Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်း စစ်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ ရုရှားကြေးစားတပ်ကို ရာဇဝတ်ဂိုဏ်းအဖြစ် အမေရိကန် သတ်မှတ်

နိုဝင်ဘာ ၁၈ နဲ့ ၁၉ ရက်က ရိုက်ကူးထားတယ်ဆိုတဲ့ ဓာတ်ပုံတွေမှာ မြောက်ကိုရီးယားက ပြန်ထွက်လာတဲ့ ရုရှား ရထားတွဲတွေဟာ ပခုံးထမ်း လောင်ချာနဲ့ ဒုံးကျည်တွေ တင်ဆောင်လာတာကို တွေ့ရပါတယ်။

ယူကရိန်း စစ်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ ရုရှားကြေးစားတပ်ကို ရာဇဝတ်ဂိုဏ်းအဖြစ် အမေရိကန် သတ်မှတ်
ယူကရိန်း စစ်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ ရုရှားကြေးစားတပ်ကို ရာဇဝတ်ဂိုဏ်းအဖြစ် အမေရိကန် သတ်မှတ်

ယူကရိန်း စစ်ပွဲမှာ ထဲထဲဝင်ဝင် ပါဝင်တိုက်ခိုက်နေတဲ့ ရုရှား ပုဂ္ဂလိက ကြေးစားတပ် Wagnerကို အမေရိကန်က ရာဇဝတ်ဂိုဏ်း တစ်ခုအဖြစ် သတ်မှတ် ကြေညာလိုက်ပါတယ်။

အမေရိကန် အစိုးရ ရုံးစိုက်ရာ အိမ်ဖြူတော်ရဲ့ အမျိုးသား လုံခြုံရေးဆိုင်ရာ ပြောရေးဆိုခွင့်ရ အရာရှိ ဂျွန်ကာဘီက ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ ရင်းနှီးတဲ့ လုပ်ငန်းရှင် သူဌေးကြီး ယက်ဗ်ဂျီနီ ပရိုင်ဂေါ့ဇင် ထိန်းချုပ်ထားရာ Wagner ပုဂ္ဂလိက စစ်တပ် ကုမ္ပဏီကို နယ်စပ်ဖြတ်ကျော် ရာဇဝတ် ဂိုဏ်းတစ်ခုအဖြစ် အမေရိကန်က သတ်မှတ်သွားမယ်လို့ အတည်ပြုခဲ့ပါတယ်။

ဒါဟာ Wagnerအပေါ် အမေရိကန်ရဲ့ ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် ဖိအားပေးမှု တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ ပရိုင်ဂေါ့ဇင်ဟာ ရုရှားမှာ ထောင်ကျနေတဲ့ ရာဇဝတ်သား၊ အကျဉ်းသားတွေကို ယူကရိန်း ကျူးကျော်စစ်ပွဲမှာ ပါဝင်တိုက်ခိုက်ပေးရင် ပြစ်ဒဏ်က လွတ်မြောက်ခွင့် ပေးမယ်လို့ လိုက်လံ စည်းရုံးခဲ့ပါတယ်။ ဒါကြောင့်လည်း ယူကရိန်းကို ရောက်လာတဲ့ Wagner ကြေးစား စစ်သားတွေဟာ အရပ်သား ပြည်သူတွေအပေါ် ကျင့်ဝတ်သိက္ခာမဲ့တဲ့ အဓမ္မ လုပ်ရပ်တွေ ပိုမို ကျူးလွန်လေ့ ရှိတယ်လို့ ယူကရိန်း အစိုးရက စွပ်စွဲထားပါတယ်။

ကာဘီက ယူကရိန်း စစ်မြေပြင်မှာ Wagner အဖွဲ့သား ၅၀၀၀၀ ဝန်းကျင်လောက် ပါဝင် တိုက်ခိုက်နေပြီး ၈၀ ရာခိုင်နှုန်းဟာ ထောင်ထွက်တွေ ဖြစ်တယ်လို့ ပြောပါတယ်။ Wagnerဟာ ကြမ်းကြုတ် ရက်စက်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေတဲ့ ရာဇဝတ်ဂိုဏ်း တစ်ခုဆိုတာ သံသယရှိဖို့ မလိုကြောင်းလည်း သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် အစိုးရဟာ Wagnerကို ထောက်ပံ့ကူညီနေတဲ့ အဖွဲ့အစည်းတွေကို မနားမနေ စုံစမ်းဖော်ထုတ် အရေးယူသွားမယ်လို့လည်း သူက ပြောပါသေးတယ်။ ပြီးတော့ ကာဘီက မြောက်ကိုရီးယား နိုင်ငံဟာ ယူကရိန်းနဲ့ စစ်ပွဲအတွက် Wagner အဖွဲ့ဆီ စစ်လက်နက်တွေ ထောက်ပံ့ရောင်းချနေကြောင်း ထောက်လှမ်းရေး အချက်အလက် ဓာတ်ပုံတချို့ကိုလည်း သတင်းထောက်တွေဆီ ပြသခဲ့ပါသေးတယ်။

နိုဝင်ဘာ ၁၈ နဲ့ ၁၉ ရက်က ရိုက်ကူးထားတယ်ဆိုတဲ့ ဓာတ်ပုံတွေမှာ မြောက်ကိုရီးယားက ပြန်ထွက်လာတဲ့ ရုရှား ရထားတွဲတွေဟာ ပခုံးထမ်း လောင်ချာနဲ့ ဒုံးကျည်တွေ တင်ဆောင်လာတာကို တွေ့ရပါတယ်။

အမေရိကန်က နယ်စပ်ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းအဖြစ် သတ်မှတ်တာ ခံလိုက်ရတာနဲ့ ပတ်သက်လို့ Wagnerရဲ့ ခေါင်းဆောင် ပရိုင်ဂေါ့ဇင်ကတော့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။ အဲဒီ သတ်မှတ်ချက်ဟာ အီတလီရဲ့ မာဖီးယား အဖွဲ့ကြီးနဲ့ ဂျပန်၊ ရုရှားတို့က ဂိုဏ်းဂဏ ရာဇဝတ် ကွန်ရက်တွေနဲ့ တစ်တန်းတည်း ထားရှိလိုက်ခြင်းလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။

နိုင်ငံတကာ

ဆိုက်ဘေးရီးယား ဒေသမှာ လေ့ကျင့်ပျံသန်းနေရင်း ရုရှားရဲ့ မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတစ်စီး ပျက်ကျခဲ့ကြောင်း သိရပါတယ်။