Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဆန္ဒပြမှုတွေမှာ ပါဝင်ခဲ့သူ တစ်ဦးကို ပထမဆုံးအကြိမ် အီရန် အစိုးရ ကွပ်မျက်

အီရန် အစိုးရ မီဒီယာက ရှက်ကာရီကို ဆူပူအုံကြွအောင် လှုံ့ဆော်သူ တစ်ဦးလို့လည်း စွပ်စွဲခဲ့ပါတယ်။ နိုင်ငံတကာ အသိုက်အဝန်းက အီရန် အစိုးရ အနေနဲ့ သေဒဏ် စီရင်ချက် ချမှတ်ထားတဲ့ ဆန္ဒပြသူတွေကို မကွပ်မျက်ဖို့ ဝိုင်းဝန်း ဖိအားပေးနေပေမယ့် အခုလို အခြေအနေတွေ ဖြစ်လာခဲ့တာပါ။

ဆန္ဒပြမှုတွေမှာ ပါဝင်ခဲ့သူ တစ်ဦးကို ပထမဆုံးအကြိမ် အီရန် အစိုးရ ကွပ်မျက်
ဆန္ဒပြမှုတွေမှာ ပါဝင်ခဲ့သူ တစ်ဦးကို ပထမဆုံးအကြိမ် အီရန် အစိုးရ ကွပ်မျက်

လတ်တလော ပေါ်ပေါက်နေတဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြ လှုပ်ရှားမှုတွေမှာ ပါဝင်သူ တစ်ဦးကို အီရန်က ပထမဆုံးအကြိမ် ကွပ်မျက်လိုက်ပါတယ်။

ဘုရားသခင်ရဲ့ အလိုတော်ကို ဆန့်ကျင်တဲ့ မိုဆန် ရှက်ခါရီကို ဒီဇင်ဘာ ၈ ရက် မနက်အစောပိုင်းမှာ ကြိုးပေးကွပ်မျက်လိုက်တယ်လို့ အီရန် အစိုးရ မီဒီယာတွေက ဖော်ပြပါတယ်။ ရှက်ကာရီဟာ အီရန် တော်လှန်ရေး အစောင့်တပ်ရဲ့ ခုံရုံးတစ်ခုမှာ ကြားနာစစ်ဆေး ခံရပြီး အပြစ်ရှိကြောင်း တစ်ဖက်သတ် စီရင်ဆုံးဖြတ် ခံခဲ့ရပါတယ်။

သူဟာ စက်တင်ဘာ ၂၅ ရက်တုန်းက တဟီရန်မြို့တော်က လမ်းမတစ်ခုမှာ ဘာဆစ်ဂျ် အဖွဲ့ဝင် တစ်ဦးကို ဓားနဲ့ တိုက်ခိုက်ပြီး ဒဏ်ရာရစေခဲ့ကြောင်း ပြစ်မှုထင်ရှားတယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ ဘာဆစ်ဂျ် ဆိုတာက အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို လက်နက်ကိုင်ပြီး လူမိုက်ဆန်ဆန် ရမ်းကား ဖြိုခွင်းနေတဲ့ အစိုးရ ဘက်တော်သား အရပ်ဖက် အင်အားစုတွေပါ။

အီရန် အစိုးရ မီဒီယာက ရှက်ကာရီကို ဆူပူအုံကြွအောင် လှုံ့ဆော်သူ တစ်ဦးလို့လည်း စွပ်စွဲခဲ့ပါတယ်။ နိုင်ငံတကာ အသိုက်အဝန်းက အီရန် အစိုးရ အနေနဲ့ သေဒဏ် စီရင်ချက် ချမှတ်ထားတဲ့ ဆန္ဒပြသူတွေကို မကွပ်မျက်ဖို့ ဝိုင်းဝန်း ဖိအားပေးနေပေမယ့် အခုလို အခြေအနေတွေ ဖြစ်လာခဲ့တာပါ။

