Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပူတင်ရဲ့ အစိုးရကို ဖြုတ်ချဖို့ လုံးဝ မရည်ရွယ်ခဲ့ဘူးလို့ Wagner ခေါင်းဆောင်ပြော

၁၁ မိနစ်ကြာတဲ့ ထုတ်ပြန်ချက်ထဲမှာ သူက Wagnerရဲ့ ပုန်ကန်မှုဟာ ရုရှား စစ်တပ် အကြီးအကဲတွေကိုသာ ပစ်မှတ်ထားခဲ့ပြီး သမ္မတကို ဖယ်ရှားဖို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ကြောင်း အခိုင်အမာ ဖြေရှင်းထားပါတယ်။

ပူတင်ရဲ့ အစိုးရကို ဖြုတ်ချဖို့ လုံးဝ မရည်ရွယ်ခဲ့ဘူးလို့ Wagner ခေါင်းဆောင်ပြော
ပူတင်ရဲ့ အစိုးရကို ဖြုတ်ချဖို့ လုံးဝ မရည်ရွယ်ခဲ့ဘူးလို့ Wagner ခေါင်းဆောင်ပြော

သူဦးဆောင်တဲ့ လက်နက်ကိုင် ပုန်ကန်မှုဟာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကို ဖယ်ရှားပစ်ဖို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ကြောင်း Wagner ကြေးစားတပ်ဖွဲ့ ခေါင်းဆောင် ယီဗ်ဂျီနီ ပရစ်ဂေါ့ဇင်က ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က တစ်ကမ္ဘာလုံးရဲ့ အာရုံကို ဆွဲဆောင်နိုင်ခဲ့တဲ့ တစ်ရက်ကြာ ပုန်ကန် လှုပ်ရှားမှုအပြီး လူမြင်ကွင်းက ပျောက်ကွယ်သွားတဲ့ ပရစ်ဂေါ့ဇင်က သူ့ရဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ ပထမဆုံးအကြိမ် မှတ်ချက်စကား ထုတ်ပြောလာခဲ့တာ ဖြစ်ပါတယ်။

၁၁ မိနစ်ကြာတဲ့ ထုတ်ပြန်ချက်ထဲမှာ သူက Wagnerရဲ့ ပုန်ကန်မှုဟာ ရုရှား စစ်တပ် အကြီးအကဲတွေကိုသာ ပစ်မှတ်ထားခဲ့ပြီး သမ္မတကို ဖယ်ရှားဖို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ကြောင်း အခိုင်အမာ ဖြေရှင်းထားပါတယ်။

ယူကရိန်းကို ကျူးကျော်ခဲ့တဲ့ စစ်ပွဲမှာ ရုရှားစစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်းတွေက ညံ့ဖျင်း ပျက်ကွက်မှုတွေ ရှိခဲ့ခြင်းကြောင့် ရုရှား တစ်နိုင်ငံလုံးရဲ့ လုံခြုံရေး ပြဿနာတွေပါ ပေါ်ပေါက်လာစေကြောင်း ပရစ်ဂေါ့ဇင်က စွပ်စွဲပါတယ်။ သူနဲ့ Wagner အဖွဲ့သားတွေရဲ့ ပုန်ကန်မှုဟာ ရုရှားပြည်သူတွေ တောင်းဆိုနေတဲ့ အရာတစ်ခု ဖြစ်တယ်လို့လည်း ပရစ်ဂေါ့ဇင်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

Wagner တပ်ဖွဲ့တွေဟာ ယူကရိန်း နယ်စပ်ကနေ ရုရှားတောင်ပိုင်းကို ဝင်ရောက်လာတဲ့နောက် ရော့စ်တော့ဗ်မြို့ကိုပါ ထိန်းချုပ်ပြခဲ့ပါတယ်။ ဒါပေမဲ့ ၂၄ နာရီလောက် အကြာမှာတော့ ပရစ်ဂေါ့ဇင်က Wagnerတပ်တွေ မော်စကိုထိ ဆက်လက် ချီတက်မယ့် အစီအစဉ်ကို စွန့်လွှတ်ပြီး စစ်တန်းလျား ပြန်ကြမယ်လို့ ကြေညာခဲ့ပါတယ်။

အဲဒီလိုမျိုး အစီအစဉ် ရပ်လိုက်တယ် ဆိုတာကလည်း နောက်ထပ် သွေးမြေကျမှုတွေကို ရှောင်လွှဲချင်လို့ ဖြစ်ကြောင်း ပရစ်ဂေါ့ဇင်က ဆက်ပြောပါတယ်။ နောက်ပြီး မော်စကိုဆီ ချီတက်တယ် ဆိုတာကလည်း Wagnerက ရုရှားစစ်တပ်နဲ့ ပတ်သက်တဲ့ မကျေနပ်ချက်တွေကို ဆန္ဒပြတဲ့ သဘောမျိုးလို့ ယူဆသင့်ကြောင်း သူက ဆိုပါတယ်။

ပရစ်ဂေါ့ဇင်က ပုန်ကန်မှုကို ရပ်ဆိုင်းအပြီး ဘီလားရုစ် နိုင်ငံကို သွားရောက်မယ်လို့ ပြောဆိုထားခဲ့ပေမယ့် လောလောဆယ် သူရှိနေတဲ့ နေရာကိုတော့ ထုတ်ပြောမထားပါဘူး။ Wagnerရဲ့ ချီတက်မှု ရပ်ဆိုင်းစေဖို့ ရုရှားအစိုးရနဲ့ ညှိနှိုင်းရာမှာ ဘီလားရုစ် သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုက အဓိက ကြားဝင် စေ့စပ်ပေးခဲ့ကြောင်း သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လောလောဆယ်တော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံဖို့ မဖြစ်နိုင်လောက်သေးကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က မှတ်ချက်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

၂၀၃၆ ခုနှစ်ထိ သမ္မတ ရာထူးကို ဆက်လက် တာဝန်ယူမလားဆိုတဲ့ မေးခွန်းကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ရှောင်လွှဲ ဖြေဆိုသွားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ မျက်နှာစုံညီ တွေ့ဆုံချင်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အတိအလင်း တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

တရုတ်နဲ့ ရုရှားတို့ကြားက ဆက်ဆံရေးနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို နှစ်နိုင်ငံ သမ္မတတွေက အပြန်အလှန် ချီးကျူးခဲ့ကြပါတယ်။