Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နျူကလီးယား လက်နက် စမ်းသပ်မှုတွေ ပြန်လုပ်ဆောင်နိုင်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ရုရှား ငြင်းဆို

အစောပိုင်းမှာ အမေရိကန် သံအမတ်ကြီးက ရုရှား အနေနဲ့ နျူကလီးယား လက်နက် စမ်းသပ်မှု တစ်ခုခု ပြန်လည် အစပြုလာတာမျိုး ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ မှတ်ချက် ပေးခဲ့တဲ့အပေါ် ကရင်မလင် နန်းတော်ဖက်က အခုလို တုံ့ပြန်ခဲ့တာပါ။

နျူကလီးယား လက်နက် စမ်းသပ်မှုတွေ ပြန်လုပ်ဆောင်နိုင်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ရုရှား ငြင်းဆို
နျူကလီးယား လက်နက် စမ်းသပ်မှုတွေ ပြန်လုပ်ဆောင်နိုင်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ရုရှား ငြင်းဆို

နျူကလီးယား စမ်းသပ် ဖောက်ခွဲမှုတွေ ပြန်လည် လုပ်ဆောင်လာနိုင်တယ်ဆိုတဲ့ စွပ်စွဲ ပြောဆိုမှုကို ရုရှား အစိုးရက ငြင်းဆန် ပယ်ချသွားခဲ့ပါတယ်။

အစောပိုင်းမှာ အမေရိကန် သံအမတ်ကြီးက ရုရှား အနေနဲ့ နျူကလီးယား လက်နက် စမ်းသပ်မှု တစ်ခုခု ပြန်လည် အစပြုလာတာမျိုး ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ မှတ်ချက် ပေးခဲ့တဲ့အပေါ် ကရင်မလင် နန်းတော်ဖက်က အခုလို တုံ့ပြန်ခဲ့တာပါ။

နျူကလီးယား လက်နက်ပိုင် နိုင်ငံအားလုံးနည်းတူ ရုရှားဟာလည်း နျူကလီးယား စမ်းသပ်မှုဆိုင်ရာ စည်းမျဉ်း သတ်မှတ်ချက်တွေကို လေးစား လိုက်နာသွားမယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ မှတ်ချက်ကို ကိုးကားပြီး ကရင်မလင်က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

မကြာသေးခင်က အင်တာဗျူး တစ်ခုမှာ ရုရှားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး လင်းထရေစီက ရုရှားဟာ နျူကလီးယား လက်နက်ပိုင် နိုင်ငံတွေထဲမှာ နျူကလီးယားလက်နက် စမ်းသပ် ဖောက်ခွဲမှုတွေကို ပြန်လည် အစပြုလာနိုင်တဲ့ တစ်ခုတည်းသော နိုင်ငံ ဖြစ်နိုင်တယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အစောပိုင်းက ပူတင်ဟာ တိကျတဲ့ အထောက်အထား မပြဘဲနဲ့ အမေရိကန်က နျူကလီးယား စမ်းသပ်မှုတွေ လုပ်ဆောင်လာနိုင်တယ်လို့ စွပ်စွဲခဲ့ဖူးပြီး ဒီအတွက် ရုရှားက လိုအပ်သလို တုံ့ပြန်ဖို့ ပြင်ဆင်ထားရမယ်လို့ ပြောကြားခဲ့ဖူးပါတယ်။ အမေရိကန်က နျူကလီးယားလက်နက် စမ်းသပ်ရင် ရုရှားလည်း လိုက်လုပ်မှာဖြစ်ကြောင်း၊ ဒါပေမဲ့ ဘယ်သူမှ ကမ္ဘာ့ငြိမ်းချမ်းရေး ထိခိုက်ပျက်ပြားအောင် အစပြုပြီး ပြဿနာ မရှာသင့်ကြောင်း ပူတင်က ပြောခဲ့ဖူးပါတယ်။

ဒါပေမဲ့ အခုသီတင်းပတ်ထဲမှာတော့ သံအမတ်ကြီး ထရေစီက ရုရှားကသာ တကယ်တမ်း နျူကလီးယား စမ်းသပ်မှုတွေ လုပ်ဆောင်မယ့် နိုင်ငံ ဖြစ်လာနိုင်တယ်လို့ စွပ်စွဲခဲ့တဲ့နောက် ကရင်မလင် နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရိ ပက်စ်ကော့ဗ်က တုံ့ပြန် ငြင်းဆိုသွားခဲ့ပါတယ်။ သမ္မတရဲ့ သဘောအရ နျူကလီးယား လက်နက်ပိုင် နိုင်ငံတိုင်းဟာ လက်နက်တွေ စမ်းသပ် ဖောက်ခွဲတာမျိုး မလုပ်ဖို့ နားလည်မှုကို လေးစား လိုက်နာကြမှာဖြစ်ကြောင်း၊ ရုရှားဖက်က ဒီထက် ပိုပြောစရာ မရှိကြောင်း ပက်စ်ကော့ဗ်က ဆိုပါတယ်။

ဖေဖော်ဝါရီလတုန်းက ရုရှားဟာ အမေရိကန်နဲ့ ချုပ်ဆိုထားတဲ့ နျူကလီးယားလက်နက် ကန့်သတ်ရေး START စာချုပ်ကို သက်တမ်း တိုးမြှင့်မယ့်ကိစ္စ ဆိုင်းငံ့ထားမယ်လို့ ကြေညာခဲ့ပါတယ်။ STARTဟာ အမေရိကန်နဲ့ ရုရှားကြားမှာ တရားဝင် နောက်ဆုံးကျန်ရှိနေတဲ့ နျူကလီးယား ထိန်းချုပ်ရေး စာချုပ်လည်း ဖြစ်ပြီး နှစ်နိုင်ငံကြား တည်ဆောက်ထားမယ့်၊ ဖြန့်ကျက်ထားမယ့် နျူကလီးယား လက်နက် အရေအတွက်ကို ကန့်သတ်ဖို့ ရည်ရွယ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။