Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နျူကလီးယားနဲ့ တိုက်ခိုက်မှုကို တွန်းလှန်နိုင်အောင် အသင့်ပြင်ထားဖို့ ကင်မ်ဂျုံအန်း ညွှန်ကြား

KCNA ထုတ်ပြန် ပြသထားတဲ့ ဓာတ်ပုံတွေအရ ကင်မ်ဟာ သူ့ရဲ့ အရိုက်အရာကို ဆက်ခံမယ့်သူအဖြစ် သတင်းကြီးနေတဲ့ သမီးဖြစ်သူ ကင်မ်ဂျူအေးနဲ့အတူ အဲဒီ စစ်ရေးလေ့ကျင့်ရာ နေရာမှာ ရှိနေခဲ့တာကို တွေ့ရပါတယ်။

နျူကလီးယားနဲ့ တိုက်ခိုက်မှုကို တွန်းလှန်နိုင်အောင် အသင့်ပြင်ထားဖို့ ကင်မ်ဂျုံအန်း ညွှန်ကြား
နျူကလီးယားနဲ့ တိုက်ခိုက်မှုကို တွန်းလှန်နိုင်အောင် အသင့်ပြင်ထားဖို့ ကင်မ်ဂျုံအန်း ညွှန်ကြား

ရန်သူ နိုင်ငံတွေဆီက နျူကလီးယားနဲ့ တိုက်ခိုက်လာမှုကို တွန်းလှန်နိုင်အောင် အသင့်ရှိနေဖို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းက သူ့နိုင်ငံကို တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန် ၂ ရက်မှာ မြောက်ကိုရီးယားဟာ ဒုံးကျည် စမ်းသပ်မှုတွေ အပါအဝင် စစ်ရေး လေ့ကျင့်မှု တစ်ခုကို အကောင်အထည် ဖော်ခဲ့ပါတယ်။ အစိုးရပိုင် KCNA သတင်းဌာနကတော့ အဲဒီ စစ်ရေး လေ့ကျင့်မှုတွေဟာ မြောက်ကိုရီးယားကို ခြိမ်းခြောက်လာနိုင်တဲ့ နျူကလီးယား တိုက်ခိုက်မှုတွေကို တုံ့ပြန်ဖို့ ရည်ရွယ် ပြင်ဆင်ထားတာလို့ ထုတ်ပြန်ခဲ့ပါတယ်။

KCNAရဲ့ အဆိုအရ ကင်မ်ဟာ နျူကလီးယားထိပ်ဖူးအတု တပ်ဆင်ထားတဲ့ ဒုံးကျည်တစ်စင်း စမ်းသပ် ပစ်ခတ်မှုကိုပါ ကိုယ်တိုင် ကြီးမှူးခဲ့တယ်လို့ သိရပါတယ်။ အဲဒီဒုံးကျည်ဟာ မြောက်ကိုရီးယား နိုင်ငံပိုင်နက်ကို ဖြတ်သန်းပြီးတဲ့နောက် နိုင်ငံ အရှေ့ဖက် ကမ်းလွန် ပင်လယ်ပြင်ကို ကျဆင်းသွားခဲ့ပါတယ်။

ကင်မ်က တောင်ကိုရီးယားနဲ့ အမေရိကန်တို့ကို ရည်ညွှန်းပြီး ရန်သူနိုင်ငံတွေဟာ မြောက်ကိုရီးယားကို ရန်စ တိုက်ခိုက်လာဖို့ အချိန်တိုင်း ရည်ရွယ် ပြင်ဆင်နေကြောင်း၊ ဒါကြောင့် မြောက်ကိုရီးယားဟာ အချိန်မရွေး ကြုံလာနိုင်တဲ့ နျူကလီးယား တိုက်ခိုက်မှုတွေကို ခုခံပြီး တန်ပြန်တိုက်ခိုက်နိုင်အောင် အသင့်ရှိနေဖို့လိုကြောင်း ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် မြောက်ကိုရီးယားဟာ နိုင်ငံရဲ့ နျူကလီးယား စစ်လက်နက် စွမ်းရည်ကို အချိန်နဲ့ တပြေးညီ မြှင့်တင်နေဖို့ ခေါင်းဆောင်ကြီးကင်မ်က ညွှန်ကြားခဲ့တယ်လို့လည်း KCNAက ဖော်ပြသွားပါတယ်။

ကင်မ်ဟာ ဒုံးကျည် စမ်းသပ် ပစ်ခတ်မှုကို ကိုယ်တိုင် တက်ရောက် စစ်ဆေး ကြည့်ရှုခဲ့ပြီး အပြည့်အဝ စိတ်ကျေနပ်တယ်လို့ မှတ်ချက်ပြုခဲ့ကြောင်းလည်း KCNAက ဆိုပါတယ်။

KCNA ထုတ်ပြန် ပြသထားတဲ့ ဓာတ်ပုံတွေအရ ကင်မ်ဟာ သူ့ရဲ့ အရိုက်အရာကို ဆက်ခံမယ့်သူအဖြစ် သတင်းကြီးနေတဲ့ သမီးဖြစ်သူ ကင်မ်ဂျူအေးနဲ့အတူ အဲဒီ စစ်ရေးလေ့ကျင့်ရာ နေရာမှာ ရှိနေခဲ့တာကို တွေ့ရပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန်တို့က ၅ နှစ်တာအတွင်း ကိုရီးယား ကျွန်းဆွယ်မှာ ပမာဏ အကြီးမားဆုံး ပူးပေါင်း စစ်ရေးလေ့ကျင့်မှုကြီးတစ်ခု ပြုလုပ်နေတဲ့ အချိန်မှာပဲ မြောက်ကိုရီးယားကလည်း အခုလို ကိုယ်ပိုင် အစီအစဉ်နဲ့ စစ်ရေး လေ့ကျင့်မှုတွေ လုပ်ဆောင်ပြီး တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နျူကလီးယား လက်နက်နိုင်ငံအဖြစ် ရပ်တည်မှုကို ဘယ်တော့မှ ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယားက ပြိုင်ဘက် နိုင်ငံတွေကို ရည်ရွယ်ပြီး သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်သမ္မတရဲ့ အလည်အပတ် ခရီးစဉ် မတိုင်ခင် တစ်ရက်မှာ မြောက်ကိုရီးယားက နိုင်ငံရဲ့ နျူကလီးယား လက်နက်ပိုင် နိုင်ငံအဖြစ် ဆက်လက် ရပ်တည်နေမယ့်အကြောင်း အတည်ပြု ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ နျူကလီးယား လက်နက်အင်အားကို ထူးထူးကဲကဲ မြှင့်တင်သွားဖို့ သံန္နိဋ္ဌာန် ချထားကြောင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းက ပြောကြားခဲ့ပါတယ်။