံးသူ ၂၆၀ ကျော်ထိ မြင့်တက်လာ
အင်ဒိုနီးရှား ငလျင်ကြောင့် သေဆုံးသူ ၂၆၀ ကျော်ထိ မြင့်တက်လာ

အင်ဒိုနီးရှားနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူ ၂၆၀ ကျော်လွန်လာပြီ ဖြစ်သလို နောက်ထပ် ၁၅၀ ကျော် ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

နိုဝင်ဘာ ၂၂ ရက် ညနေပိုင်းက အင်ဒိုနီးရှားရဲ့ အဓိက ကျွန်းကြီးဖြစ်တဲ့ ဂျာဗားရဲ့ အနောက်ပိုင်းကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၅.၆ အဆင့် ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ပါတယ်။ ငလျင်ဟာ မြေတိမ်ပိုင်းကို ဦးတည်ခဲ့တဲ့အတွက် မြေမျက်နှာပြင်ပေါ်မှာ ထိခိုက်မှု များပြားခဲ့သလို ငလျင်ဗဟိုချက်ကလည်း လူနေ ထူထပ်တဲ့ ဧရိယာမှာ ဖြစ်နေတာကြောင့် အသေအပျောက် များခဲ့တာပါ။

အနောက်ဂျာဗားက ဆီယန်ဂျာဆိုတဲ့ မြို့နားမှာ ငလျင်လှုပ်ခဲ့တာပါ။ အဲဒီနေရာမှာ တောင်ကုန်းတောင်စောင်းတွေ ထူထပ်ပြီး မြေပြိုနိုင်တဲ့ အန္တရာယ်တွေ များတာကြောင့်လည်း အာဏာပိုင်တွေက ဒေသခံ ၅၈၀၀၀ ကျော်ကို ယာယီ ရွှေ့ပြောင်းဖို့ ညွှန်ကြားထားပါတယ်။

ဆီယန်ဂျာမှာ ကြံ့ခိုင်မှု သိပ်မကောင်းတဲ့ နေအိမ် အဆောက်အအုံ တော်တော်များများ ပြိုကျခဲ့ပြီး လက်ရှိ အချိန်ထိ အဆောက်အအုံတွေ ပျက်စီးတဲ့ အရေအတွက် ၂၂၀၀၀ ကျော် စာရင်းရထားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပြီးတော့ ကျောင်းတွေပါ ပြိုကျကုန်တဲ့အတွက် ကျောင်းသူကျောင်းသား ကလေးငယ်တွေပါ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ အချိန်ထိ အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အေဂျင်စီက အသေအပျောက် စာရင်းကို ၂၆၈ ဦးလို့ ကြေညာပြီး ၁၅၁ ဦးထက်မနည်း ပျောက်ဆုံးနေဆဲလို့ ကြေညာထားပါတယ်။ ဒီကိန်းဂဏန်းတွေက ပိုတိုးလာမယ့် အလားအလာတွေ ရှိနေဆဲပါ။

ကယ်ဆယ်ရေး အဖွဲ့တွေက ပြိုကျသွားတဲ့ အိမ်ခြေ အဆောက်အအုံတွေအောက်မှာ အသက်ရှင်လျက် ပိတ်မိနေသူတွေကို ကယ်ထုတ်ဖို့ ဖြန့်ကျက် ရှာဖွေနေရပါတယ်။ အသက်ရှင်လျက် ပိတ်မိနေသူတွေကို လိုက်ရှာရင်း လူသေအလောင်းတွေကို ဆွဲထုတ်ရတဲ့ အရေအတွက်က တိုးလာတယ်လို့ ကယ်ဆယ်ရေး အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

အင်ဒိုနီးရှားဟာ ပစိဖိတ် မီးကွင်းဒေသလို့ နာမည်ခေါ်တွင်တဲ့ ရေအောက်မီးတောင် ရပ်ဝန်းနဲ့ ဆက်စပ် တည်ရှိနေတဲ့ ကျွန်းစုနိုင်ငံ တစ်ခု ဖြစ်တာကြောင့် ငလျင်လှုပ်ခတ်မှုတွေ၊ မီးတောင် ပေါက်ကွဲမှုတွေနဲ့ မကြာခဏ ကြုံရလေ့ ရှိပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဇွန်လတုန်းက ဗင်နီဇွဲလား နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ စုံတွဲငလျင်ကြီး နှစ်ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၀၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ခရီးသည်တင် ကူးတို့ရေယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၅ ဦးသေ၊ ၄၀ ကျော် ပျောက်ဆုံးနေပါတယ်။