Connect with us

Hi, what are you looking for?

သတင်း

စစ်​တပ်ကဒီမိုက​ရေစီ​ရေးတက်ကြွလှုပ်ရှားသူ​တွေနဲ့တိုင်းရင်းသား​တွေအ​ပေါ်တုန်လှုပ်စရာ​ကောင်း​အောင်ရက်စက်တဲ့ပြစ်မှု​တွေကျူးလွန်​နေတယ်လို့ဂျိုးဘိုင်ဒန်​ပြော

ကုလသမဂ္ဂ အထွေထွေ ညီလာခံကို စက်တင်ဘာ ၂၀ ရက်နေ့က စတင်ကျင်းပခဲ့ပြီး မနေ့က အစီအစဉ်တွေမှာတော့ ဘိုင်ဒန်အပြင် ရုရှားနဲ့ စစ်မက် ဖြစ်ပွားနေတဲ့ ယူကရိန်း နိုင်ငံက သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကလည်း ရုပ်မြင်သံကြားကနေတဆင့် မိန့်ခွန်းပြောသွားတာ တွေ့ရပါတယ်။

(ကုလသမဂ္ဂအ​ထွေ​ထွေညီလာခံမှာ အ​မေရီကန်သမ္မတမိန့်ခွန်း​ပြော​နေစဥ်။ ။ဓါတ်ပုံ-ရိုက်တာ)
(ကုလသမဂ္ဂအ​ထွေ​ထွေညီလာခံမှာ အ​မေရီကန်သမ္မတမိန့်ခွန်း​ပြော​နေစဥ်။ ။ဓါတ်ပုံ-ရိုက်တာ)

မြန်မာနိုင်ငံမှာ စစ်ခေါင်းဆောင်တွေက ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေနဲ့ လူနည်းစု တိုင်းရင်းသားတွေအပေါ် တုန်လှုပ်စရာ ကောင်းလောက်တဲ့ ရက်စက်မှုမျိုးတွေ ကျူးလွန်နေတယ်လို့အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ကုလသမဂ္ဂ အထွေထွေ ညီလာခံ မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောကြားသွားပါတယ်။

အာဏာသိမ်း မြန်မာစစ်တပ်က ပြည်သူတွေအပေါ် ရက်ရက်စက်စက် ကျူးလွန်နေတာတွေ အပါအဝင် ကမ္ဘာအနှံ့က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မျက်ကွယ်ပြုမထားကြဖို့ အ​မေရီကန်သမ္မတက စက်တင်ဘာ ၂၁ ရက်​နေ့မှာ​ပြောသွားပါတယ်။

ဘိုင်ဒန်က “ကျွန်တော်တို့ဟာ ကမ္ဘာကြီးရဲ့ ခေတ်နောက်ပြန်ဆွဲတဲ့ အခြေအနေတွေကို ခွင့်ပြုထားလို့ မရသလို ကမ္ဘာတလွှားမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ တတိတိ တိုက်စားဖျက်ဆီး ခံနေရတာတွေကို မျက်နှာလွှဲထားလို့ မရပါဘူး။ ကုလသမဂ္ဂရဲ့ အောင်မြင်ခဲ့တဲ့ ဆောင်ရွက်မှုတွေထဲမှာ လူ့အခွင့်အရေးဆိုင်ရာ ဘုံသဘောတူညီမှုတွေ ကြေညာနိုင်ခဲ့တာလည်း အပါအဝင် ဖြစ်ပါတယ်။ ဒါတွေဟာ ရှေ့မျိုးဆက်တွေက ကျွန်တော်တို့ အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ဘယ်လို သတ်မှတ် တိုင်းတာမလဲ ဆိုတာကို စိန်ခေါ်ခဲ့တဲ့ စံသတ်မှတ်ချက်တွေလည်း ဖြစ်ပါတယ်”လို့ ဆိုတယ်။

(ကုလသမဂ္ဂအ​ထွေ​ထွေညီလာခံမှာ အ​မေရီကန်သမ္မတမိန့်ခွန်း​ပြော​နေစဥ်။      ။ဓါတ်ပုံ-ရိုက်တာ)
(ကုလသမဂ္ဂအ​ထွေ​ထွေညီလာခံမှာ အ​မေရီကန်သမ္မတမိန့်ခွန်း​ပြော​နေစဥ်။ ။ဓါတ်ပုံ-ရိုက်တာ)

