Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြောက်ကိုရီးယား စစ်တပ်ရဲ့ ဒုတိယ ဩဇာအကြီးဆုံးပုဂ္ဂိုလ် ရာထူးက ထုတ်ပယ်ခံရ

ပက်ခ်ရဲ့ အရိုက်အရာကို ဆက်ခံမယ့် ရီကလည်း စစ်တပ်ထဲမှာ လူသိများသူ တစ်ဦးဖြစ်ပြီး ပူးပေါင်းစစ်ဆင်ရေး ဌာနအကြီးအကဲနဲ့ ကာကွယ်ရေးဝန်ကြီး ရာထူးတွေကို ရယူထားသူ ဖြစ်ပါတယ်။

မြောက်ကိုရီးယား စစ်တပ်ရဲ့ ဒုတိယ ဩဇာအကြီးဆုံးပုဂ္ဂိုလ် ရာထူးက ထုတ်ပယ်ခံရ
မြောက်ကိုရီးယား စစ်တပ်ရဲ့ ဒုတိယ ဩဇာအကြီးဆုံးပုဂ္ဂိုလ် ရာထူးက ထုတ်ပယ်ခံရ

စစ်တပ်ရဲ့ ဒုတိယ ဩဇာအကြီးမားဆုံး အရာရှိကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။

အာဏာရ အလုပ်သမား ပါတီရဲ့ ဗဟို စစ်ရေးကော်မရှင် ဒုတိယ ဥက္ကဋ္ဌဖြစ်သူ ပက်ခ်ဂျောင်ချွန် ထုတ်ပယ်ခံရတဲ့ သတင်းကို အစိုးရပိုင် KCNA သတင်းဌာနက အတည်ပြု ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ကျင်းပတဲ့ ပါတီ နှစ်ပတ်လည် ညီလာခံမှာ ပက်ခ်ကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ပြီး ရီယောင်ဂျီလ်နဲ့ အစားထိုး ခန့်အပ်ခဲ့တယ်လို့ KCNAရဲ့ အဆိုအရ သိရပါတယ်။

ဒါပေမဲ့ အခုလိုမျိုး စစ်တပ်ထိပ်ပိုင်း ရာထူးနေရာတစ်ခုမှာ ရုတ်တရက် လူအပြောင်းအလဲ ဖြစ်သွားရတဲ့ အကြောင်းရင်းကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။ အလုပ်သမား ပါတီရဲ့ နှစ်ပတ်လည် ညီလာခံတွေမှာ အရင်ကလည်း ရာထူးနေရာ ပြောင်းလဲသတ်မှတ်တာတွေ၊ အရေးကြီးတဲ့ မူဝါဒသစ် ချမှတ်တာတွေ ရှိခဲ့ဖူးပါတယ်။

ရုပ်မြင်သံကြား မှတ်တမ်းတွေအရ ညီလာခံရဲ့ အစောပိုင်း အချိန်မှာ ပက်ခ်က ရှိနေခဲ့ပေမယ့် နောက်ကျတော့ သူ့ထိုင်ခုံမှာ လူလွတ်နေတာကို တွေ့ရပါတယ်။ ဇန်နဝါရီ ၂ ရက်မှာ ခေါင်းဆောင်ကြီး ကင်မ်က ဖခင်နဲ့ အဖိုးဖြစ်သူတို့ကို မြှုပ်နှံထားရာ ကွမ်ဆူဆန်း နေနန်းတော်ကို သွားရောက် ဂါရဝပြုတဲ့ မှတ်တမ်း ဓာတ်ပုံတွေ ထုတ်ပြန်တဲ့ အခါမှာလည်း ပက်ခ်ကို မတွေ့ရတော့ပါဘူး။

Public Service Announcement

Public Service Announcement

ဗဟိုစစ်ရေး ကော်မရှင်မှာ ခေါင်းဆောင်ကြီး ကင်မ်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတာကြောင့် တစ်နည်းအားဖြင့် ပက်ခ်ဟာ မြောက်ကိုရီးယား စစ်တပ်မှာ ကင်မ်ပြီးရင် ဩဇာအကြီးဆုံး အရာရှိလို့ သတ်မှတ်နိုင်ပါတယ်။

ကင်မ်က ၂၀၂၃ ခုနှစ်မှာ မြောက်ကိုရီးယား အနေနဲ့ တာဝေးပစ် တိုက်ချင်းပစ် နည်းပညာသစ်တွေ ပိုင်ဆိုင်နိုင်ရေး ပိုမိုအားထုတ်ပြီး နျူကလီးယား လက်နက်တိုက်ကိုလည်း ချဲ့ထွင်သွားမယ်လို့ ကြေညာလိုက်တဲ့ အချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ပက်ခ်လည်း ရာထူးက ထုတ်ပယ် ခံလိုက်ရတာပါ။

ပက်ခ်ဟာ ၂၀၁၅ တုန်းက မြောက်ကိုရီးယား စစ်တပ်ရဲ့ လက်နက်ကြီး တပ်တစ်ခုရဲ့ ဦးစီးအရာရှိအဖြစ် တာဝန်ယူနေရာကနေ လျင်လျင်မြန်မြန် ရာထူးတက်လာပြီး ၂၀၂၀ ပြည့်နှစ်မှာ ကြယ်လေးပွင့် ဗိုလ်ချုပ်ကြီး ဖြစ်လာခဲ့ပါတယ်။ သူဟာ မြောက်ကိုရီးယားရဲ့ တာတိုပစ် ဒုံးကျည် နည်းပညာ မြန်မြန်ဆန်ဆန် အောင်မြင် တိုးတက်လာမှုတွေအတွက် အဓိက တွန်းအားပေးခဲ့သူလို့ ယုံကြည်ရပါတယ်။

ပက်ခ်ရဲ့ အရိုက်အရာကို ဆက်ခံမယ့် ရီကလည်း စစ်တပ်ထဲမှာ လူသိများသူ တစ်ဦးဖြစ်ပြီး ပူးပေါင်းစစ်ဆင်ရေး ဌာနအကြီးအကဲနဲ့ ကာကွယ်ရေးဝန်ကြီး ရာထူးတွေကို ရယူထားသူ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့မှာ လမ်းနယ်နမိတ်နဲ့ မလွတ်လို့ဆိုပြီး နေအိမ် ရာနဲ့ချီဖျက်ဖို့အတွက် စစ်ကောင်စီ လက်အောက်ခံလမ်းဦးစီးဌာနက စာပို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။