Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရွေးကောက်ပွဲရှုံးလို့ ပြိုင်ဘက်တွေရဲ့ နေအိမ်တွေကို လူငှားပြီး ပစ်ခတ်စေခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်း

ပစ်ခတ်မှု ဖြစ်ပွားရာ နေရာတစ်ခုဖြစ်တဲ့ အယ်လ်ဘူကာကာ မြို့ရဲ့ မြို့တော်ဝန် တင်မ်ကယ်လာက အခုကိစ္စဟာ နိုင်ငံရေး အစွန်းရောက်မှုတွေရဲ့ အကျိုးဆက် တစ်ခုလို့ ဝေဖန်ခဲ့ပြီး ဒီလို ကိစ္စမျိုးတွေကို ပြတ်ပြတ်သားသား တွန်းလှန်ဖို့ အရေးကြီးတယ်လို့ ပြောကြားသွားခဲ့ပါတယ်။

ရွေးကောက်ပွဲရှုံးလို့ ပြိုင်ဘက်တွေရဲ့ နေအိမ်တွေကို လူငှားပြီး ပစ်ခတ်စေခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်း
ရွေးကောက်ပွဲရှုံးလို့ ပြိုင်ဘက်တွေရဲ့ နေအိမ်တွေကို လူငှားပြီး ပစ်ခတ်စေခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်း

ရွေးကောက်ပွဲမှာ အရေးနိမ့်ခဲ့တဲ့ အမေရိကန် လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးဟာ ဒေသတွင်းက ပြိုင်ဘက်ပါတီဝင်တွေရဲ့ နေအိမ်တွေကို သေနတ်နဲ့ လိုက်ပစ်စေခဲ့တာကြောင့် အဖမ်းခံခဲ့ရပါတယ်။

နယူးမက္ကဆီကို ပြည်နယ်က ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားပြု အောက်လွှတ်တော်အမတ် ဆိုလိုမန် ပီနာဟာ ရွေးကောက်ပွဲမှာ ရှုံးနိမ့်မှုကို မကျေနပ်တာကြောင့် ပြိုင်ဘက် ဒီမိုကရက် ပါတီရဲ့ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် ကိုယ်စားလှယ်တွေ နေထိုင်ရာ အိမ်တွေကို ပစ်ခတ်ဖို့ လူ ၄ ဦးကို အခကြေးငွေပေး ငှားရမ်းခဲ့ပါတယ်။

အဲဒီ ပစ်ခတ်မှု ၄ ကြိမ်အတွင်း လူတွေ ထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိခဲ့ပေမယ့် ဇန်နဝါရီ ၁၆ ရက်မှာ နယူးမက္ကဆီကို ပြည်နယ် ရဲတပ်ဖွဲ့က ပီနာကို ဖမ်းဆီးခဲ့ပါတယ်။ ဒီကိစ္စမှာ ပီနာဟာ နိုဝင်ဘာလ ရွေးကောက်ပွဲ ရှုံးနိမ့်မှု ရလဒ်ကို မကျေနပ်လို့ ကျူးလွန်တာမျိုး ဖြစ်နိုင်ကြောင်း ရဲတွေက ပြောပါတယ်။

ပီနာဟာ ပြည်နယ်ရဲ့ အောက်လွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ ဒီမိုကရက် ပါတီဝင် မီဂွယ်လ် ဂါစီယာကို စိန်ခေါ်ခဲ့ပေမယ့် မဲအရေအတွက် ၇၄-၂၆ ရာခိုင်နှုန်းဆိုတဲ့ ကြီးမားတဲ့ အချိုးအစားနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ ပီနာက ဒါကို မကျေနပ်ဘဲ ဒေသဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်မှာ အကြိမ်ကြိမ် စောဒက တက်ခဲ့သလို မဲလိမ်မှုတွေ ရှိခဲ့တယ်လို့လည်း စွပ်စွဲခဲ့ကြောင်း ရဲတွေက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အခုအခါမှာတော့ သူဟာ အခကြေးငွေပေးပြီး သေနတ်သမားတွေ ငှားရမ်းခဲ့တဲ့ ကိစ္စအတွက် စစ်ဆေး မေးမြန်းမှုတွေ ခံယူနေရပါပြီ။ ပီနာဟာ အမေရိကန် သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်ကို အမာခံ အားပေး ထောက်ခံသူ တစ်ဦးဖြစ်ပါတယ်။ ထရမ့် ကိုယ်တိုင်လည်း ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ရှုံးနိမ့်တုန်းက မဲမသမာမှုတွေ ရှိတယ်ဆိုပြီး စွပ်စွဲခဲ့ဖူးပါတယ်။

ပစ်ခတ်မှု ဖြစ်ပွားရာ နေရာတစ်ခုဖြစ်တဲ့ အယ်လ်ဘူကာကာ မြို့ရဲ့ မြို့တော်ဝန် တင်မ်ကယ်လာက အခုကိစ္စဟာ နိုင်ငံရေး အစွန်းရောက်မှုတွေရဲ့ အကျိုးဆက် တစ်ခုလို့ ဝေဖန်ခဲ့ပြီး ဒီလို ကိစ္စမျိုးတွေကို ပြတ်ပြတ်သားသား တွန်းလှန်ဖို့ အရေးကြီးတယ်လို့ ပြောကြားသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

၂၀၂၀ အမေရိကန် ရွေးကောက်ပွဲ ရလဒ်တွေကို တရုတ်က နောက်ကွယ်ကနေ စွက်ဖက် ခြယ်လှယ်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စွပ်စွဲမှုကို တရုတ်ဖက်က ပယ်ချခဲ့ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်(မူတြော်ခရိုင်) တပ်မဟာ(၅)နယ်မြေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ နေအိမ်အဆောက်အဦး ပျက်စီးခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)က ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်က ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေကို ဖြုတ်ယူရောင်းစားနေတယ်လို့ ဒေသခံသတင်း ရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်‌တချို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်တွေအထိ ရေဝင်တာတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။