ဧပြီ-၁၅၊၂၀၂၆။ ရွက်ဝါ/People’s Spring
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဆီသို့လှမ်းချီ ‘Road to Tenasserim’ ကမ်ပိန်းက အမေရိကန်ဒေါ်လာ ၁ သိန်း ၆ သောင်းကျော် ထောက်ပို့ကူညီခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်လာစေရေးနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း၊ တပ်ဖွဲ့တွေအတွက် ထောက်ပို့ကူညီခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပြီး ကျေးဇူးတင်ရှိကြောင်းနဲ့ မှတ်တမ်းတင်ဂုဏ်ပြုကြောင်း ကာကွယ်ရေးဝန်ကြီး ကြီးရည်မှန်က ဂုဏ်ပြုလွှာပေးပို့ခဲ့တယ်လို့ ဖော်ပြပါတယ်။
ဆီသို့လှမ်းချီ တနင်္သာရီ ကမ်ပိန်းဟာ တိုက်ပွဲဝင် PDF ရဲဘော်တွေကို ကျည်ကာတွေ တပ်ဆင်ပေးနိုင်ဖို့ ဖြစ်တယ်လို့ တနင်္သာရီတိုင်း စစ်ဌာန ကွပ်ကဲရေးမှူး ရဲဘော်စတားက ပြော ပြောပြထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ မှာ တိုက်ပွဲပေါင်း ၃၀၀ ကျော်ဖြစ်ခဲ့ပြီး စစ်ကောင်စီကတပ်ဖွဲ့ဝင်၁,၀၀၀ ကျော်သေဆုံးခဲ့ကာ တနင်္သာရီတိုင်းစစ်ဌာနကရဲဘော် ၁၃၀ ထိခိုက်ကျဆုံးရှိခဲ့တယ်လို့ အသိပေးပြီး ကျဆုံးရဲဘော်တွေဟာ ရှေ့တန်းထွက်စဉ် ကျည်ကာ အပါအဝင် အကာအကွယ်ပစ္စည်းတွေ မစုံလင်လို့ ဖြစ်တယ်လို့ ပြောပြထားပါတယ်။

Public Service Announcement
ဆီသို့လှမ်းချီ တနင်္သာရီ ကမ်ပိန်းကို Forward Myanmar အဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အရင်ကလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မန္တလေးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များအတွက် ကမ်ပိန်းတခု ပြုလုပ်ခဲ့ပြီး ကမ်ပိန်းက ရတဲ့ငွေနဲ့ ကျည်ကာတွေနဲ့ ဦးထုပ်တွေ ဝယ်ယူကာ မြေပြင်တပ်ရင်းတပ်ဖွဲ့တွေဆီ ကို ပေးပို့ခဲ့ပါတယ်။ အဲဒီတုန်းက “Road to Mandalay-ထိုးစစ်ထောက်ပို့မန်းတိုင်းသို့”ကမ်ပိန်း အမည်နဲ့ ရန်ပုံငွေ ရှာဖွေခဲ့တာဖြစ်ပါတယ်။
အခုလည်း Rode to Irrawaddy (ဆီသို့လှမ်းချီ တိုင်းဧရာ၀တီ) ကမ်ပိန်း ပြုလုပ်လျက်ရှိညပီး တတပ်တအား ပါဝင်ပေးဖို့ တော်လှန်ပြည်သူတွေကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၇ရက်မှာ နှိုးဆော်ထားပါတယ်။
ဧရာ၀တီတိုင်းအတွင်းထိုးဖောက်ဝင်ရောက်လျက်ရှိတဲ့ တော်လှန်ရေး ရဲဘော်တွေ အကာအကွယ်ဖြစ်စေဖို့ လုပ်ဆောင်တာဖြစ်တယ်လို့ အသိပေးပါတယ်။ တော်လှန်ရေးအစဉ်အလာကြီးတဲ့မြစ်၀ကျွန်းပေါ်ဟာ ယနေ့ ပြည်သူ့နွေဦး တော်လှန်ရေးမှာလည်း ရှေ့တန်းက ပါဝင်လျက်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – MOD


















































