Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရွေးကောက်ပွဲ ထပ်မံယှဉ်ပြိုင်မယ်လို့ ဘိုင်ဒန် တရားဝင် ကြေညာ

၂၀၁၉ ခုနှစ်တုန်းက ရွေးကောက်ပွဲ ယှဉ်ပြိုင်မယ်လို့ တရားဝင် ကြေညာခဲ့ဖူးတာရဲ့ ၄ နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ ဘိုင်ဒန်က နောက်တစ်ကြိမ် ရွေးကောက်ပွဲ ဝင်မယ်ဆိုတာကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ထပ်မံယှဉ်ပြိုင်မယ်လို့ ဘိုင်ဒန် တရားဝင် ကြေညာ
ရွေးကောက်ပွဲ ထပ်မံယှဉ်ပြိုင်မယ်လို့ ဘိုင်ဒန် တရားဝင် ကြေညာ

လာမယ့် ရွေးကောက်ပွဲမှာ နောက်တကြိမ် ပြန်လည် ယှဉ်ပြိုင်သွားမယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က အတည်ပြု ပြောကြားသွားပါတယ်။

ဘိုင်ဒန်ဟာ သူ့ရဲ့ ဒုတိယ ၄ နှစ် သမ္မတ သက်တမ်းအတွက် ယှဉ်ပြိုင်သွားလိမ့်မယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ခန့်မှန်းခံထားရပြီး အဲဒီသတင်းတွေကို ဧပြီ ၂၅ ရက်မှာ တရားဝင် အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ အမေရိကန် သမိုင်းမှာ အသက်အကြီးဆုံး သမ္မတဟာ နောက်ထပ် ၄ နှစ် ဆက်လက် တာဝန်ယူဖို့ စိတ်ပိုင်းဖြတ်ထားလိုက်ပါပြီ။

ဘိုင်ဒန်ဟာ တကယ်လို့သာ သမ္မတအဖြစ် ၈ နှစ်ပြည့်အောင် တာဝန် ထမ်းဆောင်ခဲ့မယ်ဆိုရင် သူ့အသက်က ၈၆ နှစ်ထိ ရှိနေမှာပါ။ ဘိုင်ဒန်က သူ့ရဲ့ သမ္မတ သက်တမ်းမှာ အကောင်အထည် ဖော်နေပြီး မပြီးပြတ်သေးတဲ့ အလုပ်တာဝန်တွေကို အဆုံးသတ်ဖို့အတွက် အချိန်ထပ်ပေးစေချင်တယ်လို့ တောင်းဆိုခဲ့ပါတယ်။

သူ့ရဲ့ အသက်အရွယ်နဲ့ ပတ်သက်လို့ စိတ်ပူတာတွေ ရှိနိုင်မှန်း သိပေမယ့် သူ့ရဲ့ နိုင်ငံရေးသမားဘဝ ဖြတ်သန်းမှု နှစ်ပေါင်း ၅၀ ကျော် အတွေ့အကြုံကိုသာ ပိုပြီး အလေးထား ရွေးချယ်စေလိုတယ်လို့လည်း ဘိုင်ယန်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဘိုင်ဒန်က သူ့ရဲ့ လက်ရှိ သမ္မတ တာဝန်တွေအပြင် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း တစ်ဦးအနေနဲ့ လုပ်ဆောင်ရမယ့် ကိစ္စတွေအတွက်ပါ ဟန်ချက်ညီအောင် ကိုင်တွယ်သွားမယ်လို့ ဆိုပါတယ်။

၂၀၁၉ ခုနှစ်တုန်းက ရွေးကောက်ပွဲ ယှဉ်ပြိုင်မယ်လို့ တရားဝင် ကြေညာခဲ့ဖူးတာရဲ့ ၄ နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ ဘိုင်ဒန်က နောက်တစ်ကြိမ် ရွေးကောက်ပွဲ ဝင်မယ်ဆိုတာကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ ဘိုင်ဒန်ရဲ့ အဓိက ပြိုင်ဘက်က ဘယ်သူ ဖြစ်လာမလဲ ဆိုတာတော့ မရေရာသေးပါဘူး။ ရီပတ်ဘလစ်ကန် ပါတီဖက်မှာ ပြိုင်ဘက်ဟောင်း ဒေါ်နယ်လ်ထရမ့်က နောက်တစ်ကြိမ် သမ္မတ ပြန်ဖြစ်ဖို့ ဆန္ဒပြင်းပြနေသလို နစ်ကီဟေလီ၊ ရွန်ဒီဆန်းတစ်တို့ကလည်း ပါတီ ကိုယ်စားပြု ယှဉ်ပြိုင်မယ့် သမ္မတလောင်းအဖြစ် ထင်ကြေးပေး စောင့်ကြည့် ခံနေကြရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အရင်က အင်တာဗျူး အသံဖိုင်တွေနဲ့ စာသား မှတ်တမ်းတွေ ထုတ်ပြန်လာမှာကို တားဆီးဖို့အတွက် အမေရိကန် သမ္မတဟောင်း ဂျိုးဘိုင်ဒန်က အမေရိကန် တရားရေး ဝန်ကြီးဌာနကို တရားစွဲဆိုခဲ့ပါတယ်။

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။

နိုင်ငံတကာ

အတိုက်အခံ ခေါင်းဆောင်ရဲ့ ပြတ်သားတဲ့ ရွေးကောက်ပွဲ အနိုင်ရလဒ်နဲ့အတူ ဟန်ဂေရီကို ၁၆ နှစ်ကြာ ကြီးစိုး အုပ်ချုပ်ခဲ့တဲ့ ဗစ်တာအော်ဘန်ရဲ့ ခေတ်က အဆုံးသတ်သွားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေပါဝင်တဲ့ မွန်တော်လှန်ရေးဖိုရမ်က ကြေညာချက် တရပ်ထုတ်ပြန်ခဲ့ရာ စစ်တပ် ကျင်းပတဲ့ ရွေးကောက်ပွဲက ပေါ်လာမယ့် ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုကြောင်း အသိပေးထားသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) အခြေခံ နိုင်ငံရေးဆွေးနွေးပွဲတွေကိုလက်မခံကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။