Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပုန်ကန်မှုအပြီး Wagner ခေါင်းဆောင်နဲ့ ပူတင် တွေ့ဆုံခဲ့ကြောင်း ကရင်မလင်နန်းတော် အတည်ပြု

ပက်စ်ကော့ဗ်ရဲ့ အဆိုအရ ပရစ်ဂေါ့ဇင်က သူနဲ့ Wagner တပ်ဖွဲ့တွေဟာ ပူတင်အပေါ် ခြွင်းချက်မရှိ ဆက်လက် သစ္စာစောင့်သိနေမယ်လို့ ကတိပြုခဲ့ကြောင်းလည်း သိရပါတယ်။

ပုန်ကန်မှုအပြီး Wagener ခေါင်းဆောင်နဲ့ ပူတင် တွေ့ဆုံခဲ့ကြောင်း ကရင်မလင်နန်းတော် အတည်ပြု
ပုန်ကန်မှုအပြီး Wagener ခေါင်းဆောင်နဲ့ ပူတင် တွေ့ဆုံခဲ့ကြောင်း ကရင်မလင်နန်းတော် အတည်ပြု

ပုန်ကန်မှု တခုကို ဦးဆောင်ခဲ့သူ ကြေးစားတပ်ဖွဲ့ အကြီးအကဲ ယီဗ်ဂျနီ ပရစ်ဂေါ့ဇင်ကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

ပုန်ကန်မှု ဖြစ်ပွားအပြီး ရက်ပိုင်းအကြာမှာ Wagner ကြေးစားတပ်ဖွဲ့ရဲ့ ခေါင်းဆောင်နဲ့ လူချင်းတွေ့ပြီး သမ္မတ ပူတင်က စကားပြောခဲ့တယ် ဆိုတာကို ကရင်မလင် နန်းတော်က အတည်ပြုခဲ့ပါတယ်။ ပရစ်ဂေါ့ဇင်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ရုရှားစစ်ဘက် အကြီးအကဲတွေကို ဖယ်ရှားမယ်လို့ ကြွေးကြော်ပြီး သူ့တပ်တွေနဲ့အတူ မော်စကိုမြို့တော်ဆီ ချီတက်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ ပုန်ကန်မှုဟာ ၁ ရက်ပဲ သက်တမ်းကြာခဲ့ပြီး ဘီလားရုစ် အစိုးရရဲ့ ကြားဝင် စေ့စပ်ပေးမှုနဲ့အတူ Wagner တပ်တွေ ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။

ကရင်မလင် နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်က ပုန်ကန်မှုနောက်ပိုင်း ကရင်မလင် နန်းတော်ဆီ ဖိတ်ကြားပြီး ပူတင် တွေ့ဆုံခဲ့သူ ၃၅ ဦးထဲမှာ ပရစ်ဂေါ့ဇင်လည်း ပါဝင်တယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။ ပူတင်ဟာ ပရစ်ဂေါ့ဇင်နဲ့ တွေ့ဆုံရာမှာ ယူကရိန်း စစ်ပွဲအရေးအပြင် ဇွန်လ ၂၃ ရက်က ဖြစ်ပွားခဲ့တဲ့ ပုန်ကန်မှုနဲ့ ပတ်သက်လို့ပါ စကားပြောခဲ့ကြောင်း ပက်စ်ကော့ဗ်က ဆိုပါတယ်။

Wagnerတွေနဲ့ ကရင်မလင် နန်းတော်ကြား ညှိနှိုင်း သဘောတူထားတဲ့ အချက်အလက်တွေကို အတိအကျ မသိရသေးပေမယ့် ပရစ်ဂေါ့ဇင်က ပုန်ကန်မှုကို စွန့်လွှတ်ပြီး ဘီလားရုစ်မှာ သွားရောက် ခိုလှုံဖို့ လက်ခံထားကြောင်း ယုံကြည်ရပါတယ်။ ပရစ်ဂေါ့ဇင်က သူနဲ့ Wagner အဖွဲ့သားတွေ မော်စကိုဆီ ဦးတည် ချီတက်ခဲ့တာဟာ ပူတင်နဲ့ ရုရှား အစိုးရကို ပုန်ကန်ဖို့ မဟုတ်ဘဲ ယူကရိန်း စစ်ပွဲမှာ ညံ့ဖျင်းလှတဲ့ စီမံခန့်ခွဲမှုတွေအတွက် တာဝန်ရှိတဲ့ ရုရှား စစ်ဦးစီးတွေကို ဖယ်ရှားဖို့သာ ရည်ရွယ်ခဲ့ကြောင်း အစဉ်တစိုက် ပြောဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ပူတင်ဟာ ပုန်ကန်မှုအပြီး ၅ ရက်အကြာမှာ ပရစ်ဂေါ့ဇင် အပါအဝင် ရုရှားရဲ့ စစ်ဘက် အကြီးအကဲ ၅ ဦးကို နန်းတော်ဆီ ဖိတ်ကြား ဆွေးနွေးခဲ့တာလို့ သိရပါတယ်။ ပြီးတော့ ရှေ့တန်း စစ်မြေပြင်မှာ Wagner အဖွဲ့သားတွေ ကြုံတွေ့နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ သမ္မတက အလေးအနက် ဆွေးနွေး မေးမြန်းခဲ့တယ်လို့လည်း ပက်စ်ကော့ဗ်က ဆိုပါတယ်။ ပရစ်ဂေါ့ဇင်ဟာ ပုန်ကန်မှု မတိုင်ခင်က ပူတင်ရဲ့ အရင်းနှီးဆုံး လက်ရုံး မဟာမိတ် တစ်ဦးအဖြစ် ယူဆခံရသလို သူ့ရဲ့ Wagner တပ်ဖွဲ့တွေကလည်း ရုရှားစစ်ပွဲမှာ ထဲထဲဝင်ဝင် ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။

ပက်စ်ကော့ဗ်ရဲ့ အဆိုအရ ပရစ်ဂေါ့ဇင်က သူနဲ့ Wagner တပ်ဖွဲ့တွေဟာ ပူတင်အပေါ် ခြွင်းချက်မရှိ ဆက်လက် သစ္စာစောင့်သိနေမယ်လို့ ကတိပြုခဲ့ကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လောလောဆယ်တော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံဖို့ မဖြစ်နိုင်လောက်သေးကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က မှတ်ချက်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

၂၀၃၆ ခုနှစ်ထိ သမ္မတ ရာထူးကို ဆက်လက် တာဝန်ယူမလားဆိုတဲ့ မေးခွန်းကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ရှောင်လွှဲ ဖြေဆိုသွားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ မျက်နှာစုံညီ တွေ့ဆုံချင်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အတိအလင်း တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

တရုတ်နဲ့ ရုရှားတို့ကြားက ဆက်ဆံရေးနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို နှစ်နိုင်ငံ သမ္မတတွေက အပြန်အလှန် ချီးကျူးခဲ့ကြပါတယ်။