Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကုလသမဂ္ဂရဲ့ နှလုံးလှ သံတမန် ရာထူးကနေ အန်ဂျလီနာဂျိုလီ နုတ်ထွက်

ဂျိုလီက သူဟာ နှလုံးလှသံတမန် ရာထူးကနေ ခွဲခွာလာပေမယ့် နိုင်ငံတကာ ဒုက္ခသည်တွေရဲ့ အကျပ်အတည်းတွေကို ကူညီဖြေရှင်းနိုင်ရေးအတွက် သူ့ရဲ့ စွမ်းဆောင်ရည် ရှိသလောက် ဆက်ပြီး မဆုတ်မနစ် ကြိုးစားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ နှလုံးလှ သံတမန် ရာထူးကနေ အန်ဂျလီနာဂျိုလီ နုတ်ထွက်
ကုလသမဂ္ဂရဲ့ နှလုံးလှ သံတမန် ရာထူးကနေ အန်ဂျလီနာဂျိုလီ နုတ်ထွက်

ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ နှလုံးလှ သံတမန် ရာထူးကို ကမ္ဘာကျော် ဟောလိဝုဒ် မင်းသမီး အန်ဂျလီနာ ဂျိုလီက စွန့်လွှတ်လိုက်ပြီ ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကို ကိုယ်စားပြုပြီး ကူညီပေးနေတာ ဆယ်စုနှစ် နှစ်ခုကျော် ကြာမြင့်ခဲ့တဲ့နောက် အခုလို လမ်းခွဲတော့မယ့် သတင်းကို ဂျိုလီရော၊ အဖွဲ့အစည်းဖက်ကပါ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

ဂျိုလီက သူဟာ နှလုံးလှသံတမန် ရာထူးကနေ ခွဲခွာလာပေမယ့် နိုင်ငံတကာ ဒုက္ခသည်တွေရဲ့ အကျပ်အတည်းတွေကို ကူညီဖြေရှင်းနိုင်ရေးအတွက် သူ့ရဲ့ စွမ်းဆောင်ရည် ရှိသလောက် ဆက်ပြီး မဆုတ်မနစ် ကြိုးစားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂနဲ့ လမ်းခွဲခဲ့တာနဲ့ ပတ်သက်လို့ သူ့ရဲ့ သဘောထားကို ပြောပြတဲ့အခါ ကွဲပြားတဲ့ လမ်းကြောင်းတွေကနေ လူသားချင်း စာနာမှုနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေကို ဆက်လက် ဆောင်ရွက်နေချင်လို့ ဖြစ်တယ်လို့ ဂျိုလီက မှတ်ချက် ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သူဟာ ၂၀၀၁ ခုနှစ်မှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနဲ့ လက်တွဲလုပ်ဆောင်မှုတွေ စတင်ခဲ့ပြီး ၂၀၁၂ မှာတော့ နှလုံးလှ သံတမန်အဖြစ် အပ်နှင်းခြင်း ခံခဲ့ရပါတယ်။ ကုလသမဂ္ဂက အဲဒီ ၁၀ နှစ်တာ သက်တမ်းအတွင်း ဂျိုလီဟာ ကွင်းဆင်း ခရီးစဉ်ပေါင်း ၆၀ ကျော် သွားရောက်ခဲ့ပြီး ဒုက္ခသည်တွေရဲ့ အကျပ်အတည်းတွေ၊ သူတို့ရဲ့ ကြံ့ကြံ့ခံမှုနဲ့ မျှော်လင့်ချက်တွေကို မျှဝေနားထောင်ပြီး အားပေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့လက ဗြိတိန်ထုတ် Guardian သတင်းစာမှာ ဖော်ပြမှုအရ ဂျိုလီဟာ ကမ္ဘာအနှံ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို တိုက်ဖျက်နိုင်ရေးအတွက် ကုလသမဂ္ဂ ဦးဆောင်တဲ့ အားထုတ် ကြိုးပမ်းမှုတွေ မထိရောက်တဲ့အပေါ် စိတ်ပျက်နေပြီလို့ အရိပ်အမြွက် ပြောဆိုခဲ့ဖူးကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာပြည်သူတွေကိုယ်စား ဆက်လက်အသိအမှတ်ပြုခန့်အပ်ထားပေးဖို့ တောင်းဆိုဆန္ဒပြပွဲကို စက်တင်ဘာ ၁၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂ (UN)မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်း ဆက်လက် ကိုယ်စားပြုခွင့်ရရှိရေးအတွက် ​ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ပါလီမန်အဆောက်အအုံရှေ့မှာ ပြည်ပရောက် မြန်မာတွေက ဒီကနေ့ (စက်တင်ဘာ ၁၂) ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဘူဖျောင်းမြို့မှာ ပြည်ပရောက် မြန်မာတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ဆက်လက်ထားရှိနိုင်ဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုကို ​စက်တင်ဘာ ၆ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိဖို့ CDM နိုင်ငံ့ဝန်ထမ်းများကွန်ရက် အဖွဲ့အစည်းတွေက တောင်းဆိုပါတယ်။