Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နိုင်ငံတကာ ဖိအားပေးမှုတွေ ရှိပေမယ့် ဆန္ဒပြ ပြည်သူတွေကို အီရန် ဆက်ပြီး ကွပ်မျက်နေဆဲ

ကာရာမီရဲ့ ရှေ့နေတစ်ဦးကတော့ သူ့အမှုသည်ဟာ ကွပ်မျက် မခံရခင်မှာ မိသားစုနဲ့တောင် တွေ့ခွင့် မရခဲ့ဘူးလို့ Twitterမှာ ရေးသားခဲ့ပါတယ်။ နောက်ပြီး သူ့အတွက် ကြိုးစားပေးနေတဲ့ ဥပဒေ အကျိုးဆောင်တွေရဲ့ ကိုယ်စားပြုခွင့်ကို ပိတ်ပင်ခဲ့တာကြောင့် ကာရာမီဟာ အစာခြောက်တွေသာ စားပြီး ဆန္ဒပြခဲ့သေးတယ်လို့ သိရပါတယ်။

နိုင်ငံတကာ ဖိအားပေးမှုတွေ ရှိပေမယ့် ဆန္ဒပြ ပြည်သူတွေကို အီရန် ဆက်ပြီး ကွပ်မျက်နေဆဲ
နိုင်ငံတကာ ဖိအားပေးမှုတွေ ရှိပေမယ့် ဆန္ဒပြ ပြည်သူတွေကို အီရန် ဆက်ပြီး ကွပ်မျက်နေဆဲ

နိုင်ငံတကာ ဝေဖန်ရှုတ်ချမှုတွေ ရှိနေပေမယ့်လည်း အီရန်အစိုးရဟာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ဆက်ပြီး ကွပ်မျက်နေဆဲ ဖြစ်ပါတယ်။

ဇန်နဝါရီ ၇ ရက်မှာ နောက်ထပ် ဆန္ဒပြသူ လူငယ်နှစ်ဦးကို အီရန်က သေဒဏ်စီရင် ကွပ်မျက်လိုက်ကြောင်း သိရပါတယ်။ အီရန်မှာ ဘာသာရေးရဲတွေရဲ့ အကြမ်းဖက် ဖမ်းဆီး ချုပ်နှောင်မှုကြောင့် အသက် ၂၂ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာလကစပြီး အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေခဲ့တာ ဖြစ်ပါတယ်။

အခုဆိုရင် အီရန်မှာ ဆန္ဒပြသူတွေကို အစိုးရက ကွပ်မျက်နေတာ ၄ ဦးထိ ရှိလာပြီ ဖြစ်ပါတယ်။ မိုဟာမက် မာဟ်ဒီ ကာရာမီနဲ့ ဆေယက်ဒ် မိုဟာမက် ဟိုစိန်နီတို့ နှစ်ဦးဟာ အီရန် အစိုးရ ဘက်တော်သား လုံခြုံရေး အရန်တပ်ဖွဲ့ဝင်တွေကို သတ်ဖြတ်တယ်လို့ စွပ်စွဲခံရပြီး လူသတ်မှုနဲ့ တရားစွဲ ခံခဲ့ရပါတယ်။ သူတို့နှစ်ဦးဟာ ကရာတေး နည်းပြ တစ်ဦးနဲ့ ကလေးတွေကို စေတနာ့အလျောက် ကူညီနေတဲ့ စေတနာ့ဝန်ထမ်း အားကစား နည်းပြတစ်ဦးတို့ ဖြစ်ကြပါတယ်။

သူတို့ဟာ နိုဝင်ဘာ ၃ ရက်က အစိုးရ အလိုတော်ရိ ဘာဆက်ဂျ် အရန်တပ်ဖွဲ့ဝင် တစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း တရားရုံးက စွပ်စွဲပါတယ်။ ဘာဆက်ဂျ်တွေဟာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ဖြိုခွင်းရာမှာ အာဏာပိုင်တွေကို မျက်နှာလိုအားရ ကူညီနေတဲ့ အဖွဲ့တွေပါ။

Public Service Announcement

Public Service Announcement

ကာရာမီရဲ့ ရှေ့နေတစ်ဦးကတော့ သူ့အမှုသည်ဟာ ကွပ်မျက် မခံရခင်မှာ မိသားစုနဲ့တောင် တွေ့ခွင့် မရခဲ့ဘူးလို့ Twitterမှာ ရေးသားခဲ့ပါတယ်။ နောက်ပြီး သူ့အတွက် ကြိုးစားပေးနေတဲ့ ဥပဒေ အကျိုးဆောင်တွေရဲ့ ကိုယ်စားပြုခွင့်ကို ပိတ်ပင်ခဲ့တာကြောင့် ကာရာမီဟာ အစာခြောက်တွေသာ စားပြီး ဆန္ဒပြခဲ့သေးတယ်လို့ သိရပါတယ်။

လူငယ်နှစ်ဦးကို ကွပ်မျက်လိုက်တဲ့ ဖြစ်စဉ်အပြီး အီရန် အစိုးရ အနေနဲ့ အခုလိုမျိုး ဆန္ဒပြသူတွေကို သေဒဏ်စီရင် ကွပ်မျက်နေတာတွေ ရပ်တန်းကရပ်ဖို့ ကုလသမဂ္ဂနဲ့ ဥရောပ သမဂ္ဂတို့က ပိုမို ဖိအားပေး တောင်းဆိုလာကြပါတယ်။ အီရန်ဟာ ပွင့်လင်းမြင်သာမှု မရှိတဲ့ ခုံရုံးတွေ ဖွဲ့စည်းပြီး ဆန္ဒပြသူတွေအပေါ် မတရားပြစ်ဒဏ်တွေ စီရင် ချမှတ်နေတာ ဖြစ်ပါတယ်။ လက်ရှိ အချိန်ထိ အီရန်မှာ သေဒဏ် အမိန့်ချ ခံထားရတဲ့ နောက်ထပ် ဆန္ဒပြပြည်သူ ၄၁ ဦး ရှိနေသေးကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် တပ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ကြိုးစားခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို အပြင်းအထန် တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)နဲ့ ဆက်စပ်တဲ့ သတင်းဌာန တစ်ခုက အမေရိကန် သမ္မတရဲ့ ဇနီးနဲ့သားကို လုပ်ကြံဖို့ တိုက်တွန်းထားတဲ့ ဗီဒီယိုတစ်ခု ဖြန့်ဝေခဲ့တာကို အမေရိကန် သမ္မတ လုံခြုံရေး တာဝန်ယူထားတဲ့ လျှို့ဝှက် ထောက်လှမ်းရေး...