Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အင်ဒိုနီးရှားက ရဲစခန်းတစ်ခုမှာ အသေခံ ဗုံးကွဲပြီး ၂ ဦးသေ၊ ၁၀ ဦး ဒဏ်ရာရ

အသေခံ ဗုံးသမား စီးနင်းလာတဲ့ အပြာရောင် ဆိုင်ကယ်မှာ အဲဒီ ရာဇဝတ် ကျင့်ထုံးကို အယူမှားတဲ့ ကိစ္စတစ်ခုလို့ ရေးသားထားတာ တွေ့ရကြောင်း အနောက်ဂျာဗား ရဲတပ်ဖွဲ့ အကြီးအကဲ ဆူတာနာက ပြောပါတယ်။

အင်ဒိုနီးရှားက ရဲစခန်းတစ်ခုမှာ အသေခံ ဗုံးကွဲပြီး ၂ ဦးသေ၊ ၁၀ ဦး ဒဏ်ရာရ
အင်ဒိုနီးရှားက ရဲစခန်းတစ်ခုမှာ အသေခံ ဗုံးကွဲပြီး ၂ ဦးသေ၊ ၁၀ ဦး ဒဏ်ရာရ

အင်ဒိုနီးရှား နိုင်ငံမှာ အသေခံ ဗုံးခွဲမှု တစ်ခုကြောင့် ဗုံးသမားနဲ့ အခြားသူတစ်ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက် ဒဏ်ရာ ရခဲ့ကြောင်း သိရပါတယ်။

အင်ဒိုနီးရှား အာဏာပိုင်တွေက အသေခံ ဗုံးခွဲသူကို အစ္စလာမ်မစ် အစွန်းရောက် တစ်ဦးလို့ စွပ်စွဲ ပြောဆိုထားပါတယ်။ ဒီဇင်ဘာ ၇ ရက်က ဘန်ဒွန်မြို့မှာရှိတဲ့ ရဲစခန်း တစ်ခုမှာ အသေခံ ဗုံးခွဲမှု ဖြစ်ခဲ့တာပါ။ ရဲတွေက ဗုံးသမားဟာ အိုင်အက်စ် အစွန်းရောက် စစ်သွေးကြွတွေနဲ့ ဆက်စပ်တဲ့ ဂျမား အန်ရှာရွတ် ဒါအူလာ (JAD) အဖွဲ့ဝင် တစ်ဦးလို့ ယူဆထားပါတယ်။

ရဲတွေက အဂူစ် ဆူဂျတ်နိုလို့ နာမည် ဖော်ပြထားတဲ့ ဗုံးသမားဟာ ၂၀၂၁ နှစ်ကုန်ပိုင်း ထောင်ကနေ ပြန်လွတ်ခဲ့သူလို့လည်း ပြောပါတယ်။ နောက်ဆက်တွဲ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်တဲ့ အခါမှာ ဆူဂျတ်နိုဟာ မကြာသေးခင်က ပြဋ္ဌာန်းခဲ့တဲ့ အငြင်းပွားစရာ ရာဇဝတ် ကျင့်ထုံးသစ်ကို ဆန့်ကျင်တဲ့ သဘောမျိုး သေတမ်းစာဆန်ဆန် ရေးသားပြီး ချန်ထားခဲ့တယ်လို့ ဖော်ထုတ် တွေ့ရှိခဲ့ပါတယ်။

ရာဇဝတ် ကျင့်ထုံးသစ်ဟာ အစ္စလာမ်မစ် ဘာသာရေးဆိုင်ရာ ရှာရီရာ စည်းမျဉ်းတွေကို အခြေခံထားပေမယ့် သဘောထား တင်းမာတဲ့ အစ္စလာမ် ဘာသာဝင် တော်တော်များများက မနှစ်မြို့ကြပါဘူး။ အဲဒီ စည်းမျဉ်း ဥပဒေတွေဟာ အစွန်းရောက် အစ္စလာမ်မစ် ဝါဒတွေကို ချိုးနှိမ်ဖို့ ရည်ရွယ် ရေးဆွဲထားတာဆိုတဲ့ ဝေဖန်မှုတွေ ရှိနေပါတယ်။

Public Service Announcement

Public Service Announcement

အသေခံ ဗုံးသမား စီးနင်းလာတဲ့ အပြာရောင် ဆိုင်ကယ်မှာ အဲဒီ ရာဇဝတ် ကျင့်ထုံးကို အယူမှားတဲ့ ကိစ္စတစ်ခုလို့ ရေးသားထားတာ တွေ့ရကြောင်း အနောက်ဂျာဗား ရဲတပ်ဖွဲ့ အကြီးအကဲ ဆူတာနာက ပြောပါတယ်။

JAD အဖွဲ့ဟာ ၂၀၁၈ ခုနှစ်က ဆူရာဘာယာ မြို့မှာ ခရစ်ယာန် ဘုရားကျောင်းတွေကို ဆက်တိုက် ဗုံးခွဲခဲ့တဲ့ လုပ်ရပ်ရဲ့ အဓိက လက်သည် ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်မှာလည်း JAD အဖွဲ့ဝင် လက်ထပ်ပြီးစ စုံတွဲတစ်တွဲဟာ မာကက်ဆာမြို့က ခရစ်ယာန် ဘုရားကျောင်းကြီးမှာ အသေခံ ဗုံးခွဲဖူးပေမယ့် တခြားသူတွေကို မထိခိုက်ဘဲ သူတို့နှစ်ယောက်သာ သေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲစခန်းတစ်ခု ပစ်ခတ်ခံရတဲ့နောက် လုံခြုံရေး တိုးမြှင့်ထားသလို အနီးမှာရှိတဲ့ ကျောင်းတစ်ကျောင်းကိုလည်း ပိတ်ထားရပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ ဆန္ဒပြနေတဲ့ လူစုလူဝေးကို ပစ်မှတ်ထားတဲ့ အသေခံ ဗုံးခွဲမှုကြောင့် ၁၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ခရီးသည်တင် ကူးတို့ရေယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၅ ဦးသေ၊ ၄၀ ကျော် ပျောက်ဆုံးနေပါတယ်။

သတင်း

ဒုတိယ ကမ္ဘာစစ်မှာ နာမည်ဆိုးနဲ့ အထူးကျော်ကြားခဲ့တဲ့ နာဇီ ခေါင်းဆောင်ကြီး အဒေါ့ဖ်ဟစ်တလာ မွေးဖွားခဲ့တဲ့ နေရာဟာ အခုတော့ ရဲစခန်းတစ်ခု ဖြစ်လာခဲ့ပါပြီ။