Public Service Announcement

Public Service Announcement

နော်ဝေးအခြေစိုက် အီရန် လူ့အခွင့်အရေး အဖွဲ့ရဲ့ ဒါရိုက်တာဖြစ်သူ မာမွတ် အမီရီ မော့ဟက်ဒမ်က နိုင်ငံတကာရဲ့ ထိရောက်ပြီး လက်တွေ့ကျတဲ့ တုံ့ပြန်မှုတွေသာ မရှိရင် အီရန်အာဏာပိုင်တွေက အခုလို ကွပ်မျက်မှုတွေကို နေ့စဉ်ရက်ဆက် မြိန်ရည်ယှက်ရည် ကျူးလွန်လာလိမ့်မယ်လို့ Twitterမှာ သတိပေး ရေးသားထားခဲ့ပါတယ်။

အီရန် တရားရေး ဝန်ကြီးဌာနဟာ စက်တင်ဘာ လလယ်က စတင်ခဲ့တဲ့ ဆန္ဒပြမှုတွေနဲ့ ဆက်စပ်လို့ စုစုပေါင်း ၁၁ ဦးထိ သေဒဏ် စီရင်ချက် ချမှတ်ပြီး ဖြစ်တယ်လို့ ကြေညာထားပါတယ်။ အဲဒီထဲမှာ ရှက်ခါရီကိုတော့ ပထမဆုံးအကြိမ် လက်တွေ့ ကွပ်မျက်ခဲ့တာပါ။

အီရန်မှာ ဘာသာရေး ရဲတွေရဲ့ ကြမ်းကြမ်းတမ်းတမ်း ဖမ်းဆီး စစ်ဆေးမှုကြောင့် အသက် ၂၂ နှစ်အရွယ် မာရှာ အမီနီဆိုတဲ့ မိန်းကလေးငယ် သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အကြောင်းပြုပြီး နိုင်ငံအနှံ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ၁၉၇၉ ခုနှစ်၊ အစ္စလာမ်မစ် တော်လှန်ရေးအပြီး အီရန် အစိုးရ အတွက်တော့ အခုဆန္ဒပြမှုတွေဟာ နိုင်ငံရေးအရ အကြီးမားဆုံး စိန်ခေါ်မှုတွေလည်း ဖြစ်လာခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် AA အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုများကို ဘူးသီးတောင်နှင့်မောင်တောမြို့နယ်တွင်လည်း အတင်းအကျပ် ဖိအားပေးခိုင်းစေခဲ့သည်ဟု ရိုဟင်ဂျာအရေးဆောင်ရွက်သူများကပြောသည်။

နိုင်ငံတကာ

အစ္စရေးနဲ့ အီရန်ကြားမှာ တိုက်ရိုက် ပဋိပက္ခဖြစ်မယ့် အလားအလာက လျော့ကျသွားပြီ ဆိုပေမယ့် အီရန်ရဲ့ လက်ဝေခံ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အီရန်ကြား တိုက်ခိုက်မှုတွေကတော့ အရှေ့အလယ်ပိုင်း ဒေသအနှံ့ ဆက်လက် ဖြစ်ပွားနေပါတယ်။

နိုင်ငံတကာ

အစ္စ္စရေးနဲ့ အီရန်တို့ဟာ ခါးသီးရန်ဘက်တွေအဖြစ် ကာလရှည်ကြာ ရပ်တည်ခဲ့ပေမယ့် နှစ်နိုင်ငံကြား အတိအလင်း ကိုယ်ထိလက်ရောက် စစ်ပြုတိုက်ခိုက်တာမျိုးကတော့ ဧပြီ ၁၃ ရက်ဖြစ်စဉ်ဟာ ပထမဆုံးလို့ သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂဆိုင်ရာ အီရန် သံတမန် အဖွဲ့က အီရန်ရဲ့ တိုက်ခိုက်မှုဟာ တရားမျှတပြီး အမေရိကန် အနေနဲ့ ကြားမဝင်ဖို့ လိုတယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။