Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားစစ်တပ် ထောက်ပို့အကြီးအကဲ ရာထူးက ထုတ်ပယ်ခံရ

ဗိုလ်ချုပ် မစ်ခေးလ် မီဇင့်ဆက်ဗ် ထုတ်ပယ်ခံရနိုင်တယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေတာ ရက်အတန် ကြာခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ အမှန်တကယ် ဖယ်ရှား ခံခဲ့ရတာ ဖြစ်ပါတယ်။

ရုရှားစစ်တပ် ထောက်ပို့အကြီးအကဲ ရာထူးက ထုတ်ပယ်ခံရ
ရုရှားစစ်တပ် ထောက်ပို့အကြီးအကဲ ရာထူးက ထုတ်ပယ်ခံရ

ရုရှား စစ်တပ်ဟာ ထောက်ပံ့ ပို့ဆောင်ရေးဆိုင်ရာ ထိပ်တန်း စစ်ဦးစီး အရာရှိ တစ်ဦးကို ရာထူးက ထုတ်ပယ်လိုက်ကြောင်း သိရပါတယ်။

ဗိုလ်ချုပ် မစ်ခေးလ် မီဇင့်ဆက်ဗ် ထုတ်ပယ်ခံရနိုင်တယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေတာ ရက်အတန် ကြာခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ အမှန်တကယ် ဖယ်ရှား ခံခဲ့ရတာ ဖြစ်ပါတယ်။

ရုရှားစစ်တပ်က ပို့ဆောင် ထောက်ပံ့ရေး ကဏ္ဍနဲ့ ပတ်သက်ရင် ရာထူး အကြီးဆုံး အရာရှိလို့ ဆိုနိုင်တဲ့ မီဇင့်ဆက်ဗ်ရဲ့ နေရာကို လူသစ် အစားထိုးကြောင်း ဧပြီ ၃၀ မှာ ကြေညာခဲ့ပါတယ်။ ယူကရိန်းက ရုရှားကို တန်ပြန်ထိုးစစ် ဆင်မယ်လို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ အခုလို ရာထူးနေရာ အပြောင်းအလဲ ဖြစ်လာတာပါ။

မီဇင့်ဆက်ဗ်ဟာ ယူကရိန်းရဲ့ ဆိပ်ကမ်းမြို့ မာရူပိုလ်ကို ရုရှားတပ်တွေက ဝန်းရံပိတ်ဆို့တဲ့ စစ်ဆင်ရေးတွေနဲ့ ပတ်သက်လို့ အနောက်နိုင်ငံတွေရဲ့ ပစ်မှတ်ထား အရေးယူ ပိတ်ဆို့မှုကို ခံထားရသူပါ။

Public Service Announcement

Public Service Announcement

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်အရ အမျိုးသား အစောင့်တပ်ဖွဲ့ အကြီးအကဲဟောင်း အလက်ဆီ ကူဇ်မန်ကော့ဗ်ဟာ ဗိုလ်ချုပ် မီဇင့်ဆက်ဗ်ရဲ့ နေရာမှာ အစားထိုး ဝင်ရောက်မယ်လို့ သိရပါတယ်။

ကူဇ်မန်နော့ဗ်ဟာ အဲဒီရာထူးကို တာဝန်ယူပြီး ၇ လ အကြာမှာပဲ ထုတ်ပယ်ခံရတဲ့ အကြောင်းရင်းကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။ ဒါပေမဲ့ သူ့ရာထူးက အတော်လေး ထိုင်ခုံလှုပ်နေပြီလို့ ရုရှားရဲ့ ထင်ရှားတဲ့ စစ်ရေး လေ့လာသူ တော်တော်များများက ပြီးခဲ့တဲ့ သီတင်းပတ်မှာ စတင် သုံးသပ်လာကြပါတယ်။

ရုရှားက အိမ်နီးချင်း ယူကရိန်းကို ကျူးကျော်ခဲ့တဲ့ စစ်ပွဲဟာ အချိန်ကာလ ကြာမြင့်လာတာနဲ့အမျှ သယ်ယူပို့ဆောင်မှုနဲ့ ထောက်ပံ့ရေးဆိုင်ရာ ပြဿနာတွေ၊ အရှုပ်အထွေးတွေ ဆိုးဆိုးရွားရွား ရှိနေတယ်ဆိုတာ ထင်ရှား မြင်သာလာနေခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အဆိုတော်ချမ်းချမ်းကိုယ်စား တော်လှန်ရေးအဖွဲ့တွေဆီ ငွေကြေးထောက် ပံ့နေတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ပြည်တွင်းက အမျိုးသား ၊အမျိုးသမီး ၂ ဦးကို ဖမ်းဆီးလိုက်တယ်လို့ စစ်ကောင်စီက ဇွန်လ ၂ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

အဇာဘိုင်ဂျန် လေကြောင်းပိုင် ခရီးသည်တင် လေယာဉ် ပျက်ကျမှုဟာ ရုရှားစစ်တပ်ရဲ့ မှားယွင်း ပစ်ချမှုကြောင့်ဆိုတဲ့ စွပ်စွဲချက်ကို ရုရှား အစိုးရက အတည်မပြုခဲ့ပါဘူး။

နိုင်ငံတကာ

ဆီးရီးယားမှာ အာဏာရှင် သမ္မတ ဘာရှာ အယ်လ်အာဆတ်ရဲ့ အစိုးရ ပြိုလဲသွားပြီးတဲ့နောက် သီတင်းတစ်ပတ်အတွင်း မဟာမိတ် ရုရှားဟာ မြို့တော် ဒမတ်စကက်မှာရှိတဲ့ ရာနဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေကို ရွှေ့ပြောင်း ခေါ်ထုတ်သွားခဲ့ပါတယ်။

နိုင်ငံတကာ

လေ့လာသူတွေကတော့ ဆရက်သာဟာ နာမည်ကျော် ဥပဒေရေးရာ ပညာရှင် ဝစ်ဆာနူ ခရီယာနမ်ကို သူ့ရဲ့ ဥပဒေ အဖွဲ့ထဲမှာ ခေါ်ယူ ခန့်အပ်နိုင်ခဲ့ခြင်းကြောင့် အမှုမှာ နိုင်ခြေ သိသိသာသာ မြင့်တက်လာတယ်လို့ သုံးသပ်ထားကြပါတယ်။