“၁၉၄၈ ခုနှစ်မှာ ကတည်းက ကျွန်တော်တို့ အနေနဲ့ လူ့အခွင့်အရေးဆိုတာ ကျွန်တော်တို့အတွက် အခြေခံ အကျဆုံး ပိုင်ဆိုင်ရမယ့် ကိစ္စလို့ ရှင်းရှင်းလင်းလင်း လက်ခံခဲ့ကြတယ်။ ဒါပေမဲ့ မျက်မှောက်ခေတ် ၂၀၂၂ ခုနှစ်လို ကာလမျိုးမှာတောင် ကမ္ဘာကြီးရဲ့ အစိတ်အပိုင်းတိုင်းမှာ အခြေခံ လွတ်လပ်ခွင့်တွေက အန္တရာယ် ကျရောက်နေပါပြီ။ တရုတ်နိုင်ငံ၊ ရှင်းကျန်းဒေသက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကုလသမဂ္ဂနဲ့ အမေရိကန် အဆင့်မြင့် ကော်မရှင်တွေရဲ့ အစီရင်ခံစာတွေမှာ အသေးစိတ် ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ စစ်ခေါင်းဆောင်တွေက ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေနဲ့ လူနည်းစု တိုင်းရင်းသားတွေအပေါ် တုန်လှုပ်စရာ ကောင်းလောက်တဲ့ ရက်စက်မှုမျိုးတွေ ကျူးလွန်နေတယ်။ အာဖဂန် နစ္စတန်မှာ တာလီဘန်တွေက အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအပေါ် ပိုပြီး ဖိနှိပ်လာတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ အနေနဲ့ ကိုယ်ပိုင် အခြေခံ လွတ်လပ်ခွင့်တွေအတွက် ဆန္ဒပြနေကြတဲ့ အီရန်က ရဲရင့်တဲ့ အမျိုးသမီးတွေ၊ နိုင်ငံသားတွေနဲ့အတူ ရပ်တည်ပေးကြရမှာ ဖြစ်ပါတယ်”လို့ ဘိုင်ဒန်ရဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

ကုလသမဂ္ဂ အထွေထွေ ညီလာခံကို စက်တင်ဘာ ၂၀ ရက်နေ့က စတင်ကျင်းပခဲ့ပြီး မနေ့က အစီအစဉ်တွေမှာတော့ ဘိုင်ဒန်အပြင် ရုရှားနဲ့ စစ်မက် ဖြစ်ပွားနေတဲ့ ယူကရိန်း နိုင်ငံက သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကလည်း ရုပ်မြင်သံကြားကနေတဆင့် မိန့်ခွန်းပြောသွားတာ တွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကုလသမဂ္ဂဟာ သမိုင်းတလျှောက် မြန်မာပြည်သူများအတွက် ထိရောက်သောအရေးယူဆောင် ရွက်မှုများ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ကရင်လူ့အခွင့်အရးအဖွဲ့(KHRG)ရဲ့ အစီရင်ခံစာမှာဖော်ပြထားပြီး ဒါကို ပြုပြင်တည့်မတ်ရေးအတွက် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့ ပိုမိုနက်ရှိုင်းပြီး တန်းတူညီမျှသော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

သတင်း

မြန်မာပြည်သူတွေရဲ့ အသက်ပေါင်းများစွာနဲ့ အနာဂတ်ကို ကယ်တင်ဖို့ နိုင်ငံတကာအသိုက်အဝန်းရဲ့ ကာကွယ်စောင့်ရှောက်ရန်တာဝန်ရှိမှု(R2P) အကောင်အထည်ဖော်ဖို့ကိစ္စ ကြာမြင့်စွာနှောင့်နှေးနေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဇူလိုင် ၆ရက်မှာ ကျင်းပတဲ့ကုလသမဂ္ဂ အစည်းအဝေးတရပ်မှာ ထပ်မံ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဉာဏ်ရည်တု နည်းပညာ (AI)က လူသားမျိုးနွယ်ရဲ့ အနာဂတ်ကို ထိန်းချုပ် ပုံသွင်းတဲ့ အခြေအနေထိ ရောက်မသွားခင် နိုင်ငံတကာ အစိုးရ အသီးသီးက စုပေါင်း အဖြေရှာကြဖို့ ကုလသမဂ္ဂ (UN) အကြီးအကဲက သတိပေး ပြောကြားခဲ့ပါတယ်။

သတင်း

အာဏာသိမ်း မြန်မာစစ်တပ်ဟာ ရွေးကောက်ပွဲပတ်ဝန်းကျင် ၆ လတာကာလအတွင်း အရပ်သား ပြည်သူ ၇၀၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR)ကထုတ်ပြန်ပါတယ်။