Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်ကိုရီးယားမှာ ရေမြုပ်နေတဲ့ ဥမင် ကားလမ်းမှာ ပိတ်မိနေသူတွေကို ကယ်ထုတ်ဖို့ ကြိုးစားနေ

ချန်ချွန်မြောက်ပိုင်းမှာ ဇူလိုင် ၁၅ ရက် ညပိုင်းကလည်း ရေကြီးမြေပြိုမှုတွေကြောင့် ရထားတစီး လမ်းချော် တိမ်းမှောက်မှု ဖြစ်ခဲ့ပါသေးတယ်။ ကံအားလျော်စွာနဲ့ အဲဒီရထားမှာ ခရီးသည်တွေကို တင်ဆောင်မလာတာကြောင့် အင်ဂျင်နီယာ တဦးသာ ဒဏ်ရာရခဲ့ပါတယ်။

တောင်ကိုရီးယားမှာ ရေမြုပ်နေတဲ့ ဥမင် ကားလမ်းမှာ ပိတ်မိနေသူတွေကို ကယ်ထုတ်ဖို့ ကြိုးစားနေ
တောင်ကိုရီးယားမှာ ရေမြုပ်နေတဲ့ ဥမင် ကားလမ်းမှာ ပိတ်မိနေသူတွေကို ကယ်ထုတ်ဖို့ ကြိုးစားနေ

တောင်ကိုရီးယား နိုင်ငံမှာ ရေမြုပ်သွားတဲ့ ဥမင်လမ်းကြောင်း တခုထဲ ပိတ်မိနေသူတွေကို ကယ်ထုတ်ဖို့ အချိန်လုပြီး ကြိုးစားနေကြရပါတယ်။

နေ့စဉ်ရက်ဆက် မိုးရွာသွန်းမှုတွေအပြီး မြောက်ကိုင် ချန်ချွန် ဒေသမှာရှိတဲ့ ချောင်ဂျူ မြို့ထဲက ဥမင်တခုထဲ ရေတွေ ပြည့်သွားခဲ့တာ ဖြစ်ပါတယ်။ ကယ်ဆယ်ရေးတွေက ဥမင်ထဲမှာ ကားတွေနဲ့အတူ ပိတ်မိနေသူတွေကို ကယ်ထုတ်ဖို့ အစွမ်းကုန် ကြိုးစားနေကြတာပါ။ စုစုပေါင်း လူဘယ်နှယောက် ပိတ်မိနေသလဲ ဆိုတာကို အတိအကျ မသိရသေးပေမယ့် အနည်းဆုံး ကား ၁၉ စီးလောက်တော့ အထဲမှာ ရှိနေမယ်လို့ ယူဆရပါတယ်။

ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ရာဘာလှေတွေကို အသုံးပြုပြီး ဥမင်အတွင်းပိုင်းထဲ ဝင်ရောက်ဖို့ ကြိုးစားနေတဲ့အပြင် ရေငုပ်သမားတွေကိုပါ ခေါ်ယူထားတာ တွေ့ရပါတယ်။ ပိတ်မိနေသူတွေရဲ့ ကံကြမ္မာကတော့ ပဟေဠိ ဆန်နေဆဲပါ။

တောင်ကိုရီးယားနိုင်ငံ အနှံ့မှာ မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး ရေကြီးမှု၊ မြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် လက်ရှိ အချိန်ထိ လူ ၂၆ ဦးထက်မနည်း သေဆုံးပြီး ၁၀ ဦး ပျောက်ဆုံးနေပါတယ်။ သေဆုံးသူ အများစုဟာ တောင်ထူထပ်ရာ မြောက်ပိုင်း ဂျောင်ဆန်ဒေသမှာ နေထိုင်သူတွေ ဖြစ်ပါတယ်။ တောင်ကျရေတွေနဲ့အတူ လူနေအိမ်တွေ မျောပါကုန်ရာကနေ အသေအပျောက် များပြားခဲ့ကြတာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒေသတချို့မှာ အုပ်ချုပ်ရေးဌာန အသီးသီးက ထောင်နဲ့ချီ များပြားတဲ့ ဒေသခံတွေကို အရေးပေါ် ရွှေ့ပြောင်းဖို့ အမိန့်တွေ ထုတ်ပြန်ထားရပါတယ်။ ဝန်ကြီးချုပ် ဟန်ဒက်ခ်ဆူက ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ပူးပေါင်း ကူညီပေးဖို့ တောင်ကိုရီးယား စစ်တပ်ကို ပန်ကြားထားပါတယ်။

ချန်ချွန်မြောက်ပိုင်းမှာ ဇူလိုင် ၁၅ ရက် ညပိုင်းကလည်း ရေကြီးမြေပြိုမှုတွေကြောင့် ရထားတစီး လမ်းချော် တိမ်းမှောက်မှု ဖြစ်ခဲ့ပါသေးတယ်။ ကံအားလျော်စွာနဲ့ အဲဒီရထားမှာ ခရီးသည်တွေကို တင်ဆောင်မလာတာကြောင့် အင်ဂျင်နီယာ တဦးသာ ဒဏ်ရာရခဲ့ပါတယ်။

တောင်ကိုရီးယား မိုးလေဝသ အေဂျင်စီက နိုင်ငံအနှံ့မှာ နောက်ထပ် ၄ ရက်လောက် မိုးသည်းသည်းထန်ထန် ဆက်ရွာနေလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ လတ်တလောမှာတော့ တောင်ကိုရီးယားအပြင် အိန္ဒိယ၊ တရုတ်နဲ့ ဂျပန်တို့ အပါအဝင် အာရှနိုင်ငံ တချို့မှာ မိုးသည်းထန်မှုတွေနဲ့ ဆက်စပ်တဲ့ ရေကြီးမှု၊ မြေပြိုမှုတွေ ခံစားနေရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာဒီကနေ့ (ဇူလိုင် ၂၉) နံနက်အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်အချို့မှာအိမ်တွေထဲထိ ရေကြီး၊ ရေဝင်မှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံက ဆောက်လုပ်ဆဲ ရေအားလျှပ်စစ် စီမံကိန်း နေရာတစ်ခုမှာ မြေအောက် ဥမင်ပြိုကျမှု ဖြစ်ပွားပြီး ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပျောက်ဆုံးနေတဲ့ ရေတပ်သား တစ်ဦးကို ကူညီ ရှာဖွေပေးဖို့ တောင်ကိုရီးယားက မြောက်ကိုရီးယားဆီ ဆက်သွယ် အကူအညီ တောင်းခံထားကြောင်း သိရပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို တားဆီး တုံ့ပြန်နိုင်ဖို့အတွက် ဒရုန်းစစ်သည် ၅ သိန်းလောက်ကို လေ့ကျင့်ပေးသွားမယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။